ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင် ဒေသများအတွင်း ကျွဲ ၊နွားတိရစ္ဆာန်များအတွက် စားကျက်မြေ
ရှားပါးလာခြင်းကြောင့် တောင်သူတစ်ချို့မှာ ကျွဲ၊ နွားတိရစ္ဆာန်များကို
ဆက်လက်မွေးမြူရန် ခက်ခဲလျက်ရှိသည်ဟု ဒေသခံများ ထံက သိရသည်။
အဆိုပါ
ဒေသများတွင် ကျွဲ ၊ နွားများကို မြေယာလုပ်ငန်းများ အတွက် မွေးမြူကြပြီး
တောင်သူများအနေဖြင့် မိမိပိုင်ဆိုင်သည့် လယ်မြေဧကအပေါ်မူတည်၍ အနည်းဆုံး
ကောင်ရေ (၅) ကောင်မှ အများဆုံး ကောင်ရေ(၂၅) ကောင်ခန့် မွေးမြူ ကြကြောင်း
တောင်သူအချို့ထံမှ သိရှိရသည်။
စားကျက်များကို
ဦးပိုင်ဂရမ်အမည်ပေါက် ရရှိအောင်ဆောင်ရွက်လာခြင်း၊
သီးနှံစိုက်ပျိုးမြေများ ဖေါ်ထုတ်လုပ်ကိုင်လာခြင်း များနှင့် ၊
ကျေးလက်လူနေ ပတ်ဝန်းကျင်များ ပြောင်းလဲလာခြင်းများကြောင့် စားကျက်များမှာ တစ်နှစ်ထက် တစ်နှစ် ရှားပါးပျောက်ကွယ်လာခြင်းဖြစ်ကြောင်း သိရသည်။
“
ကျွန်တော်တို့ မောင်တောကျေးလက် ဒေသလယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ခြုံပြီး
ကြည့်ရင် ဒေသခံတောင်သူတွေက ကျွဲ။ နွားမမွေးနိုင် ၊ လယ်ယာမြေမလုပ်နိုင်သူတွေ
ချည်းပဲ။ ဘယ်လိုအခြေအနေမျိုးနှင့် လုပ်ကိုင်နိုင်ကြမှာလဲဗျာ။ ပျောက်ကွယ်
လာတာမှာ ဒေသခံတွေကအနာဂတ် ရည်ရည်အတွက် ထည့်တွက်စဉ်းစားမှု အားနည်းခဲ့တယ်။
စားကျက်မရှိလို့ ဆိုပြီး သူတို့တွေရဲ့ကျွဲ၊ နွားတွေနဲ့
လယ်ယာစိုက်ပျိုးမြေတွေကို မစဉ်းစား မဆင်ခြင် ရောင်းချလာကြတာ။
စားကျက်မရှိလို့ ကျွဲ ၊ နွားတိရစ္ဆာန်တွေကိုရောင်းချတာထက် လယ်ယာမြေတွေကို ရောင်းချတာက ပိုဆိုးသွားတာပေါ့“ ဟု မောင်တောဒေသ မှ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
စားကျက်မြေရှားပါးလာရခြင်းမှာလည်း မြေများရောင်းစားခြင်း ၊ စိုက်ပျိုးမြေချဲ့ထွင်လာခြင်းကြောင့် တာင်သူတစ်ဦးက ဆိုသည်။
”
ဒီမှာတော့ စားကျက်ရှားလာတဲ့ ပြဿနာကြောင့် တောင်သူတွေမှာ
ကျွဲ။နွားတိရစ္ဆာန်များကိုအကောင်ရေလျော့ချ မွေးမြူ လာတာတို့ ၊
တချို့တောင်သူတွေမှာ လုံးဝစွန့်လွတ်လာတာတို့ ထိရှိလာပါတယ်။ အရင်အထက်ထက်က
ပိုင်ရှင်မဲ့ စားကျက်တွေမှာ ပိုင်ရှင်တွေပေါ်လာတာ ကတစ်မျိုး၊ စိုက်ပျိုးမြေနှင့် ကျေးလက်ချဲ့ထွင်လာတာက တစ်ဖုံနဲ့ရှေ့ဆက် ကျွဲ ၊နွားမွေးလို့ ဘယ်လိုအဆင်ပြေမှာလဲ“ဟု ဘူးသီးတောင် မြို့နယ် မြောက်ပိုင်းရှိ တောင်ကြီးရင်းကျေးရွာနေ ဦးသာကျော်ဦး က ပြောသည်။
မောင်တော၊
ဘူးသီးတောင်ဒေသများတွင် လွန်ခဲ့သည့် နှစ်ပေါင်း(၂၀)ကျော်က ကျွဲ ၊
နွားတိရစ္ဆာန်များကို လွတ်ကျောင်းစနစ်ဖြင့် မွေးမြူခဲ့ပြီး ယခုထိန်းကျောင်း
စနစ်သို့ ပြောင်းလဲမွေးမြူလာကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- မြစ်မခမီဒီယာမှ အာရကန်ကိုကို(မောင်တော))
No comments:
Post a Comment