Friday, March 8, 2013

ဘင်္ဂလီများအား အိမ်ဆောက်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ ဒေသခံများ ဆန္ဒထုတ်ဖော်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကိုသာ ပြန်လည်နေရာ ချထားသင့်ကြောင်းဆို

ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဘင်္ဂလီများအား အိမ်ဆောက်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မြို့တို့တွင် ဒေသခံများ မတ်လ ၇ ရက်နေ့က ဆန္ဒထုတ်ဖော် ပြသခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများအား ပြန်လည်နေရာချထားရေးအတွက် အိမ်များဆောက်ပေးမည်ဆိုပါက ၁၉၈၂ ခု နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှ နိုင်ငံသားဖြစ်ခွင့်ရှိသူများကိုသာ အိမ်ရာများ တည်ဆောက်ပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ခိုင်ပြည်စိုးက ဆိုသည်။
" ရခိုင်ပြည်နယ်မှာ အိမ်အလုံး ၅၀၀၀ ခန့်ဆောက်ပေးဖို့ဆိုပြီးတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က အစီအစဉ်ဆွဲထားတာရှိပါတယ်။ ရခိုင်ပြည်မှာ တိုင်းရင်းသား ပြည်သူတွေက အိမ်အလုံးပေါင်း ၅၀၀၀ခန့် ဆောက်ပေးဖို့ဆိုတာဟာ ဘယ်သူတွေကို ဆောက်ပေးမှာလဲ။ ရခိုင်တွေအားလုံးက တောင်းဆိုထားတာက ၁၉၈၂ ခုနှစ် ဥပဒေနဲ့ စစ်ဆေးပေးရမယ်။ အဲဒီလို စစ်ဆေးပြီးမှ အိမ်ဆောက်ပေးမှုလုပ်ရမယ်။ နိုင်ငံသား ဖြစ်တဲ့သူတွေကို နိုင်ငံသားအခွင့်အရေးပေးရမယ်။ ဒါက ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒတစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံတော် သမ္မတ ကတိပေးထားတဲ့ သဘောကို ပြည်သူတွေက ထောက်ခံပြီးတော့ တောင်းဆိုတာဖြစ်တယ်။ " ဟု ခိုင်ပြည်စိုးက ပြောသည်။
ဘင်္ဂလီများအတွက် အိမ်များကို အခိုင်အမာဆောက်ပေးလိုက်မည်ဆိုက အလိုလျှောက် နိုင်ငံသားဖြစ်ခွင့်ပေးသလိုမျိုး ဖြစ်သွားမည်ဖြစ်ပြီး ဘင်္ဂလီများ ရခိုင်ပြည်မှာ အတည်တကျ နေထိုင်ခွင့် ရရှိသွားခဲ့လျှင်နောက် တချိန်တွင် ရခိုင်ပြည်တွင်းရှိ လူ့အဖွဲ့အစည်းကြားတွသ် ပြဿနာများ ပိုမိုကြီးထွားလာနိုင်ကြောင်း သူကဆက်ပြောသည်။
ဘင်္ဂလီများအား ဆောက်ပေးမည့် အိမ်တစ်လုံးလျှင် ကျပ်ငွေ (၂၃)သိန်းကျော် တန်ဖိုးကျသင့်သည့် (အမြဲနေ)လုံးချင်းနေအိမ် အလုံးပေါင်း (၄၉၅၉) လုံး အား မိုးမကျမီ ဆောက်လုပ်နိုင်ရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီများအား နေပြည်တော်သို့ မကြာမီက ခေါ်ယူဆွေးနွေးခဲ့ပြီး ဆောက်လုပ်ရေးအတွက် စစ်တွေအခြေစိုက် ဆောက်လုပ်ရေးအဖွဲ့ (၂၇) ကို ဦးဆောင်သူဆယ်ဦးက တစ်စုတစ်စည်းတည်း ကိုယ်စားပြုကာ နေပြည်တော်သို့ သွားရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တူရကီနိုင်ငံမှ အကူအညီဖြင့် ရခိုင်ပြည်နယ် မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ ပေါက်တော၊ ရမ်းဗြဲ မြို့နယ်တို့ရှိ ပဋိပက္ခဖြစ်ပေါ်ခဲ့သော ဘင်္ဂါလီများ၏ မူလနေရာများ တွင် ဘင်္ဂလီများအား နိုင်ငံသားဖြစ်သည်၊ မဖြစ်သည်ကို မစီစစ်ဘဲ နိုင်ငံခြား ရံပုံငွေဖြင့် အိမ်များ ဆောက်ပေးရန်ပြင်ဆင်နေခြင်းနှင့် ပြန်လည်နေရာချထားပေးရန်အတွက် အိမ်းခြေ ၅၀၀၀ခန့် ဆောက်ပေးရန် စီစဉ်နေခြင်း၊ ဘင်္ဂလီအရေးကိစ္စတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်နေမှု အား ကန့်ကွက်သည့်အနေဖြင့် ရခိုင်လူမှုကွန်ရက် (စစ်တွေ) မှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လူထု ဆန္ဒထုတ်ဖော်ရာ၌ စစ်တွေမြို့တွင် လူထု အင်အား စုစုပေါင်း ၃၀၀၀ ခန့်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့များတွင်လည်း အင်အား ၁၀၀၀ ကျော်ခန့်စီဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများ၊ ရဟန်းသံဃာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်ရာတွင် အချက် (၆) ချက် တောင်းဆိုခဲ့ကြပြီး (၁)ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကိုလေးစားပါ။(၂)ဒေသခံ တိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ပါနှင့်၊(၃)နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားအခွင့်အရေး မပေးပါနှင့်၊(၄)၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို အမြန်ဆုံး(အမြန်ဆုံး) အကောင်အထည်ဖော်ပေးပါ။ (၅)တရားမ၀င်နေထိုင်သူများအား ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးပါ။(၆)ဘင်္ဂလီအရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုရှိပါစေတို့ ပါဝင်ကြောင်း သိရသည်။
စစ်တွေမြို့ ဆန္ဒထုတ်ဖော်ရာတွင် ၁။ ရခိုင်ပြည် - ရခိုင်ပြည် ရခိုင်သားတို့ ဇာတိပြည် ၂။ အနောက်တံခါး -စောင့်ရှောက်ထား ၃။ အမျိုးဘာသာ- စောင့်ရှောက်ထား (၄) အနောက်တံခါး -ပေါက်သွားရင် - အမျိုးဘာသာ -ပျောက်လိမ်မယ် (၅) အမျိုးဘာသာ -စောင့်ထိမ်းထား ရခိုင်သားကို - အားနာပါ (၆) ပြည်ကုလား - အားကိုးလုပ် ရခိုင်ပြည်နယ်မှာ - လာမရှုပ်နဲ့ (၇) NGO ကို - ခေါင်းစဉ်လုပ် ရခိုင်ပြည်နယ်-လာမရှုပ်နဲ့ (၈) ကြက်ခြေနီကို -ခေါင်းစဉ်လုပ် ရခိုင်ပြည် ----- လာမရှုပ်နဲ့ (၉) ကုလားဆိုးအတွက် -အိမ်ဆောက်သူ ဒို့ရန်သူ - ဒို့ရန်သူ (၁၀) ကုလားဆိုးအတွက် - အိမ်ယာဆောက် သစ္စဖောက် -သစ္စာဖောက် (၁၁) ကုလားဆိုးနဲ့ - စီးပွါးရှာ စံရဖွေလို့ သစ္စာဖောက်မျိုး (၁၂) ၈၂ ဥပဒေ အတိုင်း နိုင်ငံသားကို စီစစ်ပါ (၁၃) ပြည်နယ်အစိုးရ သွေးမပျက်နဲ့ ပြည့်သူစကားနားထောင်ပါ (၁၄) ပြည်ထောင်စု အစိုးရ လမ်းမှားမရွေးနဲ့ (၁၅) ရခိုင်ပြည်ကြီး တည့်တည်ရေး ဒို့အရေး (၁၆) အမျိုးဘာသာ တည့်တံ့ရေး ဒို့အရေး (၁၇) ပြည်ထောင်စုကြိး ငြိမ်းချမ်းရေး ဒို့အရေး တိုဖြင့်လည်း ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes by ဇင်ကီး)

No comments: