သာစွဌာနေရခိုင်ပြေ (ရခိုင်ပြည်နယ် အစိုးရအဖွဲ့)
၁။
သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ..........အား စော်ကားခဲ့သည်ဆို
သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော င/ပြူးနှင့်
အခြားတစ်ဦးတို့အား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး သံတွဲမြို့နယ် ၇ဲတပ်ဖွဲ့မှ
ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တရာခံ(၂)ဦးလုံးအား ၁-၇-၂၀၁၃ ရက်နေ့ (၀၇း၅၀)
အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
၂။လတ်တလောစီစစ်ချက်များအရ တရားခံ(၂)ဦးစလုံးသည် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သိရှိရပါသည်။
၃။တရားခံများအား သံတွဲရဲစခန်းတွင် စစ်ဆေးမေးမြန်မှုများ ဆောင်ရွက်
လျှက်၇ှိပြီး တရာဥပဒေနှင့်အညီ သံတွဲရဲစခန်း(ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆
ဖြင့် အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
၎။သံတွဲမြို့မှ တရားဥပဒေစိုးမိုးရေးနှင့် မြို့ရွာအေးချမ်းသာယာရေးကို လို
လားသော မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအနေဖြင့် မလိုလားအပ်သော
အဖျက်အမှောက်လုပ်ရပ်များ မဖြစ်ပေါ်စေရေးအတွက် အုပ်ချုပ်ရေးပိုင်း
ဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ် ထိန်းသိမ်ဆောင်
ရွက်ပေးရန် လိုလားလျှက်ရှိကြောင်း သိရှိရပါသည်။
၅။ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ၃၀-၆-၂၀၁၃ ရက်နေ့မှစ၍ ည(၁၉း၃၀) အချိန်မှ နံနက်(၀၄း၃၀) အချိန်ထိ စည်ပင်သာယာ နယ်နိမိတ်အတွင်း အများပြည်သူသွားလာရာလမ်းမများတွင်
လည်းကောင်း အများပြည်သူနှင့် ဆိုင်သော နေရာများတွင် တစ်ဦးတစ်ယောက်
ချင်းသော်လည်းကောင်း အုပ်စုဖွဲ့၍ သော်လည်းကောင်း၊ သွားလာခြင်းမပြုရန်
သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ ဒေသန္တရအမိန့်အား ၃၀-၆-၂၀၁၃ ရက်နေ့ (၁၉း၃၀)အချိန်တွင်
ထုတ်ပြန်ထား၇ှိခဲ့ပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များမှလည်း မြို့အတွင်း
ဖြန့်ကြက် ချထားကာ လှုပ်ရှား စိုးမိုးလျှက်၇ှိ ကာမြို့/ရွာ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
၆။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး(၂)ဦးလည်း ယနေ့သံတွဲမြို့ သို့လေယာဉ်ဖြင့် ထွက်ခွါသွားပြီးဖြစ်ကြောင်း သိရပါသည်။
(သတင်းအရင်းအမြစ်- Rakhine Citizens Journalists Facebook)
No comments:
Post a Comment