Thursday, July 17, 2014

ဘင်္ဂါလီများအား လယ်မြေလုပ်ကိုင်ခွင့်ပေးထားခြင်းကို ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြမည်


ရခိုင်ပြည်နယ် နာဂရားကျေး ရွာအုပ်စုမှ လယ်မြေ ၃၆ ဧကအား သက်ဆိုင်ရာအမြောက်တပ်မှ ပြန်လည် ပေးအပ်ခဲ့သော်လည်း သက်ဆိုင်ရာ က ဘင်္ဂါလီများထံမှ ကျပ် ၅ဝဝဝဝ ဖြင့် လုပ်ကိုင်ခွင့်ပေးထားသည်ကို ပြည် နယ်ဝန်ကြီးချုပ်ထံတင်ပြမည်ဟု ဒေသခံများထံမှ သိရသည်။
အမှတ်(၃၇၄) အမြောက်တပ် ရင်းက လယ်မြေ ၃၆ ဧကအား မူလပိုင် ရှင်လယ်သမားများထံသို့ ၂ဝ၁၄ ခုနှစ် မေ ၃ဝ ရက်တွင် မြို့နယ်တာဝန်ရှိသူ များအား လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
''ရခိုင်လယ်သမားတွေ ဘင်္ဂါလီ တွေနဲ့ ထိပ်တိုက်တွေ့လို့ ပြဿနာဖြစ် ရင် ရခိုင်ပြည်အနှံ့ကူးစက်ပြီး ပြဿနာ တွေကြီးကျယ်လာနိုင်တယ်။ ဒီအချိန် ကထိလွယ်ခိုက်လွယ်ဖြစ်နေတဲ့ကာလပါ။ ဘင်္ဂါလီတွေ လယ်လုပ်ကိုင်နေ တုန်း ဘာမှမဟန့်တားဘဲ အခုလို ပြဿနာတွေရှုပ်လာတော့မှ 'စားကျက် မြေတွေဘယ်သူမှ မလုပ်နဲ့တော့' ဆို တော့ မူလပိုင်ရှင်တွေ မိုးတွင်းအချိန်မီ စပါးမစိုက်ပျိုးနိုင်ရင် စားဝတ်နေရေး ခက်ခဲတော့မယ်။ မတရားလုပ်ထားတဲ့ ကိစ္စတချို့ရှိနိုင်တယ်။ ဒါကြောင့် ရခိုင် ပြည်နယ် မင်းကြီးမင်းချစ်ဦး၊ ရခိုင်အမျိုး သားပါတီဗဟိုနဲ့ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးမောင်မောင်အုန်းတို့ကို တင်ပြ သွားမယ်''ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော် ကပြောသည်။
အဆိုပါ လယ်မြေများအား သက် ဆိုင်ရာက မူလပိုင်ရှင်များထံ မပေး အပ်ဘဲ သရက်အုပ်၊ နာဂရာပြင်ရွာများ နေ ဦးကျော်သိန်း၊ ရောဘီဘာလောင်၊ ဆီရာဇူအပါအဝင် ဘင်္ဂါလီရှစ်ဦးများ ထံမှ ငွေယူကာလုပ်ကိုင်ခွင့်ပြုထား သည်ဟု ဒေသခံများထံမှသိရသည်။
''ကျွန်တော့်တို့ လယ်ယာမြေတွေ မှာ ဘင်္ဂါလီတွေ လယ်တက်ထွန်နေ ကြလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ကို နှစ်ကြိမ်တိုင်တန်းထားပြီးပါပြီ။ အရေးယူဆောင်ရွက်မှုလုံးဝမရှိပါဘူး။ ဒီလိုဆိုရင် ရခိုင်တွေက ဘင်္ဂါလီတွေနဲ့ အပြိုင် လယ်ထွန်ရတော့မယ်။ ဒါဆို ဘင်္ဂါလီတွေနဲ့ ပြဿနာဖြစ်ရတော့ မယ်''ဟု မူလလယ်ပိုင်ရှင် ဦးမောင်ပျော့က ပြောသည်။
အဆိုပါမြေများသည် လယ်မြေ မဟုတ်ဘဲ စားကျက်မြေများသာ ဖြစ် ကြောင်း၊ စစ်တပ်မှလယ်သမားရှစ်ဦး အား လွှဲပြောင်းပေးသော်လည်း တစ်ဆင့်ချင်းဆီသာ လွှဲပြောင်းမှရမည်ဖြစ် သည်ဟု မင်းပြားမြို့နယ် မြေယာအ သုံးချရေးကော်မတီမှသိရသည်။
''စားစရာမရှိတဲ့ ဘင်္ဂါလီတွေက အဲဒီလို ပိုက်ဆံ ၅ဝဝဝဝ ဘယ်လိုပေး နိုင်မလဲ။ ကျွန်တော်တို့ဆီကပဲ လယ် ထွန်စက်တို့ ဓာတ်မြေသြဇာ၊ မျိုးစပါး တို့ ခါတိုင်းထောက်ပံ့ပေးနေရတာ။ ထင်ရာမြင်ရာလျှောက်ပြောနေကြတာ ပါ၊ စားကျက်မြေကို စားကျက်မြေအ တိုင်းပဲ ထားလို့တားထားပါတယ်'' ဟု မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြေယာ အသုံးချရေးကော်မတီ ဥက္ကဋ္ဌဦး အောင်နိုင်ကပြောသည်။
ယင်းမြေများကို ယခင်စစ်အစိုးရ လက်ထက်မှ သိမ်းယူထားခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Yangon Media Group၊ ဓာတ်ပုံ- အင်တာနက်)

No comments: