ကျောက်တော်မြို့နယ်တွင် ရခိုင်မိန်းကလေးနှစ်ဦး ကုလားတိုက်ခိုက်ခံရ၊ ဆေးရုံရောက်
ကျောက်တော်မြို့နယ်
ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစမ်တွင်
ပိုက်လာချသူ ကုလားများက ရိုက်နှုက်တိုက်ခိုက် လုယက်ခဲ့ကြသောကြောင့်
ကျောက်တော်မြို့ ဆေးရုံသို့ ရောက်နေကြရာ အနက်တစ်ဦးမှာ သတိမရသေးပေ။
ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏
တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး
နောက်ဖေးနောက်ဖီ သွားရန် ရွာ၏ မြစ်ကမ်းစပ်သို့ တင်လာခဲ့ကြသည်။
၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး
တုတ်များဖြင့်ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊
နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်းတို့ပြုခဲ့ကြသည်။
မိန်းကလေးနှစ်ဦးကအော်ဟစ်ခဲ့ကြသော
်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊
ကြားလိုက်သူများကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်
းတို့ကြောင့် ဖြစ်ဖြစ်ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။
တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့်
ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံမတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရံ
ုသို့ရောက်ရှိကြသည်။
ဆန်းဆန်း (၂၀-နှစ်)မှာ ယခုအချိန် (မနက် ၆:၂၀)
အထိ သတိမရသေးချေ။ သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊
နားတောင်ဆွဲဖြုတ်ခံရသောကြောင့် နားရွက်များပဲ့နေသည်။
မုဒိမ်းပြုကျင့် ခြင်းခံရမှုရှိမရှိကို ဆေးရုံလာပို့သော မိသားစုဝင်များကပြောကြားခြင်းမရှိပေ။
မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။
(Khaing Zaw Linn)
(သတင်းအရင်းအမြစ်- Shwe Arakan's
No comments:
Post a Comment