Thursday, July 17, 2014

ဘင်္ဂလားဒေ့ရှ်အခြေစိုက် ကုလားတန်သတင်းဌာနမှ ဘင်္ဂါလီများကို ရခိုင်မွတ်ဆလင်အဖြစ် သတ်မှတ်မည်ဟု လုပ်ကြံရေးသား


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့မှ “ရိုဟင်ဂျာများကို ရခိုင်မွတ်ဆလင်အဖြစ် သတ်မှတ်မည်ဟု အာဏာပိုင်များက” ပြောဆိုခဲ့ကြောင်း ဇူလိုင်(၁၆)ရက်နေ့တွင်ကုလားတန်သတင်းဌာနက ရေးသားချက်မှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းပြောဆိုခဲ့သည်။

“ရိုဟင်ဂျာဆိုတာမရှိဘူး ရခိုင်မွတ်ဆလင်ဆိုတာလည်း ရခိုင်မှာ လုံးဝမရှိဘူး။ ဘယ်ဝန်ကြီး ဘယ်ပြည်ထောင်စု ၀န်ကြီးကမှလည်း မပြောခဲ့ဘူး။ မှားနေတယ် လုံးဝမဟုတ်ဘူး။ရိုဟင်ဂျာလို့လည်း မသုံးနှုန်းဘူး။ရခိုင်မွတ်ဆလင် ဆိုပြီးတော့လည်း မရှိဘူး။ သုံးလည်း မသုံးနှုန်းဘူး။ အဲ့ဒါဟိုးအရင်တုန်းက ရခိုင်မွတ်ဆလင် ရခိုင်မွတ်ဆလင်နဲ့ ရခိုင်မှာ မွတ်ဆလင်ဆိုတာမရှိဘူး။ ရခိုင်တိုင်းရင်းသားအားလုံးသည် ဗုဒ္ဓဘာသာတွေပဲဖြစ်တယ်။”ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက်သည်ဟု ရေးသားဖော်ပြထားသည့် ကုလားတန်သတင်းဌာန၏ ဖော်ပြချက်သည် အကြောင်းရှိ၍ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်နိုင်သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက သုံးသပ်ပြောဆိုသည်။

“ဒါသက်သက်လိုလားတဲ့လူက story တစ်ခုလုပ်တာပါပဲ။ ကျွန်မလက်လှမ်းမီသလောက်ဆိုရင် ရိုဟင်ဂျာ ဆိုတာ မြန်မာတိုင်းရင်းသား ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ ဘင်္ဂါလီဆိုရင်တော့ အရင်တုန်းက အထောက်အထားတွေ ရှိခဲ့ဖူးတယ်ပေါ့နော်။ ဒီလောက်ပါပဲ အဲ့လိုအနေအထားမျိုးတော့ ရှိပါတယ်။” ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်သီတာတင်က ပြောသည်။

ကုလားတန်းသတင်းဌာနက ဇူလိုင်(၁၅)ရက်နေ့တွင် ရေးသားဖော်ပြသည့် သတင်း၌ “ပြည်ထောင်စုဝန်ကြီးများ နှင့် စစ်တွေမြို့ပေါ်ရှိ ရိုဟင်ဂျာ ရပ်မိရပ်ဖ လူကြီးတို့ စစ်တွေမြို့ ဗန္ဓုလခန်းမ၌ ဇူလိုင်(၁၃)ရက်နေ့တွေ့ဆုံ ဆွေးနွေးရာတွင် ရိုဟင်ဂျာများအား ရခိုင်မွတ်ဆလင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသွားခဲ့သည်ဟု ယင်းတွေ့ဆုံပွဲ တက်ရောက်သူများ၏ ထွက်ဆိုချက်အရ သိရသည်။”ဟု ရေးသားချက်များကို အင်တာနက်၌ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၌ ဘင်္ဂလီလူမျိုးများကို နေထိုင်ခွင့်ပေးခဲ့သော်လည်း ၄င်းတို့သည် မြန်မာတိုင်းရင်းသားများ မဟုတ်ကြောင်း၊ ဘင်္ဂါလီများအနေဖြင့်လည်း လက်ရှိအချိန်တွင် သန်းခေါင်စာရင်းကောက်ယူမှုကို လက်မခံ ကြကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းပေးရန် စာရင်းကောက်သော်လည်း လက်မခံကြောင်း သို့သော် နိုင်ငံတကာ သတင်းမီဒီယာတချို့ကလည်း ၄င်းတို့အား ဥပဒေကို လေးစားလိုက်နာရန် ထုတ်လွှင့်ပေးတာမျိုး မရှိခဲ့ဖူးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
(သတင်းအရင်းအမြစ်- Opposite Eye)

No comments: