Monday, August 12, 2013

ရွှေတိဂုံ ရက္ခိုင်မောင်မယ် တံမြက်စည်းလှဲအသင်းဝင်များနှင့် ၈၈ မျိုးဆက် (ရခိုင်) အဖွဲ့ဝင်များတွေ့ဆုံ

DSC_0744
ဘင်္ဂလာဒေခ်ျ့မှ ရောက်ရှိနေသော ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ အဖွဲ့ဝင်များသည် ယမန်နေ့က ရွှေတိဂုံ ရင်ပြင် အနောက်ဘက်စောင်းတန်းရှိ ရခိုင်တန်ဆောင်းသို့ သွားရောက်ပြီး ရက္ခိုင် မောင်မယ် တံမြက်စည်းလှဲ အသင်းဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ဦးခိုင်မြတ်ကျော်မှ သူတို့ လာရောက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။ ၎င်းနောက် အဖွဲ့ခေါင်းဆောင် ဦးခိုင်ဆန်းအောင်မှ အဖွဲ့မှ လှူဒါန်းငွေ ကျပ် ၅၀၀၀၀ နှင့် တစ်ခြား အလှူရှင် နှစ်ဦးမှ လှူဒါန်းငွေ ကျပ် ၂၀၀၀၀ အား ရက္ခိုင်မောင်မယ် တံမြက်စည်းလှဲ အသင်း ဥက္ကဌ ဦးခင်မောင်သန်းသို့ ပေးအပ်လှူဒါန်းသည်။
DSC_0759ယင်းနောက်ပိုင်း အသင်း ဥက္ကဌ ဦးခင်မောင်သန်းမှ ငွေ လှူဒါန်းသည့် အပေါ် ဂုဏ်ပြု လက်မှတ်များ ပြန်လည် ပေးအပ်သည်။ မိုးများ ရွာသွန်းနေသည့်ကြားထဲက ရွှေတိဂုံ ရင်ပြင်တွင် တံမြက်စည်းလှဲနေကြသည့် လူငယ် မောင်မယ်များအား မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြသည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရခိုင်မောင်မယ် တံမြက်စည်းလှဲ အဖွဲ့ဝင်များသည် ရွှေတိဂုံ ရင်ပြင်တော်အား တံမြက်စည်းလှဲကာ ကုသိုလ် ဒါန ပြုလုပ်ကြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: