Friday, July 5, 2013

မြန်မာ-ဘင်္ဂလာအလံတင်အစည်းအဝေး မြေမြှပ်မိုင်းကိစ္စ အဓိကဆွေးနွေး

အစည်းအဝေး အပြီး သတင်းထောက်များကို ပြောကြားနေစဉ်။ ( ဓါတ်ပုံ- Cox'sbazar news.com)
အစည်းအဝေး အပြီး သတင်းထောက်များကို ပြောကြားနေစဉ်။ ( ဓါတ်ပုံ- Cox’sbazar news.com)
ယမန်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် ပြုလုပ်သော မြန်မာ- ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် နယ်စပ်တလျှောက် မြန်မာဘက်က မြေမြုပ်မိုင်း ထောင်နေသည့် ကိစ္စ အပေါ် အထူး အလေးပေး ဆွေးနွေးခဲ့ကြသည်ဟု သတင်း ရရှိသည်။ ယမန်နေ့ နေ့လည် ၁၂ နာရီတွင် ကော့စ်ဘဇားမြို့ BGB တပ်ရင်းတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် မြန်မာဘက်က နယ်စပ် တလျှောက်ထောင်ထားသော မြေမြုပ်မိုင်း ကိစ္စမှာ အစည်းအဝေးတွင် လွှမ်းမိုးနေခဲ့သည်ဟု ဆိုသည်။ ယင်းအပြင် ဆွေးနွေးပွဲတွင် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ မှောင်ခိုနှင့် စိတ်ကြွဆေးပြားများ မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့သို့ အဆက်မပြတ် ၀င်ရောက် နေမှုတို့ကို တားဆီးရန် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည် နယ်စပ်တွင် ဖြစ်ပေါ်လာသည့် မည်သည့် အကြောင်းအရာ မဆို နစကနှင့် BGB တို့ ချက်ချင်း ဆက်သွယ် ဖြေရှင်းရန်လည်း ဆွေးနွေးခဲ့ကြောင့် သိရသည်။ မြန်မာ နစကဘက်မှ နစကမှူး ဦးအောင်နိုင်ဦး ဦးဆောင်သည့် အဖွဲ့ဝင် ၁၈ ဦးတက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေခ်ျ့ဘက်မှ BGB အမှတ် ၁၈ တပ်ရင်းမှ အရာရှိ နဇရူလ်အီဆလာမ် ဦးဆောင်သည့် အဖွဲ့ဝင် ၁၈ ဦး တက်ရောက်ခဲ့သည်။ မြန်မာနစက ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခန့်တွင် တက်ကနက်မြို့သို့ ရောက်ရှိလာပြီး သူတို့ကို တက်က နက်အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ အရာရှိ ဇာဟီဟာဆန်းမှ ကြိုဆိုခဲ့သည်။ ဆွေးနွေးပွဲအပြီး ညနေ ၅ နာရီခန့်တွင် ကော့စ်ဘဇား ခေါ် ဖလောင်းချိတ်မြို့ရှိ Burmese Market နှင့် ပင်ဘာဇာ (ကွမ်းဈေး)တို့ကို မြန်မာ နစကများမှ သွားရောက်လည်ပတ်ခဲ့သည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ-မောင်အေး) - See more at: http://www.narinjara.com/burmese/?p=6251#sthash.XUw4xdeK.dpuf

No comments: