Thursday, August 8, 2013

စစ်တွေတွင် လျှပ်စစ်မီးသုံးစွဲခတိုးကောက်ရန်အတွက် ကုမ္ပဏီများက တောင်းဆိုခြင်းကို ကန့်ကွက်သဖြင့် လျှပ်စစ်မီး တစ်မြို့လုံးဖြတ်တောက်

စစ်တွေတွင် လျှပ်စစ်မီးသုံးစွဲခတိုးကောက်ရန်အတွက် ကုမ္ပဏီများက တောင်းဆိုခြင်းကို ကန့်ကွက်သဖြင့် လျှပ်စစ်မီး တစ်မြို့လုံးဖြတ်တောက်
----------------------------------သြဂုတ် ၇ ရက် ၊rsv
ယနေ့ သြဂုတ်လ ၇ ရက်နေ့က စစ်တွေမြို့တွင် လျှပ်စစ်မီးသုံးစွဲခ တစ်ယူနစ် ၄၈၀ အထိတိုးကောက်မည်ဟု မြို့ပေါ်ရပ်ကွက်အသီးသီးမှ ရပ်ကွက်လူကြီးများအား ဖိတ်ခေါ်ကာ ဖိုးသီးချိုကုမ္ပဏီအပါအ၀င် မီးပေး သည့်ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသခံများက ဖိုးသီးချိုကုမ္ပဏီ၏ အစိုးရမှ ဆီမပေးသဖြင့် မီးသုံးစွဲခြင်းကို တိုးမြှင့်ရန်ရှိသည်ဟု ပြောဆိုခြင်းကို တက်ရောက်လာသည့် မြို့ခံများက ကန့်ကွက်ကဲ့ကြကြောင်း သိရသည် ။

ယင်းအတွက် စစ်တွေမြို့တစ်မြို့လုံးအား လျှပ်စစ်မီးပေးမှုအား ဖိုးသီးချိုကုမ္ပဏီကညနေ၇နာရီခန့်မှစကာမီးဖြတ်တောက်ထားခြင်းဖြစ်သည်။ယင်းအကျိုးဆက်ကြောင့် ဒေသခံများအနေဖြင့် မကျေမနပ်ဖြစ်နေကြပြီး လျှပ်စစ်မီးပေးသည့် ကုမ္ပဏီများအနေဖြင့် မြို့လူထုဆန္ဒကို ဆန့်ကျင်နေလျင် ရှေ့ဆက်အကျိုးရလဒ်ကောင်းမွန်မည်မဟုတ်ကြောင်း လည်း ပြောဆိုနေကြသည်။

လျှပ်စစ်မီးပေးမည့်ကုမ္ပဏီများမှာ မိမိတို့အကျိုးတစ်ခုတည်းကိုသာကြည့်ပြီး သက်ဆိုင်ရာနှင့်ပူးပေါင်းကာ ဒေသခံများအား အလေးမထားပဲ လုပ်ဆောင်နေကြောင်း၊ယင်းအပြင်အဆိုပါကုမ္ပဏီများမှာ မြို့လူထု၏ တောင်းဆိုချက်အရ ပေါ်လာခြင်းမဟုတ်ဘဲ ကုမ္ပဏီကောင်းစားရေးအတွက်လုပ်ဆောင်နေခြင်းဖြစ်သည့်အပြင်ရခိုင်ပြည်သူလူထုကိုဂုတ်သွေးစုပ် နေခြင်းသာဖြစ်ကြောင်းလည်းပြောကြ သည်။

ရခိုင်ပြည်နယ်မှ သဘာဝဓါတ်ငွေ့ဖြင့် တရုတ်နိုင်ငံလျှပ်စစ်မီးအတွက် ဆောင်ရွက်နေပြီဖြစ်သော်လည်း ရခိုင်ပြည်သူများအတွက် သဘာဝဓါတ်ငွေ့ကိုသုံးစွဲခြင်းရရေးအတွက်အစိုးရအနေဖြင့်မည်သည့်လုပ်ဆောင်မှုမျိုးလည်းပေးနိုင်ခြင်းမရှိကြောင်းလည်း ပြောကြသည်။
(ဤသတင်းအား RSV ၏ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: