
သွေးမြေကျ စစ်ဆင်ရေး အတွင်း မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်သူများဟု သံသယရှိသူ အကြမ်းဖက် သမား ၇ ယောက်ကို သုတ်သင်နိုင်ခဲ့ပြီး ၁၃ ယောက်ကို ဖမ်းဆီးခဲ့သည်ဟု အင်ဒိုရဲအဖွဲ့က ကြာသပတေးနေ့က ထုတ်ဖေါ် ပြောဆိုသည်။
ဆက်လက်ပြီး စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး လက်ကျန် အကြမ်းဖက်သမားကိုလည်း လိုက်လံ ရှာဖွေ ဖေါ်ထုတ်နေသည်ဟု ဆိုသည်။
သံသယ ဖြစ်ခံရသည့် အကြမ်းဖက်သမားများသည် သူတို့အဖွဲ့၏ ရံပုံငွေများ အတွက် ဘဏ်တိုက်များကို လုယက်ခဲ့ကြပြီး တခြား လုယက်ခိုးယူမူများကိုလည်း ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များ အတွင်း သတ်ဖြတ်ခံရသည့် အကြမ်းဖက်သမားများနှင့် ဖမ်းဆီးခံရသူများသည် လွန်ခဲ့သော အပတ်က မြန်မာသံရုံးအား တိုက်ခိုက်ရန် ကြံစည်သူများနှင့် ဆက်စပ်မူ ရှိမရှိ ရဲအဖွဲ့မှ စစ်ဆေး ဖေါ်ထုတ်နေသည်ဟု ဆိုသည်။
အခု အခင်း ဖြစ်ပွားသော နေရာမှာ ဂျာဗားခရိုင် အလယ်ပိုင်းတွင် ဖြစ်ပြီး ဒါဇင်နှင့် ချီသော စီးနှင်း တိုက်ခိုက်မူများကို ဂျားဗားခရိုင်အတွင်းတွင် ပြုလုပ်နေကြောင်း သိရသည်။ ကျေးရွာများကို စီးနှင်း တိုက်ခိုက်ရာတွင် စစ်သွေးကြွများနှင့် အပြန်အလှန် တိုက်ခိုက်မူများ အကြိမ်ပေါင်းမနည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment