
ဆန္ဒပြသူတွေဟာ မဒေးကျွန်း ဘုန်းတော်ကြီးကျောင်းရှေ့ကနေ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ စုဝေး ချီတက်ပြီး ကြွေးကြော်သံတွေကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေ အနေနဲ့ အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုထွန်းကြည်က ပြောပါတယ်။

လုံခြုံရေးတွေကိုတော့ အာဏာပိုင်တွေက ကျွန်းပေါ်မှာ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ပြောပါတယ်။
နေ့လည် ၂ နာရီထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုန့်ပြန် ဆောင်ရွက်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ (၁) သိမ်းဆည်း လယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်းရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန် (၄) ကျွန်းပေါ်ရှိ ဒေသခံ ကျေးရွာများတွင် လျှပ်စစ်မီး ပေးဝေရန် (၅) အလုပ်သမားကဒ် ရှိသူတွေကို အလုပ်ပြန်ခန့်ပြီး တရုတ် အလုပ်သမားတွေနဲ့ တန်းတူ လစာပေးရန်၊ (၅) မဒေကျွန်းမှာ ပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည် ပြုပြင်ပေးရေး(၆) ပျက်စီးနေသောတာတမံတွေကိုပြန်လည် တည်ဆောက် ပေးရေး စတဲ့ အချက်တွေ ပါဝင်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။

နောက်ဆုံးတောင်းဆိုတဲ့ အချက်တွေကို လိုက်လျော့ပေးမယ်လို တရုတ် အင်ဂျင်နီယာတွေက ပြောဆိုတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment