
ကံစမ်းမဲဖေါက်ပြီး ရံပုံငွေ ရှာဖွေကြောင်းကို ကန့်ကွက်ကြောင်း ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလုပ်အမှုဆောင် ဥက္ကဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဦးညီပုထံသို့ စာရေး တိုင်ကြားခဲ့သည်။ ထူးခြားမူ မရှိသည့် အတွက် ဧပြီလ ၂၂ ရက်နေ့က မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်အား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထပ်မံ စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။
ကံစမ်းမဲ တစ်စောင်ကို တစ်ထောင်(၁၀၀၀) ကျပ်နှုန်းဖြင့် စောင်ရေ သုံးထောင်(၃၀၀၀) ကျပ်ငွေ သိန်း ( ၃၀) ရရှိအောင် ရောင်းချနေကြောင်း သူက ဆိုသည်။
၂၀၁၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ တွင် နောက်ဆုံးထား ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့ တွင် ကံစမ်းမဲ ဖွင့်ပွဲကို မာန်အောင်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မြို့ နယ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်ဟု ကိုသန်းနိုင်က ပြောသည်။
“ ကျွန်တော်တို့က နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ တရားမ၀င် ကံစမ်းမဲ ရောင်းချပြီး ရံပုံငွေ ရှာဖွေခွင့် မရှိဘူး။ ကျွန်တော်တို့ ပါတီ တစ်ရပ်ဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီသာ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်တို့က ပါတီ လမ်းကြောင်းမှန် တစ်ခုကို ရောက်စေလိုတဲ့ ဆန္ဒနဲ့ ခုလို ဆန့်ကျင်ရတာသာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ မနက်ဖြန်တွင် ကံစမ်းမဲ ဖွင့်ပွဲကို ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment