ရခိုင်ပြည် ပေါက်တော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့တွင် အုပ်ချုပ်မှုပိုင်းဆိုင်ရာအတွက် အရပ်သား အရံကော်မတီဝင်များ ဖွဲ့စည်းရာ၌ သတ်မှထားသော စည်းကမ်းနှင့်မညီဘဲ ကြံ့ဖွံ့ပါတီဝင်များကိုသာ ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
ပေါက်တောမြို့ပေါက်တောမြို့ပေါက်တောမြို့ အုပ်ချုပ်မှုပိုင်းဆိုင်ရာအတွက် အရပ်သားအရံကော်မတီဝင်များဖွဲ့စည်းရန် အထက်မှညွှန်ကြားလာသဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူ ဦးစိုင်းမောင်လူနှင့် စည်းပင်သာယာရေး ဦးစီးမှူး ဦးသာအေးတို့မှ ယခင်နှစ်က ဖွဲ့စည်းထားသူများကို ဘေးဖယ်ထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များကိုရွေးချယ် ခန့်အပ်ထားကြောင်း သိရသည်။
" ကော်မတီ ရွေးချယ်ရာမှာတော့ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားတာတွေ ရှိပါတယ်။ စည်ပင်သာယာရေး ဝန်ကြီးဌာနရဲ့ စည်မျဉ်းအရ အခန်း(၄) ကော်မတီဖွဲ့စည်းရာတွင် အပိုဒ် (၅) ပိုဒ်ခွဲ (င)တွင် ကော်မတီဝင် ရွေးချယ်ခံရသူက သက်ဆိုင်ရာမြို့ နယ်နမိတ်အတွင်း တဆက်တည်းမှာ အနည်းဆုံး(၅)နှစ် နေထိုင်သူဖြစ်ရမယ်။ အပိုဒ် (၅) အပိုဒ်ခွဲ (ည)တွင် နိုင်ငံရေးပါတီဝင်ဖြစ်ပါက ကော်မတီဝင် တာဝန်ထမ်းဆောင်သည့်နေ့မှစပြီး ပါတီလုပ်ငန်းတာဝန်များတွင် ပါဝင်ဆောင်ရွက်ခွင့်မပြုရဘူးလို့ သတ်မှတ်ထားတာရှိပါတယ်။ " ဟု အမည်မဖော်လိုသည့် ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ယခု ကော်မတီဖွဲ့စည်းရာတွင် ပေါက်တောမြို့မှ ပုံစံ (၁၀) ဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့သွားသော ဦးမောင်ထွန်းမြဆိုသူမှာ ပါဝင်လုပ်ကိုင်နေကြောင်း ၄င်းကဆိုသည်။
" တခြားပါတီဝင်များလည်း ပါဝင်မှုရှိပါတယ်။ ဦးမောင်ထွန်းမြကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းမောင်လူကို ချဉ်းကပ်ပြီး မြို့ပေါ်အုပ်ချုပ်ရေးတွင် ပါဝင်ချယ်လှယ်နေသူ တယောက်ဖြစ်ပါတယ်။ အဲဒီသူက ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်း ပေါက်တောမြို့ အမှတ်(၁)မဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော် အမတ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။ " ဟု ပြောသည်။
ယခုအခါ အစိုးရသစ်တက်လာပြီး နိုင်ငံတော်အတွက် ကောင်းမွန်သောအစိုးရတစ်ရပ်ဖြစ်အောင် ပြုလုပ်မည်ဟု သမ္မတကပြောကြားပြီးနောက် ထို့သို့ ဘက်လိုက်မှုရှိနေခြင်းကို စီစစ်ဆောင်ရွက်ပေးပါရန် မြို့သူမြို့သားများနှင့် ယင်ခင်နှစ်က ဖွဲ့စည်းခဲ့သူများက တောင်းဆိုကြကြောင်း သိရသည်။