ရခိုင်ပြည်တွင် လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်ကြောင့် ဒုက္ခသည်နေကြသည့် ရခိုင်ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ခိုလှုံရန်ရောက်ရှိလာကြသော မောင်တောင်ဒေသရှိ ရခိုင်ဒုက္ခသည်များ အပါအ၀င် စားဝတ်နေရေးကြောင့် အခက်အခဲဖြစ်နေကြသော ဒုက္ခရောက်နေကြသည့် ရခိုင်တိုင်းရင်းသား လူမျိုးများကို ကူညီထောက်ပံ့ပေးနိုင်ရန် ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေလုပ်ငန်းဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းနှင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဟောင်း အသင်းတို့က ရန်ပုံငွေရရှိဖို့အတွက် အောင်ဆန်းဘောလုံးကွင်းတွင် သြဂုတ်လ ၂၃ ရက်နေ့က  ခြေစမ်းပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေလုပ်ငန်းဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းနှင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဟောင်း အသင်းတို့ ဘေးလုံးကန်နေကြစဉ်။ ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေလုပ်ငန်းဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းနှင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဟောင်း အသင်းတို့ ဘေးလုံးကန်နေကြစဉ်။
ရခိုင်ပြည်တွင် မည့်သည့်အကြောင့်ကြောင်းမျိုးမဆို ဒုက္ခရောက်နေကြသော ရခိုင်ဒုက္ခသည်များကို အကူအညီပေးနိုင်ရန် ၄င်းအဖွဲ့တို့က ရံပုံငွေရှာခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ ဥက္ကဌဖြစ်သူ ဦးဆန်းမောင်ဇံက ယခုလိုပြောသည်။
" အဓိကရည်ရွယ်ချက်ကတော့ အခုရခိုင်ပြည်မှာ အခက်အခဲဖြစ်နေကြတဲ့ ဒုက္ခရောက်နေကြတဲ့ စားဝတ်နေရေးကအစ ဒုက္ခရောက်နေကြတဲ့ ရခိုင်လူမျိုးတွေကို အကူအညီပေးဖို့အတွက်ပါ။ ကိုယ့်ရခိုင်လူမျိုးတွေကို အကူညီပေးဖို့ဆိုပြီးတော့ အခုလို ရန်ပုံငွေရှာတဲ့အနေနဲ့ ခြေစမ်းပွဲကို လုပ်ရတာဖြစ်ပါတယ်။ " ဟု ပြောသည်။
ပွဲသို့ ကြသည့်ရှုလာသူများအား ၀င်ကြေး ၁၅၀၀ အဖြစ်ကောက်ခံခဲ့ပြီး ထို့မှရရှိလာသော ရန်ပုံငွေများကို ရခိုင်ဒုက္ခသည်များအား အကူအညီပေး လှူနိုင်ဖို့အတွက် မည်သည့်အဖွဲ့အစည်း (သို့) ပါတီများ (သို့) ကိုယ်တိုင်ရာရောက် သွားပေးမည် စသည်ကို ၄င်းအဖွဲ့တို့က ဆွေးနွေးမှုများ မပြုလုပ်ရသည့်အတွက် မသိရသေးပေ။
၎င်းအပြင် ရန်ပုံငွေ မည်မျှရရှိခဲ့သည်ကိုလည်း မသိရသေးကြောင်းကို သူက " ရန်ပုံငွေကတော့ မနက်ဖြန်လောက်မှ စာရင်းကိုလုပ်ရမယ်ဖြစ်တဲ့အတွက် မသိရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်မှတ်တွေကို ကျနော်တို့က ဘောလုံးကန်တဲ့သူတွေ၊ ပြီးတော့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေ၊ နောက်ပြီးတော့ ရခိုင်ဆိုင်တွေမှာ ရောင်းဖို့ပေးထားပါတယ်။ ဒါကြောင့် စာရင်းတွေကို အခုမှ လိုက်ကောက်နေပါတယ်။ ဘယ်လောက်ရတယ် ဆိုတာကတော့ မနက်ဖြန်လောက်မှပဲ သိရပါမယ်။ " ဟု ဆိုသည်။
ရန်ပုံငွေ ခြေစမ်းပွဲကို ရွှေလုပ်ငန်းဆိုင်ရာ အလုပ်သမားအဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဟောင်း အသင်းထံတွင် ၄င်းအဖွဲ့မှ ၅ ဂိုး ၃ ဂိုးနှင့် ရှုံးနိမ့်ခဲ့ကြောင်း ဦးဆန်းမောင်ဇံက ပြောသည်။
လာရောက်ကြည့်ရှုကြသူများ။ လာရောက်ကြည့်ရှုကြသူများ။
" အဲဒီလက်ရွေးစင်ဟောင်းအသင်းက ၅ ဂိုးဖြစ်ပါတယ်။ ကျနော်တို့ ဒီ ရွှေအလုပ်သမားအဖွဲ့က ၃ ဂိုးဖြစ်ပါတယ်။ ကျနော်တို့ ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ " ဟု ပြောသည်။
အဆိုပါ ခြေစမ်းပွဲကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားများ ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသားများဖြစ်ကြသော သရုပ်ဆောင် မင်းသွေး၊ အဆိုတော် ညီမင်းခိုင်နှင့် ဖေါ်ကာတို့အပါအ၀င် ဘောလုံးဝါသနာရှင်များက လာရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရခိုင်ဒုက္ခသည်များကို ဒီထက်မက အများကြီးထိရောက်အောင် အကူအညီပေးနိုင်ရန် ယခုလို ရန်ပုံငွေခြေစမ်းပွဲများ အောင်အောင်မြင်မြင်စည်စည်းကားနှင့် နောက်ထပ်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)