Wednesday, May 29, 2013

ဘင်္ဂလီများ ကလေးနှစ်ယောက်ထက်ပိုမမွေးရဆိုသည့် ဒေသန္တရအမိန့်ကို ပြည်နယ်အစိုးရ ထပ်မံအတည်ပြုဆောင်ရွက်မည်

စစ်တွေ- မေ၊ ၂၈ ။        ။ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် ကလေး နှစ်ယောက်ထက် ပိုမမွေးရဟူ သည့် ဒေသန္တရ အမိန့် ကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့က ပြန်လည် အတည်ပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်းဘင်္ဂါ လီလူဦးရေပေါက်ပွားနှုန်းကို ထိန်းချုပ်သည့် အဆိုပါ ဒေသန္တရအ မိန့်အား ရခိုင်ပြည်နယ်အတွင်း ယခင်ကပင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယင်းအား ကိုင်တွယ်ရာ တွင် ထိရောက်မှုနည်းပါးခဲ့သည့် အတွက် ပြည်နယ်တွင်း ဘင်္ဂါလီ လူဦးရေပေါက်ပွားနှုန်းမှာ ယခု နောက်ပိုင်း အဆမတန်များပြား လာကြောင်း သိရ သည်။ ယင်းအ မိန့်အား ရခိုင်ပြည်နယ်အစိုးရအ အဖွဲ့မှပြန်လည်အတည်ပြု၍ ထပ်မံထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှထုတ် ဖော်ပြောသည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ၏သတင်းထုတ်ပြန်ရေးဆပ်ကော် မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ''ဒါက ဥပဒေမဟုတ်ပါဘူး။ ဒေ သန္တရအမိန့်သာ ဖြစ်ပါတယ်။ ဒီ အမိန့် ကို အရင် ကလည်း ရခိုင် ပြည်နယ်အတွင်းမှာ ထုတ်ပြန် ထားတာပါ။ ဒီအမိန့်ကို AZG က ဆောင်ရွက်တာလို့လဲ သိရပါတယ်။ AZG  က အောင်မြင် တယ်လို့ ပြောပါ တယ်။ ဒါပေမဲ့ ခုနောက် ပိုင်းဘင်္ဂါလီတွေက လူဦးရေ ပိုမို ပေါက်ပွားလာတာကြောင့် ကျွန် တော်တို့ ပြည်နယ်အစိုးရအဖွဲ့က နေပြီး ဒါကို ပြန်လည် အတည် ပြုပြီးတော့ ပြန်လည် ထုတ်ပြန် ရခြင်းဖြစ်ပါတယ်''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ပြော သည်။
ယင်းအမိန့်ကို မောင်တော ခရိုင်ဒေသများဖြစ်သည့် မောင် တော၊ ဘူးသီးတောင်နှင့် တောင် ပြိုလက်ဝဲမြို့နယ်ခွဲများတွင် ပြန် လည်အကောင်အထည်ဖော်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး မောင် တောမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးလှရွှေက ''၂၀၀၃ခုနှစ်နောက် ပိုင်းကနေစပြီး ကျွန်တော်တို့ မောင်တော ခရိုင် အတွင်းမှာ ဘင်္ဂါလီတွေ အဆမတန်တိုးပွားလာတာ တွေ့ နေရပါတယ်။ ဒါကို ပြည်နယ်အ စိုးရအဖွဲ့ကနေ ပြန်ပြီးလုပ်မယ် ဆိုရင်တော့ ဘင်္ဂါလီ တွေ အနေနဲ့ လက်ခံနိုင်မယ် မထင်ဘူး။ သူ တို့တစ်ခုခုတော့ ပြဿနာလုပ် လာနိုင်တယ်။ သူတို့မှာက သား ဆက်ခြားတာကို ထိန်းချုပ်ပိုင်ခွင့် မရှိဘူး လေ။ သားတွေ ဘယ် လောက်ပဲမွေးမွေး ဒါကို အလာအ ရှင်က ဖန်တီးပေးလို့ရတာလို့ ခံ ယူထားကြတယ်။ ဒါပေမဲ့နိုင်ငံ တော်အနေနဲ့ လုပ်မယ်ဆိုရင်တော့ ထိထိ ရောက် ရောက် လုပ်ပေးစေ ချင်ပါတယ်။ ဒီလိုလုပ်တာကို မောင်တောဒေသခံတစ်ယောက် အနေနဲ့လည်း အများကြီးအားရ မိပါတယ်''ဟု သူ၏အမြင်ကို ပြောသည်။
ရခိုင်ရှိဘင်္ဂါလီများအနေ ဖြင့် တစ်အိမ်ထောင်လျှင်ကလေး နှစ်ဦးထက်ပိုမယူရဟူသည့် ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပြန်လည်အကောင်အထည်ဖော်ရန်စီစဉ်နေမှုအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီများအား ကလေးနှစ် ယောက်ထက်ပိုမယူရဟု ပိတ်ပင် ခြင်းမှာ လူ့ အခွင့် အရေးနှင့်မကိုက် ညီဟု ဝေဖန်ထားသည်။
ဘင်္ဂါလီများအနေဖြင့် ရခိုင် ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့်အတူနေထိုင်လိုပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ချမှတ်ပေးထားသည့် ဥပဒေများ နှင့် အမိန့်များကို လိုက်နာနိုင်မှသာ အတူနေထိုင်၍ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က ဆက်လက်ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Source: Yangon Media Group
http://www.yangonmedia.com/index.php/local/2012-11-09-05-29-08/407-2013-05-29-09-47-52

No comments: