ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဆေးဗစ်စင်တာ (civic center) ခန်းမ၌ ဇွန်လ ၂၃ ရက် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ အမာရီလိုမြို့တွင် ကျင်းပနေစဉ်။ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ အမာရီလိုမြို့တွင် ကျင်းပနေစဉ်။
ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဇွန်လ ၂၀ ရက် ကြသပတေးနေ့တွင် ကျရောက်ခဲ့ပြီးဖြစ်သော်လည်း အများလူငါ အလုပ်ပိတ်သည့် တနင်္ဂနွေ့ကို ရွေးချယ်ကျင်းပရသည့်အတွက် ယခုလို ၃ ရက် လွန်မြောက်ပြီးမှ ကျင်းပပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း အမာရီလိုမြို့ ကစ်သလစ် ဖင်မလီ ဆာဗစ်(Catholic Family Service, Amarillo) ၏ ဒါရိုက်တာလည်းဖြစ် ဒုက္ခသည်များနေ့ ကျင်းပရေးကော်မတီ၏ တာဝန်ခံ အမျိုးသမီး မန်စီကွင်(mancy kom)က အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
ကစ်သလစ် ဖင်မလီ ဆာဗစ် အမာရီလို(Catholic Family Service, Amarillo) မှ ဦးဆောင်ဦးရွက် ကျင်းပပြုလုပ်သော ဒုက္ခသည်များနေ့ အခမ်းအနားမှာ လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်များနေ့ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး " နိုင်ငံအသီးသီးက အကြမ်းဖက်ခံရမှု၊ တိုက်ပွဲဖြစ်ပွားမှု၊ ဖိစီးနှိပ်စက်မှု၊ ခြိမ်းခြောက်ခံရမှုဒဏ်တွေကို ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့  သတ္တိ၊ ခွန်အားနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ ခုလိုဒုက္ခသည်များနေ့ကို ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။ " ဟု ကစ်သလစ် ဖင်မလီ ဆာဗစ် ဒါရိုက်တာ အမျိုးသမီး မန်စီကွင်က အဖွင့်မိန့်ခွန်းစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
မန်စီကွင်က " ကမ္ဘာ့အနှံ့တွင် လက်ရှိ ဒုက္ခသည်ပေါင်း ၄၃ သန်းကျော်ရှိပြီး မည်သူတဦးတယောက်ကမှ ဒုက္ခသည်အဖြစ်သို့ ရွေးချယ်ခံယူခဲ့ကြခြင်းမဟုတ်။ " ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ အမာရီလိုမြို့တွင် ကျင်းပနေစဉ်။ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ အမာရီလိုမြို့တွင် ကျင်းပနေစဉ်။
ယခုပြုလုပ်သည့် ဒုက္ခသည်များနေ့ကို မြန်မာတိုင်းရင်းသားပေါင်းစုံ အပါအ၀င် ကမ္ဘာ့အနှံ့အပြား နိုင်ငံအသီးသီးမှ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ရွှေ့ပြောင်းအခြေချ ရောက်ရှိနေကြသည့် လူမျိုးပေါင်းစုံ တက်ရောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး လူမျိုးပေါင်းစုံ အသီးသီးတို့က မိမိတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖြေဖျော်တင်ဆက် ကပြခဲ့ကြသည်။
ကြွရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းကို ကစ်သလစ် ဖင်မလီ ဆာဗစ်(Catholic Family Service) မှ နေ့လည်စာအဖြစ် ထမင်းကြော်နှင့် အဖျော်ရည်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)