အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာ၌ မနက် ၅ နာရီကနေ စတင်ပြီး
ဗုံးပေါက်ကွဲမှုဖြစ်သောကြာင့် မြန်မာသံဃာတော် တစ်ပါးနှင့် တိဘက်သံဃာတော်
တစ်ပါးတို့ ဒဏ်ရရှိကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသွားသော မြန်မာရဟန်းတော် အရှင်ဝိလာသဂ္ဂ။
အိန္ဒိယမှ တွီဗွီသတင်းတစ်ခု၏ အတည်ပြုချက်အရ ဗုံးများမှာ
ချိန်ကိုက်ဗုံးများဖြစ်ပြီး ပေါက်ကွဲမှု ၉ ကြိမ်ဖြစ်ခဲ့ကြောင်း
hindustantimes သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ Magadh University မှာတက်ရောက် သင်ကြားနေသော အရှင်နန္ဒာစရိယအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဆရာတော်က ယခုလိုမိန့်ကြားသည်။
" ဦးဇင်းတို့ မနက် ၅ နာရီလောက်က သွားကြည့်တယ်။ ဗုံးတွေပေါက်ကွဲကြတယ်။ သံဃာတော် နှစ်ပါးလည်း ဒဏ်ရာရသွားတယ်။ မြန်မာ ဘုန်းကြီးတပါးနဲ့ တိဘက်ဘုန်းကြီးတပါး ဒဏ်ရာရသွားကြတယ်။ မြန်မာဘုန်းကြီး ဘွဲ့နာမည်ကတော့ အရှင်ဝိလာသဂ္ဂ ဖြစ်ပါတယ်။ တိဘက်ဘုန်းကြီးကတော့ ဘွဲ့နာမည်မသိပါဘူး။ နောက်ဘယ်သူမှ ထိခိုင်မှုတွေ မရှိပါဘူး။ အဆောင်းအဦးတွေလည်း ထိခိုက်မှုတွေမရှိပါဘူး။ " ဟု ပြောသည်။
ဒဏ်ရာရရှိသွားသော တိဘက်သံဃာတော်ကို မည်သည့်မြို့ မည်သည့် နေရပ်မှ မသိရသော်လည်း ဒဏ်ရာရရှိသွားသော မြန်မာရဟန်းတော်မှာ မန္တလေးတိုင်း မြင်းခြံမြို့နယ် ရသာရွာဇာတိဖြစ်ကြောင့် ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် မြင်တွေ့နေရသည်။
ယခု ဗုံးကွဲမှု မဖြစ်ခင်ကတည်းက အိန္ဒိယအစိုးရမှ ဗုဒ္ဓဂါယာအတွင်း ဗုံးကွဲမှုဖြစ်မည်ဟု မကြာခင်ရက်နည်းက သတိပေးကြားခဲ့ပြီး လုံခြုံရေးအားနည်းမှုနှင့် သတိမထားမိသည့်အတွက်ကြောင့် ဗုံးပေါက်ကွဲမှုဖြစ်ရခြင်းဟု ဆရာတော်က မိန့်ကြားခဲ့သည်။
အိန္ဒယအစိုးရမှ ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ တရားခံများအား စုံစမ်းစစ်ဆေးလျှက်ရှိ ယခုအချိန်ထိ စုံစမ်း၍မရသေးကြောင်း၊ ထို့သို့ပေါက်ကွဲမှုကြောင့် ဗုဒ္ဓဂါယာကို ယခင်ကထက် လုံခြုံရေး တိုးချထားကြောင်းနှင့် ဗုဒ္ဓဂါယာအတွင်းသို့လည်း မ၀င်ရဟု သိရသည်။
ဗုဒ္ဓဂါယာကို လုံခြုံရေးများစောင့်သည်ကို တွေ့ရစဉ်။
ဗုဒ္ဒဂါယာသည် ဘီဟာပြည်နယ်တွင် ဘုရားဖူးများ အများဆုံးလာရာ
ဒေသဖြစ်သည့်အပြင် ၄င်းပြည်နယ်၏ အဓိက ကမ္ဘာလှည့်ခရီးသည် လာရောက်သော
အရေးပါသောနရာလည်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakan Times၊ ရေးသားသူ- မိုးဇော်)

အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ Magadh University မှာတက်ရောက် သင်ကြားနေသော အရှင်နန္ဒာစရိယအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဆရာတော်က ယခုလိုမိန့်ကြားသည်။
" ဦးဇင်းတို့ မနက် ၅ နာရီလောက်က သွားကြည့်တယ်။ ဗုံးတွေပေါက်ကွဲကြတယ်။ သံဃာတော် နှစ်ပါးလည်း ဒဏ်ရာရသွားတယ်။ မြန်မာ ဘုန်းကြီးတပါးနဲ့ တိဘက်ဘုန်းကြီးတပါး ဒဏ်ရာရသွားကြတယ်။ မြန်မာဘုန်းကြီး ဘွဲ့နာမည်ကတော့ အရှင်ဝိလာသဂ္ဂ ဖြစ်ပါတယ်။ တိဘက်ဘုန်းကြီးကတော့ ဘွဲ့နာမည်မသိပါဘူး။ နောက်ဘယ်သူမှ ထိခိုင်မှုတွေ မရှိပါဘူး။ အဆောင်းအဦးတွေလည်း ထိခိုက်မှုတွေမရှိပါဘူး။ " ဟု ပြောသည်။
ဒဏ်ရာရရှိသွားသော တိဘက်သံဃာတော်ကို မည်သည့်မြို့ မည်သည့် နေရပ်မှ မသိရသော်လည်း ဒဏ်ရာရရှိသွားသော မြန်မာရဟန်းတော်မှာ မန္တလေးတိုင်း မြင်းခြံမြို့နယ် ရသာရွာဇာတိဖြစ်ကြောင့် ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် မြင်တွေ့နေရသည်။
ယခု ဗုံးကွဲမှု မဖြစ်ခင်ကတည်းက အိန္ဒိယအစိုးရမှ ဗုဒ္ဓဂါယာအတွင်း ဗုံးကွဲမှုဖြစ်မည်ဟု မကြာခင်ရက်နည်းက သတိပေးကြားခဲ့ပြီး လုံခြုံရေးအားနည်းမှုနှင့် သတိမထားမိသည့်အတွက်ကြောင့် ဗုံးပေါက်ကွဲမှုဖြစ်ရခြင်းဟု ဆရာတော်က မိန့်ကြားခဲ့သည်။
အိန္ဒယအစိုးရမှ ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ တရားခံများအား စုံစမ်းစစ်ဆေးလျှက်ရှိ ယခုအချိန်ထိ စုံစမ်း၍မရသေးကြောင်း၊ ထို့သို့ပေါက်ကွဲမှုကြောင့် ဗုဒ္ဓဂါယာကို ယခင်ကထက် လုံခြုံရေး တိုးချထားကြောင်းနှင့် ဗုဒ္ဓဂါယာအတွင်းသို့လည်း မ၀င်ရဟု သိရသည်။

(သတင်းအရင်းအမြစ်- Arakan Times၊ ရေးသားသူ- မိုးဇော်)
No comments:
Post a Comment