Tuesday, February 3, 2015

အဖြူရောင်ကဒ်ကိုင်ဆောင်သူများအားမဲပေးခွင့်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ သဘောထားကြေငြာချက် ထုတ်ပြန်

 
အဖြူရောင်ကဒ်ကိုင်ဆောင်သူများအားမဲပေးခွင့်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ခံယူပွဲတွင် အဖြူရောင်ကဒ် ကိုင်ဆောင်သူများအား မဲပေးခွင့်ကို ၂၀၁၅၊ ဖေဖေါ်ဝါရီလ (၂)ရက် နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။
၂။ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲ တစ်ပွဲအနိုင်ရရှိ ရေးကိုသာ ရှေ့ရှုလုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမားအမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများ အရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်သည်။
၃။ ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမားအမည်ခံများကသော်လည်းကောင်း၊ လက်ရှိလွှတ်တော် အသီးသီးက သော်လည်းကောင်း မည်သို့ပင်ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီအနေဖြင့် အဖြူကဒ် ကိုင်ဆောင် သော ခိုးဝင်ဘင်္ဂါလီများ မဲပေးခွင့်မရရှိရေးနှင့် ပတ်သက်၍ မလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်သွား မည်။
၎။ ရခိုင်အမျိုးသားတစ်ရပ်လုံးအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူအပေါင်း တို့ အနေဖြင့်လည်း ဤအရေးတွင် လက်တွဲ၍တိုက်ပွဲဝင်ကြပါရန် ရခိုင်အမျိုးသားပါတီက နှိုးဆော်အပ်ပါသည်။
မှတ်ချက်။ ။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကာ အဖြူကဒ်ကိုင်ဆောင်သူများမဲပေးခွင့်မရရှိရေးအတွက် ကန့်ကွက်မဲ ပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအား ရခိုင်အမျိုးသားပါတီက ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ရခိုင်အမျိုးသားပါတီ
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: