Saturday, July 6, 2013

ၾသစေၾတးလ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ အကြီးအကဲများထံ လာရောက်လည်ပတ်မည်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၀ ရက်နေ့တွင် လာရောက်လည်ပတ်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံဖို့ရှိကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr ။ (ဓါတ်ပုံ - အင်တာနက်)သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr ။ (ဓါတ်ပုံ - အင်တာနက်)
နိုင်ငံခြားရေးဝန်ကြီး Carr ၏ ဆွေးနွေးမည့်သူများမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၊ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များတို့ဖြစ်ကြောင်း သိရသည်။
ဝန်ကြီး Carr နှင့် မြန်မာအကြီးအကဲများ ဆွေးနွေးမည့် အကြောင်းအရာများမှာ " မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊ သြစတြေးလျနှင့် မြန်မာ စီးပွားရေးဆက်ဆံမှု၊ မြန်မာ့ပညာရေးအပေါ် နိုင်ငံတကာမှ ဖွံ့ဖြိုးမှုအကူအညီနှင့် ရခိုင်ပြည်ရှိ လက်ရှိအခြေအနေအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ " စသေအချက်များကို ဆွေးနွေးသွားဖြစ်ကြောင်း သိရသည်။
မြန်မာတိုင်းရင်းသားများ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရန် သြစတြေးလျအစိုးရမှ ကျမ်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး စသည့်ကဏ္ဍများတွင် မြန်မာအစိုးရကို ကူညီထောက်ပံ့ပေးလျှက်ရှိပြီး မြန်မာအစိုးရအား နှစ်စဉ်ပေးနေသော အကူအညီကို ၂၀၁၅ အရောက်တွင် သြစတြေးလျဒေါ်လ သန်း ၁၀၀ အထိ နှစ်ဆကျော် တိုးမြင့်ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သြစတြေးလျဝန်ကြီး Bob Carr မှာ မြန်မာခရီးစဉ်ပြီးနောက်တွင် စင်ကာပူနိုင်ငံသို့ တစ်ရက်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မှာဖြစ်ပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးKShanmugam နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakan Times)

No comments: