စစ်တွေ စက်ရုံစုရပ်ကွက် ဒုက္ခသည်များအား အိမ်နေရာချထားရာတွင် လက်သင့်ရာ စားတော်ခေါ်ခဲ့ ဟု တိုင်တန်းစာ
====================
လုပ်သားပြည်သူများ ခင်ဗျား
စစ်တွေမြို့ စက်ရုံစုရပ်ကွက် မီးဘေးဒုက္ခသည်များအား ချောင်းတဖက်ကမ်းရှိ
ဒုက္ခသည်နေအိမ်များကို ချထားပေးရာတွင် မဲနှိုက်ကာချထားပေးရန် အစီအစဉ်
ရှိသော်လည်း ဒုက္ခသည်များကိုယ်တိုင်မဲမနှိုက်ရဘဲ
အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်နှင့် ၄င်း၏ လက်စွဲ ဆယ်အိမ်မှူး
ရာအိမ်မှူးများက မဲနှိုက်သည်ဟု ဆိုကာချပေးထားသော နေအိမ်အကွက်များအား
ဒုက္ခသည်များအား ချပေးခြင်းပြုခဲ့ရာ၊ လမ်းမထက် နေ၇ာကောင်းများကို
၎င်းတို့ရယူသွားပြီး ၄င်းတို့နှင့် မနီးစပ်သူများကို
ချောင်းဘေးကပ်လျက်နေရာများတွင် ချပေးထားပါသည်။
ဦးကျော်ဝင်းဆို သူ ဒုက္ခသည်မှာ ၄င်းရရှိသော အိမ်ကွက်နံပါတ် (၅၁၁)ကို
ရရှိကြောင်းသိရသည် နှင့် သွားကြည့်ခဲံရာ လမ်းမထက် အိမ်ကွက်ဖြစ်နေပါသည်။
နောက်တစ်နေ့ အိမ်ပြောင်းရန် လုပ်သောအခါ လမ်းမထက်ကအိမ်မဟုတ်တော့်ဘဲ
ချောင်တစ်ခုသို့ ပို့ထားသည်ကိုတွေ့ရပါသည်။ မဲနှိုက်ရရှိကြသည့်
အိမ်ကွက်နံပါတ်များကို ခဲတံဖြင့်ရေးထားရာ ရေးသားသူများက အလွယ်တကူ
ပြန်ဖျက်ပြီး နေရာ နံပါတ် ပြန်ပြောင်းချထားပေးခြင်းဖြစ်ပါသည်။
ခရိုင်/မြို့နယ်
ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သော ရာအိမ်မှူး
ဆယ်အိမ်မှူးများသည် မဲနှိုက်ရန် မလိုဘဲ မြေနေရာကောင်းများ ရရှိခဲ့ကြရာ
အချို့ကို ဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်ပါသည်။
ဦးထွန်းစိန် ရာအိမ်မှူး (အိမ်အမှတ် ၅၁၀)
ဒေါ်ယက်သဲ့ဖြူ (အိမ်အမှတ် ၅၁၁) - မီးလောင်ရာတွင် နေအိမ် ဆုံးရှုံးမှု မရှိသူ
ဦးသန်းထွန်းအောင် ရာအိမ်မှူး (အိမ်အမှတ် ၂၆၉)
ဒေါ်မသိန်းညို (ရာအိမ်မှူး ဦးသန်းထွန်းအောင်၏ အစ်မ) အိမ်အမှတ် ၂၂၈
အခြားသော ရာအိမ်မှူး နှင့် ဆယ်အိမ်မှူးများလည်း မြေနေရာကောင်းများ ရရှိခဲ့ကြပါသည်။
အာဏာပိုင်များ၏ ဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှု မရှိသောကြောင့်
ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ ကျေနပ်မှုမရှိ ကြောင်းတင်ပြလိုက်ရပါသည်။
နစ်နာကြသူများ
================
ဤစာကို ရေးသားပေးပို့သူများက ပေးပို့သည့် အတိုင်း ပြင်ဆင်မှုမပြုဘဲ မူလအတိုင်း ဖော်ပြခြင်းဖြစ်ပါသည်။
(ဤသတင်းအား Coral Arakan News သတင်းဌာနမှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment