ရခိုင်အရေးအခင်း အတွင်း မွတ်ဆလင်များအား အစုလိုက်
အပြုံလိုက်သတ်ဖြတ်နေပါသည်ဟု ခေါင်းစဉ် တပ်ကာ ဓါတ်ပုံများဖြင့် နိုင်ငံတကာ
အစ္စလာမ်ဘာသာဝင်များ အကြား သတင်း ထုတ်လွှင် ခဲ့မူများမှာ မှန်ကန်မူ
မရှိကြောင်း ယနေ့ထုတ် The Daily star သတင်းစာက ဓါတ်ပုံများနှင့် တကွ
စာမျက်နာပြည့် ဖေါ်ပြကာ ဖွင့်ချလိုက်သည်။
သတင်းစာ၏ စာမျက်နာ ၅ တစ်ခုလုံးတွင် အဆိုပါ ဓါတ်ပုံ အလိမ်များကို ဝေေ၀ဆာဆာ ဖေါ်ပြပြီး ဓါတ်ပုံများ ပေါ်တွင်လည်း အင်္ဂလိပ်လို “ Lie” အလိမ် နှင့် “ Truth” အမှန်ဟု ရေးသားကာ အလိမ် ဓါတ်ပုံနှင့် အမှန် ဓါတ်ပုံများကို ယှဉ်တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။
တိဗက် ဘုန်းတော်ကြီးများ ငလျင်ကြောင့် သေဆုံးသွားသူများကို သဂြိင်္ုလ်ရန် စီစဉ် နေသည့် ပုံကို အမှန်“ Truth” ဟု ဓါတ်ပုံပေါ်တွင် စာလုံးကြီးများဖြင့် ဖေါ်ပြပြီး အဆိုပါ ဓါတ်ပုံပေါ်တွင် “ Stop killing Muslims in Burma” မြန်မာနိုင်ငံတွင် မွတ်ဆလင်များကို သတ်ဖြတ်မူ ရပ်တန့်ပါဟု ရေးထိုးထားသော ဓါတ်ပုံပေါ်တွင် အလိမ် “ Lie” ဟု ရေးသားကာ သတင်းစာက ဖေါ်ပြခဲ့သည်။
၎င်းပြင် တိဗက် လူငယ် တစ်ဦး အိန္ဒိယ ပါလီမန်ရှေ့တွင် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က မိမိကိုယ်ကို မီးရှို့ သတ်သေနေသည့်ပုံကို ရိုဟင်ဂျာ လူငယ် တစ်ဦးကို မြန်မာတွေ သတ်နေပါသည်ဟု သတင်းအလိမ် တင်ထားမူကိုလည်း သတင်းဓါတ်ပုံ အလိမ်နှင့် အမှန်ဟုဆိုကာ ဓါတ်ပုံ နှစ်ပုံစလုံးတွင် စာတန်းထိုး ဖေါ်ပြခဲ့သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက် ၇၁၅ မိုင်အကွာတွင် တည်ရှိသော Natthiwat ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အပြန်အလှန် တိုက်ခိုက်မူကြောင့် အရပ်သားရာပေါင်းများစွာကို ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့်ပုံကို “ Burma Muslim Massacre- Why world is still silent ???? ဟု ခေါင်းစဉ်တပ်ကာ ကမ္ဘာ မွတ်ဆလင်များအား လိမ်လည် စည်းရုံးခဲ့သည့် ဓါတ်ပုံကိုလည်း အလိမ်တင်ထားသည့် ဓါတ်ပုံဟု ဆိုကာ အမှန် ဓါတ်ပုံနှင့် အတူ ယှဉ်တွဲ ဖေါ်ပြသည်။
အထူး စိတ်ဝင်စားစရာ ကောင်းသည်မှာ Theo Van Gogh’s television မှ ထုတ်လွှင့်သော Documentary မှ အမျိုးသမီး တစ်ဦး၏ နောက်ကျောပေါ်တွင် အာရပ်ဘာသာဖြင့် စာရေးသားထားသော ဓါတ်ပုံကို ယူပြီး အဆိုပါ ဓါတ်ပုံပေါ်တွင်“ Stop Killing Muslim in Burma’s photo” ဟု ရေးသားထားမူမှာ “ Lie” အလိမ်ဟု ဆိုကာ ဖေါ်ပြခဲ့သည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့မှ နာမည်အကြီးဆုံး သတင်းစာကြီးမှ ရခိုင်အရေးအခင်းတွင် ဓါတ်ပုံ အမှားများ ထုတ်လွှင့်မူကို ဖွင့်ချ ဖေါ်ထုတ်ရခြင်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့်လည်း ရခိုင်အရေးအခင်းကဲ့သို့ ဓါတ်ပုံ အမှားများကို facebook မှ တဆင့် ထုတ်လွှင့်မူများနှင့် ရင်ဆိုင် ကြုံတွေ့နေရ၍ ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလီ အမျိုးသား ထောင်ပေါင်းများစွာက ဒက္ကားမြို့ Shahbagh အရပ်တွင် ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ စစ်ပွဲ အတွင်း စစ်ရာဇ၀တ်မူ ကျူးလွန်ခဲ့သူများကို သေဒဏ်ပေးရန် တောင်းဆိုနေသော ဓါတ်ပုံများကို ပြောင်းပြန်လှန်ကာ သေဒဏ်ပေးရန်ကို ဆန့်ကျင်နေသော ဘင်္ဂလီ ပြည်သူများဟု စာတန်းထိုးကာ ကမ္ဘာကို ဖြန့်ချီနေကြသည်ဟု ဆိုသည်။
အလားတူ တူရကီနိုင်ငံတွင် သူ့နိုင်ငံ အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကိုလည်း ဘင်္ဂလာဒေခ်ျ့တွင် စစ်ရာဇ၀တ်မူ ကျူးလွတ်သူများဟု စွပ်စွဲခံထားရသူ ခေါင်းဆောင်များ သေဒဏ်ပေးမည်ကို တူရကီနိုင်ငံသားများကလည်း ဆန့်ကျင်နေကြသည်ဟု ဆိုကာ ဘင်္ဂလာဒေခ်ျ့တွင် ၀ါဒဖြန့်နေကြသည်ဟု ဆိုသည်။
The Dailystar သတင်းစာကြီးက အဆိုပါ ဓါတ်ပုံများကိုပါ ရခိုင်အရေးအခင်း အလိမ် ဓါတ်ပုံများနှင့် အတူ ယှဉ်တွဲကာ ပုံနှိပ် ဖေါ်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments:
Post a Comment