Friday, June 28, 2013

''မျိုးစောင့် ဥပဒေ'' ကို ကန့်ကွက်သည့် အမတ်ကို ၂ဝ၁၅ တွင် မဲမပေးရန် စည်းရုံးမည်ဟုဆို

မျိုးစောင့်ဥပဒေကို ပြဌာန်းရေး လွှတ်တော်တွင်ဆွေးနွေးရန် တင်ပြတော့မည်ဖြစ်ပြီး ထိုအချိန်တွင် ကန့်ကွက်
သည့် အမတ်ကို မှတ်သားထားကာ ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲမပေးရန် ဒကာများကိုစည်းရုံးမည်ဟု ဆရာတော် တစ်ပါး မိန့်ကြားလိုက်သည်။

သံဃာတော်ပေါင်း ၁၅ဝဝ ကျော်တက်ရောက်သည့် ဇွန် ၂၇ ရက်က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်
ရှောက်ရေး သြဝါဒခံယူပွဲကို အင်းစိန်မြို့နယ်ရှိ တောရတပ်ဦး ကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ် သာတွင်ပြုလုပ်စဉ် မော်လမြိုင် မြစေတီစာ သင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ကြားခြင်းဖြစ်သည်။

''ပယ်ချလိုက်မယ်ဆိုရင် လုပ်ထားတဲ့ ဒီလုပ်ငန်းကြီးဟာ သဲထဲရေသွန်သလိုဖြစ် သွားမှာပေါ့။ ဒါကြောင့် သွန်ချင်သွန်၊ မှောက်ချင်မှောက် ဘယ်ကိုယ်စားလှယ်လဲ အဲဒါသိချင်တယ်။ ဒီလိုသိရတဲ့အချိန် ဘာလုပ် မှာတုန်းဆိုတော့ ဒီပုဂ္ဂိုလ်တွေကို ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲမပေးရုံပေါ့'' ဟု ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်သည်။

သြဝါဒခံယူပွဲကို ဦးဆောင်သည့် ဆရာတော်တစ်ပါးဖြစ်သည့် အရှင်ဓမ္မပီယကလည်း ''လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေက မျိုး စောင့်ဥပဒေပေါ်ထွက်ဖို့အတွက် ဖြစ်နေတယ်'' ဟုလည်း မိန့်ကြားခဲ့သည်။

သို့သော် မျိုးစောင့်ဥပဒေ ပြဌာန်းရန် သံဃာတော်များက ဦးစီးလုပ်ဆောင်နေသည်မှာ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်နေသည်ဟု မှတ်ယူသော်လည်း ယခုကဲ့သို့ ပြောဆိုမှုကို မထောက်ခံကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ လွတ်တော်အမတ် ဒေါ်ခင်စောဝေက မှတ်ချက်ပြုသည်။

''ဒါဟာ ချုပ်ကိုင်မှုတစ်ခုပဲ။ ဆရာတော် တွေအနေနဲ့ မပြောအပ်ဘူးလို့ထင်တယ်။ တကယ်လို့ ဒါကို အန်တီထောက်ခံရင်တောင်မှ မဲလိုချင်လို့ထောက်ခံတဲ့သဘော သက်ရောက်နေမှာပေါ့'' ဟု သူကဆိုသည်။

ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဦးစိုင်းမောင်တင် ကလည်း ''ကျွန်တော်လည်း ဗုဒ္ဓဘာသာပါပဲ။ ကောင်းမွန်တဲ့ဟာဆိုရင်တော့ ထောက်ခံဖို့ အသင့်ပါပဲ။ ဒါပေမဲ့ မဇ္ဈိမပဋိပဒါပေါ့။ အလယ် အလတ် လမ်းစဉ်ရှိဖို့လိုပါတယ်။ သိပ် အစွန်းရောက်ရင်တော့ မကောင်းဘူး။ တိုင်း ရင်းသားတွေ အများကြီးရှိတဲ့ တိုင်းပြည်မို့ သေချာချင့်ချိန်ဖို့တော့ လိုပါတယ်'' ဟု မျိုး စောင့်ဥပဒေနှင့်ပတ်သက်၍ သုံးသပ်ခဲ့သည်။

သံဃာတော်အများ အပြားတက်ရောက်သည့် သြဝါဒခံယူပွဲတွင် သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏ်ဏိဿရကလည်း ယခု လုပ်ဆောင်ချက်များအား ချီးမွမ်းမည့်သူရှိသလို ကဲ့ရဲ့မည့် လူလည်းရှိမည်
ဖြစ်ပြီး'' သည်းခံကြပါ ခွင့်လွှတ်ကြပါ'' ဟု သံဃာတော် များကို မိန့်ကြားခဲ့သည်။

မျိုးစောင့်ဥပဒေကို လွှတ်တော်တွင် ဆွေးနွေးရန် မည်သည့်အချိန်တွင်တင်ပြ မည်ကိုမူ မသတ်မှတ်ရသေး
ကြောင်း အရှင်ဓမ္မပီယက သတင်းထောက်များကို မိန့်ကြားခဲ့သည်။

မျိုးစောင့်ဥပေဒဟု ဘုန်းတော်ကြီး အချို့က အမည်ပေးထားသည့် ဥပဒေကြမ်း နှစ်ခုမှာ ''မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်း'' နှင့် ''ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း'' တို့ ဖြစ်သည်။

ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသ နာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိ နှိုင်းဆွေးနွေးပွဲ၌ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မျိုးစောင့်ဥပဒေကို ဖြန့်ဝေ ခဲ့ပြီး မိတ္တူကို မဇ္ဈိမက ရရှိထားသည်။

ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့ က ရေးဆွဲထားခြင်းဖြစ်ပြီး ''မြန်မာဗုဒ္ဓဘာ သာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း''တွင် မြန်မာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကိုလက်ထပ်မည့် သူသည် တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမည်ဖြစ် ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည် ဆိုလျှင် ဗုဒ္ဓဘာ သာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိ ထားရန်လိုအပ်ကြောင်း ပါရှိသည်။ ထိုကိစ္စ ကိုမလိုက်နာပါက ထောင်ဒဏ် ၁ဝ နှစ်ကျခံ ရမည်ဟုလည်း ပြစ်ဒဏ်ကို တပါတည်းထည့် သွင်းရေးဆွဲထား သည်ကိုလည်း လေ့လာတွေ့ရှိရသည်။

''ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း'' တွင်မူ အခြားဘာသာတစ်ခုသို့ ကူးပြောင်းလို လျှင် သာသနာရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည့် အပြင်လက်ရှိဘာသာ၏ အဖွဲ့အစည်းများနှင့် အသစ်ပြောင်းမည့်ဘာသာ၏ အဖွဲ့အစည်းများကိုလည်း အကြောင်းကြားရမည့်ဟုလည်း ဖော်ပြထားသည်။ ထို့အပြင် ဘာသာအယူ ပြောင်းလဲပြီးပါက နောက်ထပ်တစ်ဖန် ဘာသာပြောင်းလဲခွင့်ပြု မည်ဟုလည်းပါ ရှိသည်။

ဥပဒေနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအပြင် တက်ကြွလှုပ်ရှားသူများ ကလည်း ဝေဖန်လျက်ရှိနေသည်။ ယင်းအ ပြင် မြန်မာ့လူ့အခွင့်အရေး ကော်မရှင်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစစ်မြိုင် ကလည်း ဥပဒေတစ်ခုပြုရန်သည် လူပုဂ္ဂိုလ်များ၏ အလုပ်သာဖြစ်သည်ဟု သူ၏သဘောထားကို ပြောဆိုထားသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

No comments: