
ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ်ရှိလမ်းမကြီးအားကွန်ကရစ်လမ်းများ ပြုလုပ်ရာတွင် အောက်ခံသဲများနှင့် ကျောက်များကို ခံထားသော်လည်း ရခိုင်ပြည်နယ်တွင် မိုးရွာသွန်မှုကြောင်း အောက်ခံ သဲများ မိုးရေနှင့်အတူ မျောပါသွားသဖြင့် လမ်းမှာ ကြာရှည်မခံနိုင်ကြောင်းကို ဒေသခံများမှ သုံးသပ်ပြောဆိုလျှက်ရှိသည်။ “လမ်းကဗျာ၊ အောက်ဖက်မှာ သူတို့က ကျောက်တုံးတွေ ခံထားတယ်။ ကျောက်တုံးအပေါ်မှာ စစ်တွေကမ်းစပ်ကရတဲ့ သဲတစ်ထပ် ပြန်ဖြူးတယ်။ အဲဒီအပေါ်ကမှ ကွန်ကရစ်လောင်းတယ်၊ မိုးရွာတာနဲ့ သဲတွေ မျောပါသွားတော့ ကွန်ကရစ်လမ်းမက ဒီအတိုင်း ကျောက်တုံးတွေအပေါ် တင်ကျန်ခဲ့သလိုမျိုးဖြစ်နေတယ်။ အဲဒါကို တန်ချိန်မြင့် ကားတွေသွားတော့ လမ်းက ဒီအတိုင်း ကျိုးသွားတယ်”ဟု ဒေသခံတစ်ဦးမှ RSV ကို ပြောပြပါသည်။ စစ်တွေမြို့ပေါ်ရှိ လမ်းမကြီးကို ယခုနှစ် မိုးဦးကတည်းက ကတ္တရာစေးလမ်းမှနေ ကွန်ကရစ်လမ်းအဖြစ် ပြုပြင်လျှက်ရှိသည်။
(ဤသတင်းအား RSV မှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment