သြစတြေးလျနိုင်ငံသို့ ရာနဲ့ချီသောလူများကို သယ်ဆောင်လာသည့် လှေတစ်စင်းမှာ ဇူလိုင်လ ၂၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအနီး နစ်မြုပ်သွားရာ အနည်းဆုံး လူ သုံးဦးသေဆုံးပြီး တစ်ချို့မှာလည်း ပျောက်ဆုံးနေကြောင်း Aljazeera သတင်းအရ သိရသည်။
မြေပုံ။ (ဓါတ်ပုံ - aljazeera.com )မြေပုံ။ (ဓါတ်ပုံ - aljazeera.com )
မနေ့က ရှာဖွယ်မှုလုပ်ငန်းများလုပ်ခဲ့ရာမှာ ဒုက္ခသည် ၁၅၇ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယနေ့လည်း ဆက်လက်ပြီး ရှာဖွယ်မှုပြုလုပ်နေကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။
လှေပေါ်ပါသူ အများစုမှာ သိရိလင်္ကာနှင့် အီရန်မှ ဒုက္ခသည်များဖြစ်ကြောင်း သြစတြေးလျ သတင်းများမှာ ဖော်ပြထားသည်။
" လှေပေါ်မှာ လူ ဘယ်နှစ်ယောက်ပါလာတယ်ဆိုတာ အတိအကျ မသိရှိရဘူး၊ အဲဒါကြောင့် ပျောက်ဆုံးနေတဲ့ သူတွေရှိကြောင်းရှိနိုင်ပါတယ်။ အဲဒီအတွင်ကြောင့် ကျွန်တော်တို့ ရှာဖွေမှုတွေ ဆက်လက်လုပ်နေတယ်။ " ဟု ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ Rochmali ကပြောသည်။
ခိုလုံခွင့်တောင်းခံသူများမှာ အင်ဒိုနီးရှားမှ တစ်ဆင့် သြစတြေးလျသို့ ပင်လယ်ကို ဖြတ်ကူးလာရောက်လေ့ရှိကြပြီး မကြာခဏဆိုသလို ပင်လယ်၏ လှိုင်းဒဏ်ကြမ်းတမ်းမှုကြောင့် နစ်မြုပ်ခြင်းများရှိတတ်သည်။
၂၀၁၃ ခုနှစ် ယခုအချိန်ထိ သြစတြေးလျ နိုင်ငံသို့ နိုင်ငံရေးခိုလုံရန် ရောက်ရှိလာသူများမှာ ၁၅၀၀၀ ကျော် ရှိပြီး၊ လမ်းခရီးအတွင်း ရာနဲ့ချီသော ခရီးသည်များမှာလည်း သေဆုံးခဲ့မှုရှိကြောင်း hindustantimes သတင်းတွင် ဖော်ပြထားသည်။
Ref: aljazeera.com & hindustantimes.com
(သတင်းအရင်းအမြစ်- Arakantimes)