Monday, April 1, 2013

မြန်မာမှ ဘင်္ဂလားဒေ့ရှ်ရဲသား(၃)ဦးကို ပြန်လည်လွှဲပြောင်းပေး

မြန်မာ နစက တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တစ်ဦးတို့ကို မြန်မာ အာဏာပိုင်များမှ ပြန်လည် လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
BGBမတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် တပ်မှူး အဆင့် အလံတင် အစည်းအဝေးတွင် လွဲပြောင်းပေးလိုက်ခြင်းဖြစ်သည်
ယခု လွတ်မြောက်လာသူများမှာ ကောတော့ပလောင် ဒုက္ခသည်စခန်းတွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင် အီးရာမ်၊ အာဖာ့လ်နှင့် အိုခီးယားမြို့နယ် တီဗွီစခန်းတွင် တာဝန် ထမ်းဆောင်နေသသည့် မူဇိမ်းတို့ ဖြစ်ပြီး ကျန် တစ်ဦးမှာ အရပ်သားဖြစ်သည်။
သူတို့ ၄ ဦးကို မတ်လ ၁၃ ရက်နေ့က နတ်ကျောက်ဆိုးရီမြို့နယ် ခေါင်းတုန်းနယ်စပ်မှ တဆင့် မြန်မာ နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်၍ ဓါတ်ပုံ ၀င်ရိုက်ရာမှ ဖမ်းဆီးခံခဲ့ရသည်။
လွတ်မြောက်လာသူများကို ကောစ်ဘာဇားအခြေစိုက် အမှတ် ၁၇ ဘီဂျီဘီ တပ်ရင်းမှူး၊ ကော့စ်ဘာဇား ခရိုင် ရဲမှူးကြီးနှင့် တခြားဌာနဆိုင်ရာများမှ တာဝန်ရှိသူများက နယ်စပ် တက်ကနက် မြို့တွင် ကြိုဆိုခဲ့ကြသည်။
သူတို့ဖမ်းဆီးခံရပြီးနောက် မတ်လ ၁၄ ရက်ကနေ ၁၇ ရက်အထိ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူး အဆင့် အလံတင် အစည်းအဝေးလုပ်ပြီး ဘင်္ဂလာဒေခ်ျ့ဘက်က  ဖမ်းဆီးခံရသူများ လွတ်မြောက်ရန် တောင်းဆိုခဲ့သလို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှလည်း မြန်မာသံမတ်ကို ဖမ်းဆီး ခံထား ရသူများ ကိုလွတ်ပေးရန် တောင်းဆိုခဲ့သည်။
သူတို့အား ရက်ပေါင်း ၂၀ ကျော်အထိ ဖမ်းဆီးထားရခြင်းမှာ  မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား  နားလည်မှု လွဲမှားခဲ့သည့်  အတွက်ဖြစ်ကြောင့် ဖြစ်ကြောင်း  ဘင်္ဂလာ အာဏာပိုင်များမှ ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်အေး)

No comments: