ဖမ်းဆီးမိသူ ၅၃ ဦးထဲတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၄၁ ဦးနှင့် မြန်မာနိုင်ငံက၀င်ရောက်လာသူ ၁၂ ဦးပါဝင်သည်ဟု ဘင်္ဂလာရဲက ပြောသည်။
ဖမ်းဆီးခံရသူများ အထဲတွင် လူကုန်ကူးသူနှစ်ဦးနှင့် အမျိုးသမီးများ၊ ကလေးများပါဝင်သည်ဟု ဆိုသည်။
၎င်းတို့အား မြန်မာနယ်စပ် စိန့်မာတင်ခေါ် အုန်းကျွန်းတွင် စက်လှေတစ်စီးနှင့်အတူ ဘင်္ဂလာရေတပ်မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြသည်။
ယခုဖမ်းဆီးမှုသည့် ၂၀၁၄ ခုနှစ် အစပိုင်းတွင် အများဆုံး ဖမ်းဆီးမိခြင်းဖြစ်သည်။
ယခုအခါ သူတို့ အထဲမှ ၄၁ ဦးကို ဘင်္ဂလာရေတပ်မှ တက်ကနက်ရဲစခန်းသို့ လွဲပြောင်းပေးလိုက်ပြီ၊ မြန်မာနိုင်ငံမှ လာသူများကိုမူ မြန်မာဘက်သို့ ပြန်ပို့လိုက်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment