ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင် က ''အထွေထွေညီလာခံက ဘာလုပ်နိုင်လဲ။ ဘာမှမလုပ်နိုင် ဘူး။ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းခံထားရတုန်း ကလဲ လွှတ်ပေးဖို့ ညီလာခံကတောင်းဆိုတာ၊ ကြေညာချက် ထုတ်တာ ဒီလောက်ပဲလုပ်နိုင်ခဲ့တယ်''ဟု ပြောသည်။
ထို့အတူ အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်ကို လိုက် နာခြင်း၊ မလိုက်နာခြင်းသည် သက်ဆိုင်ရာအစိုးရပေါ်မှာ သာ မူတည်နေသည်။ နိုင်ငံတစ်ခု၏အရေးကိစ္စကို တခြား နိုင်ငံများက အထွေထွေညီလာခံတွင် တောင်းဆိုမှုပြုလုပ် ခြင်းဖြင့် အစွပ်စွဲခံရသည့်အစိုးရကို သိက္ခာကျအောင် လုပ် ဆောင်ခြင်းဟု ဆိုနိုင်သည်။
လူ့အခွင့်အရေးကျွမ်းကျင်သူ ကိုအောင်မျိုးမင်းက ''အ ထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်အထိ လိုက်နာမှုရှိလဲဆိုတာက သက်ဆိုင်ရာနိုင်ငံအစိုးရတွေအပေါ် မှာပဲမူတည်တယ်။ နိုင်ငံတစ်ခုမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ကိစ္စကို နိုင်ငံတကာက တောင်းဆိုလာတဲ့အချိန်မှာတော့ အ စိုးရသိက္ခာကျသလို နိုင်ငံတစ်ခုလုံးလဲ သိက္ခာကျပါတယ်''။
လူ့အခွင့်အရေးကျွမ်းကျင်သူ ကိုအောင်မျိုးမင်းက ''အ ထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်အထိ လိုက်နာမှုရှိလဲဆိုတာက သက်ဆိုင်ရာနိုင်ငံအစိုးရတွေအပေါ် မှာပဲမူတည်တယ်။ နိုင်ငံတစ်ခုမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ကိစ္စကို နိုင်ငံတကာက တောင်းဆိုလာတဲ့အချိန်မှာတော့ အ စိုးရသိက္ခာကျသလို နိုင်ငံတစ်ခုလုံးလဲ သိက္ခာကျပါတယ်''။
အချုပ်အခြာအာဏာကို ထိပါးတာလား
****************************
မြန်မာနိုင်ငံသည် ရေမြေသဘာဝအရ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်ငံတို့နှင့် နီးနီးကပ်ကပ် ထိစပ်နေ သည်။ ထို့ကြောင့် ယင်းနိုင်ငံများနှင့် ရှေးပဝေသဏီကာ လမှာပင် ကူးလူးသွားလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယ ဘက်အခြမ်းမှ ကူးလာသူများကို ကုလားလူမျိုးဟူ၍လည်း ကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့လာကြသည့် အင်္ဂလိပ် လူမျိုးများအား ကုလားဖြူဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ ကြသည့် သမိုင်းအထောက်အထားများရှိသည်။ အထူးသ ဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် မိုင်ပေါင်းများ စွာ ထိစပ်နေသဖြင့် ဟိုဘက်အခြမ်းမှ ဒီဘက်အခြမ်းသို့ လယ်ယာ ဝင်ရောက်လုပ်ကိုင်မှုများရှိခဲ့သည်။
****************************
မြန်မာနိုင်ငံသည် ရေမြေသဘာဝအရ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်ငံတို့နှင့် နီးနီးကပ်ကပ် ထိစပ်နေ သည်။ ထို့ကြောင့် ယင်းနိုင်ငံများနှင့် ရှေးပဝေသဏီကာ လမှာပင် ကူးလူးသွားလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယ ဘက်အခြမ်းမှ ကူးလာသူများကို ကုလားလူမျိုးဟူ၍လည်း ကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့လာကြသည့် အင်္ဂလိပ် လူမျိုးများအား ကုလားဖြူဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ ကြသည့် သမိုင်းအထောက်အထားများရှိသည်။ အထူးသ ဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် မိုင်ပေါင်းများ စွာ ထိစပ်နေသဖြင့် ဟိုဘက်အခြမ်းမှ ဒီဘက်အခြမ်းသို့ လယ်ယာ ဝင်ရောက်လုပ်ကိုင်မှုများရှိခဲ့သည်။
ထိုသို့ဘင်္ဂ လားဒေရှ့်မှ ဝင်ရောက်လာသူများကို ဘင်္ဂါလီများဟု ခေါ် ဆိုခဲ့ခြင်းဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်သူ့လွှတ်တော်တွင် တရားဝင် လာရောက်ဖြေကြား ရှင်း လင်းထားပြီးဖြစ်သည်။
၁၉၇၃ ခုနှစ် သန်းခေါင်းစာရင်း မှတ်တမ်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင် တိုင်းရင်း သားမဟုတ်သည့် နိုင်ငံခြားလူမျိုးများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီနှင့် နီပေါဟူ၍သာ ဖြည့်စွက်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး စာ ရင်းတွင် ရိုဟင်ဂျာဟူသော လူမျိုးကို ထည့်သွင်းထားခြင်း မရှိပါ။ ထို့ကြောင့် ယခု ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ သုံး နှုန်းနေသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသည့် နိုင်ငံခြား သား ဘင်္ဂါလီလူမျိုးများသာ ဆိုရမည်။ ထိုဘင်္ဂါလီလူမျိုး များကို ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းခေါ်ဆိုကြရန်နှင့် မြန်မာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အရေးဆို တောင်းဆိုလာခြင်းသည် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ကိစ္စတစ်ခု သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွန့်က ရှင်းပြသည်။
သူက ''ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ် သက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိတယ်။ ဒီဥပဒေတွေ ကို ဆန့်ကျင်ပြီး အခုလို အထွေထွေညီလာခံမှာ တင်တယ် ဆိုရင် ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါး တာပဲ။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် တွေက သန်းခေါင်စာရင်း မှတ်တမ်းတွေမှာ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံခြားသား လူမျိုးများစာရင်းကို တရားဝင် ထုတ်ပြန်ထားတာ ရှိတယ်။ အဲဒါက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးတွေပေါ့။ အဲဒီမှာ ရိုဟင် ဂျာဆိုတာ လုံးဝမပါဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့နိုင်ငံ က တရားဝင်သတ်မှတ်ထားတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးထဲ မှာလည်း ရိုဟင်ဂျာဆိုတာ မပါဘူး။ ကချင်လူမျိုးစုက ၁၁ ခု၊ ကယားလူမျိုးစုက ကိုးခု၊ ကရင်လူမျိုးစုက ၁၁ ခု၊ ချင်း လူမျိုးစုက ၅၃ ခု၊ ဗမာလူမျိုးစုက ကိုးခု၊ မွန်လူမျိုးစုက တစ်ခု၊ ရခိုင်လူမျိုးစုက ခုနစ်ခု၊ ရှမ်းလူမျိုးစု ၃၂ ခုဆိုပြီး အသီးသီးရှိပါတယ်။ အဲဒီ ရခိုင်လူမျိုးစုခုနစ်ခုကို ပြန်ကြည့် ရင် (ရခိုင်၊ ကမန်း၊ ခမွီး၊ ဒိုင်းနက်၊ မရနာကြီး၊ မြို၊ သက်)ဆိုပြီး ပါတယ်။ ရိုဟင်ဂျာဆိုတာ လုံးဝမပါဘူး။ ဒီလိုမပါ တဲ့ လူမျိုးကို တရားဝင် နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ EU ကပဲ တောင်းဆိုတောင်းဆို၊ အမေရိကန်ကပဲ ဖိအားပေးပေး၊ UN ကပဲ ဆုံးဖြတ်ချက် ချချ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါး တဲ့ကိစ္စဖြစ်တဲ့အတွက် အတိအလင်း ငြင်းပယ်ရမယ်''ဟု ပြောသည်။
ထိုရခိုင်လူမျိုးစုစာရင်းတွင် ပါဝင်သည့် ကမန်းလူမျိုး များသည် မူဆလင်ဘာသာကို ကိုးကွယ်ကြသူများ ဖြစ် သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် UN ကိုယ်စား လှယ်တော်ကြီးများ ပြောဆိုနေသော မြန်မာနိုင်ငံတွင် ဘာ သာရေးဖိနှိပ်မှု ပြုလုပ်နေသည်ဟူသည့် စွပ်စွဲချက်မှာ သံသ ယဖြစ်စရာ ကောင်းနေသည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ များတွင် မိမိ ယုံကြည် ကိုးကွယ်ရာဘာသာကို လွတ်လပ် စွာ ကိုးကွယ်ခွင့်ပြုကြောင်း အတိအလင်း ပြဋ္ဌာန်းခဲ့သည်။
ယခုကျင့်သုံးနေသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့် ဘာသာဝင်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့မှ စ၍ နိုင်ငံတွင်း ရှိ နေသည့် ကိုးကွယ်ရာဘာသာအဖြစ် သတ်မှတ်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းပါရှိသည်။
ထို့ပြင် ပုဒ်မ ၃၆၃ တွင် လည်း နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာ များကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟု ရေးသား ထားပြန်ရာ UN အဖွဲ့နှင့် အနောက်နိုင်ငံများ၏ မြန်မာ နိုင်ငံအပေါ် ပြောဆိုဝေဖန်မှုများသည် မျှတသည်ဟု လက် ခံရန် ခက်ခဲလှပါသည်။
ယခုရက်ပိုင်းတွင် ထွက်ရှိလာသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဟားဗတ်အစီရင်ခံစာနှင့် EU Draft Resolution ဆုံးဖြတ်ချက်မူကြမ်းများသည် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် အချိန်ကိုက် ဖြစ်နေသည်မှာ မြန်မာပြည်သူများအတွက် စဉ်းစားစရာကောင်းနေသည်။ ယခင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစားများကဲ့သို့ပင် ယခု အစီရင်ခံစာတွင်လည်း ဘက်လိုက်မှုများ ရှိနေသဖြင့် သက် ဆိုင်ရာ အဖွဲ့အစည်းများကို ကန့်ကွက်ကြောင်း မစိုးရိမ် ဆရာတော် ဦးဝီရသူက မိန့်ကြားခဲ့သည်။
''အနောက်အုပ်စုက သတင်းထုတ်ပြန်တဲ့ အခါမှာ ဘက်လိုက်ပြီး ထုတ်ပြန်မှုတွေ အမြဲလုပ်ခဲ့တယ်။ ကိုယ့် နိုင်ငံသားတွေရဲ့ အရေးကို နိုင်ငံတကာက ဆုံးဖြတ်ခွင့် မရှိဘူး။ အဲဒီအဖွဲ့တွေက မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီ အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်ဆိုရင် အဲဒီဘင်္ဂါလီ တစ် သိန်းလောက်ကို သူတို့နိုင်ငံသို့ ခေါ်သွားသင့်တယ်။ အဲဒီ လိုလုပ်ရဲရင် မြန်မာပြည်သူလူထုက သူတို့ ကုလသမဂ္ဂ အဖွဲ့ကို ကမ္ဘာတည်သရွေ့ ချစ်သွားကြမှာပါ''ဟု မိန့်ကြား ခဲ့သည်။
မည်သို့ပင်ဆိုစေ လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာပြည်အရေး ဆွေးနွေးကြသောအခါ ဘင်္ဂါလီကိစ္စသည် ထိပ်ဆုံးက ပါဝင်လာတော့မည်။ သို့ သော် အထွေထွေညီလာခံသည် ကမ္ဘာ့အရေးအရာများကို မည်မျှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါသနည်း။ ကုလသမဂ္ဂ၏ ဖွဲ့စည်းပုံအရ အထွေထွေညီလာခံသည် အဖွဲ့ဝင်နိုင်ငံတိုင်း တက်ရောက်ခွင့်ရှိသည့် အစည်းအ ဝေးတစ်ခုဖြစ်ပြီး ကမ္ဘာ့အရေးအခင်းများကို ကိုင်တွယ် ဖြေရှင်းရန် လုံခြုံရေးကောင်စီကဲ့သို့ အခွင့်အာဏာရှိသည့် အဖွဲ့အစည်း တစ်ခုမဟုတ်ပေ။ ထို့ကြောင့် အထွေထွေညီ လာခံသည် အဖွဲ့ဝင်နိုင်ငံတချို့မှ တင်လာသော ဆုံးဖြတ် ချက်မူကြမ်းများကို နိုင်ငံရေးအရ အသံထွက်အောင် ဝိုင်း ဝန်းဟစ်အော်ပေးသော အဖွဲ့အစည်းအဆင့်သာ ရှိသည်။
တရားလွှတ်တော်ရှေ့နေလည်းဖြစ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည့် ဦးသိန်းညွန့် က ''အခု ဘင်္ဂါလီကိစ္စကို ကုလသမဂ္ဂမှာ တင်သွင်းလာရင် မြန်မာနိုင်ငံကို ဖိအားတစ်ခု ရလာမယ်ဆိုတဲ့ သဘောပဲ ရှိတယ်။ ကုလသမဂ္ဂမှာ Action ယူနိုင်တာက လုံခြုံရေး ကောင်စီအဖွဲ့တစ်ခုပဲ ရှိတယ်။ အထွေထွေညီလာခံက နိုင်ငံ ရေးအရ ဘာညာပြောတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲရှိတာ။ လုံခြုံ ရေးကောင်စီလို အရေးယူဆောင်ရွက်နိုင်တာမှ မဟုတ် တာ။ ပြည်တွင်းမှာ အစ္စလာမ်ဘာသာကို ဖိနှိပ်နေတာတို့၊ လူနည်းစုကို ဖိနှိပ်နေတာတို့စတဲ့ သူတို့လိုချင်တဲ့ နိုင်ငံရေး အသံတွေကို ဖော်ပြနိုင်တဲ့ အဆင့်ပဲရှိပါတယ်။ ဒီအထွေ ထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့အတွက် အ သွားထက်တဲ့ ဓား မဟုတ်ပါဘူး''ဟု ပြောပြသည်။
ကုလသမဂ္ဂမှာရော အာဆီယံအဖွဲ့ကြီးမှာပါ ရိုဟင် ဂျာ Issue ကို ပြောဆိုခဲ့ကြသည်မှာ အချိန်ကာလကြာပြီ ဖြစ်သည်။ အာဆီယံနိုင်ငံတချို့က ရိုဟင်ဂျာအရေးသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း လုံခြုံရေးကိုပါ ထိခိုက်နေသည်ဟူ၍ ပြောဆိုသည်အထိ လေသံပစ်ခဲ့ကြ သည်။ ပြီးခဲ့သောနှစ် ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးစုတို့အကြား ပဋိပက္ခဖြစ် ပွားပြီးချိန်တွင် UN အပါအဝင် လူသားချင်းစာနာမှု ခေါင်း စဉ်ဖြင့် ပြည်ပ INGO များစွာ ရခိုင်ပြည်နယ်တွင် ဝင် ရောက်လာခဲ့ကြသည်။ အမှန်စင်စစ် ရခိုင်ပဋိပက္ခကို စတင် မီးမွှေးသူများထဲတွင် ကုလသမဂ္ဂအဖွဲ့မှ ယင်းဒေသတွင် သွားရောက် တာဝန်ထမ်းဆောင်နေသူများပါ ပါဝင်ပတ် သက်နေသည်ဟူသော သက်သေအထောက်အထားများ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ပဋိပက္ခနောက်ပိုင်း ဒုက္ခသည် များကို အကူအညီပေးရာတွင် ရခိုင်လူမျိုးများထက် ဘင်္ဂါလီ များကို ပို၍ ဘက်လိုက်ထောက်ပံ့ ကူညီနေသည်ဟူသော အသံများလည်း ဆူဆူညံညံ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားတို့သည် UN အပါအဝင် ပြည်ပ INGO များကို ယုံကြည်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင် က ''လူသားအချင်းချင်းမို့ လူသားချင်း စာနာမှုအကူအညီ များ ပေးအပ်တာကို လက်ခံနိုင်စရာရှိပေမယ့် သူတို့အား လုံးကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ကတော့ မဖြစ် နိုင်ဘူး။ ကျွန်တော်တို့မှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ရှိတယ်။ အဲဒီဥပဒေမှာ ၁၈၂၄ ခုနှစ်မတိုင်ခင် သမိုင်းအ စဉ်အလာအရ တည်တည်တံ့တံ့ ခိုင်ခိုင်မာမာ နေထိုင်ခဲ့ တဲ့လူတွေကိုပဲ နိုင်ငံသား ဖြစ်ခွင့်ပေးရမယ်။ ဒါကို ကိုယ့် သဘောနဲ့ကိုယ် နိုင်ငံသားပေးပါလို့တော့ လာပြောလို့ မရ ဘူး။ ပြီးတော့ တိုင်းရင်းသားဖြစ်ဖို့ ကြိုးစားတာကိုလဲ လက်ခံ လို့မရဘူး။ ဒါကို ကုလသမဂ္ဂမှာ ဘာပဲပြောပြော သူတို့ ဘာသာ သူတို့ ဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်တို့က လုံးဝလက်မခံဘူး''ဟု UN နှင့် EU အဖွဲ့တို့မှ တင်သွင်း သော မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်မူကြမ်း (Draft Resolution)ကို လက်မခံနိုင်ကြောင်း ပြတ်ပြတ် သားသား ငြင်းဆိုခဲ့သည်။
(သတင်းအရင်းအမြစ်- Yangon Media Group)
No comments:
Post a Comment