ရှစ်လေးလုံး ၂၅ နှစ်ပြည့်
ငွေရတုအခမ်းအနား ပထမနေ့ (သြဂုတ်လ ၆ ရက်)တွင် အချက် (၆)ချက်ပါတဲ့
ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချက်(၆)ချက်ထဲက
တစ်ချက်ဖြစ်တဲ့ " စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ကဏ္ဍ " ဆိုတဲ့
ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးက အဓိပ္ပါယ်ရှိရှိနဲ့
အကျယ်တ၀န်းဆွေးနွေးသွားတာကို တင်ပြလိုက်ပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့
ဒီနေဆွေးနွေးမယ်ခေါင်းစဉ်းက အင်မတန်ကျယ်ပြန်တဲ့ ခေါင်းစဉ်းပါ။ တကယ်ဆိုရင်
ဒီခေါင်းစဉ်းကို ကျွန်တော်တို့ ပြည့်ပြည့်စုံစုံဆွေးနွေးမယ်ဆိုရင်
ရက်ပေါင်းများစွာ ဆွေးနွေးရမယ့် ခေါင်းစဉ်ပါ။ ဒါကြောင်မို့လို့ အခုဒီနေ့
ရတဲ့အချိန်လေးတော့အတွင်းမှာ ကျွန်တော်ဆွေးနွေးမှာက အကျဉ်းရှုံ့ကာ
ထိကာလောက်ပဲ ဆွေနွေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး
ထိထိရောက်ရောက်ဖြစ်အောင် ကျွန်တော် ကြီုးစားပြီးတော့ တင်ပြထားပါတယ်။
ဒါကြောင့် ကျွန်တော် ဆွေးနွေးမယ့် အချက်လက်တွေနဲ့ ပတ်သတ်လို့
ကျယ်ပြန့်တဲ့စိတ်၊ ပွင့်လင်းတဲ့စိတ်နဲ့
အားလုံးဂရုတစ်စိုက်နားထောင်းပြီးတော့ ဝိုင်းဆွေးနွေးပေးကြဖို့လည်း
ဖိတ်ခေါ်ပါတယ်။
ကျွန်တော် ဆွေးနွေးမယ့်ခေါင်းစဉ်းက " အမျိုးသားပြန်လည် သင်မြတ်ရေး၊ စိန်ခေါ်မူများနှင့် အခွင့်အလမ်းများ " ဖြစ်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ နိုင်ငံရောက်နေတဲ့
အခြေအနေဟာ တကယ့်ကို လမ်းဆုံ၊ လမ်းခွ အခြေနေမှာ ရောက်နေတာပါ။ ဘယ်လိုလမ်းဆုံ၊
လမ်းခွမျိုးလည်းဆိုတော့ ပြီးခဲတဲ့ စစ်အာဏာရှင်စနစ် တစ်လျှောက်လုံးမှာ
အစွန်းကုန် ထိမ်းချုတ်ထားတဲ့ နယ်ပယ်အသီးသီးကို အခုမှ တစ်စတစ်စနဲ့
ဖြေလျှော့ပေးလာတဲ့ အဆင့်ပဲရှိပါသေးတယ်။ အဲဒီတော့ ဖြေလျှော့ပွင့်လင်းမူ
ရှိလာတဲ့အထဲမှာ ထူးခြားတဲ့ အချက်တွေကတော့ နိုင်ငံရေးအကျဉ်းသား လွတ်လာတာ၊
ပြည်ပကနေပြီးတော့ ထင်းရှားတဲ့ နိုင်ငံရေးတက်ကြွတဲ့ လှုက်ရှားသူတွေ ပြန်လာတာ၊
မီဒီယာနယ်ပယ်မှာ အတိုင်းတာတစ်ခုထိ ရေးခွင့်၊ ပြောခွင့်ရလာတာတွေ၊
နောက်ကြားဖြတ်ရွေးကောင်ပွဲမှာ N L D ဝင်ရောက်ယှဉ်းပြိုင် အနိုင်ရခဲ့တာတွေ၊
အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေတာတွေနဲ့ အနောက်နိုင်ငံ သံတမန်ဆက်ဆံရေး
ပြန်ပြီးကောင်းမွန်လာတာတွေ၊ အဲ့ဒီတော့ အဲဒီအချိန်တွေဟာ နိုင်ငံတကာမှာ
အသွင်ကူးပြောင်းရေးကာလ အတွေ့အကြုံတွေအရဆိုလို့ရှိရင် တချို့ အဲ့ဒီ
အသွင်ကူးပြောင်းရေးကာလ ကိုယ်နှိုပ်က နှစ်ပေါင်းများစွာကြာပြီးတော့
တည်ငြိမ်နေပြီးတော့ အဲ့ဒီထဲကကို ရုန်းမထွက်နိုင်ဘဲနဲ့ တန့်နေတဲ့
အခြေအနေမျိုး တချို့ နိုင်ငံတွေမှာဆိုရင် ပြန်ပြီးလျှော့ကျ သွားတာတွေတောင်
ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အခု ကျွန်တော်တို့ ဒီနေ့
ရောက်နေတဲ့အချိန်ဟာ လမ်းဆုံလမ်းခွအချိန်မှာ ရောက်နေတဲ့လို့
ကျွန်တော်တင်ပြဖြစ်ပါတယ်။
အဲဒီတော့ ဖြေလျှော့ပွင်လင်းတဲ့
အခြေနေက နေပြီးတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားဖို့ဆိုတာဟာ
အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းစဉ်နဲ့သာ ဖော်ဆောင်နိုင်မယ်လို့
ကျွန်တော် ယုံကြည်တဲ့အကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။
အဲဒီတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး
ဘာကြောင့် လိုအပ်တာလဲ ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော် အမြင်အရ ကျွန်တော်
ဒီမှာတင်ပြချင်တာက ကျွန်တော်တို့ လူ့အဖွဲ့စည်းအတွင်းမှာ ကွဲလွဲနေတဲ့
နယ်ပယ်သုံးခု ရှိတယ်လို့မြင်ပါတယ်။ တစ်ခုကတော့ အရပ်ဘက်နဲ့ စစ်ဘက်
ဆက်ဆံရေးပါ။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခပါ၊
နောက်တစ်ခုကတော့ လူမျိုးရေး ဘာသာရေး အယူဝါဒရေးရာ ကွဲလွဲ့မှုတွေအပေါ်မှာ
သည်းမခံနိုင်တဲ့ အခြေအနေတစ်ခုပါ။ အဲဒီ ကွဲလွဲမှုသုံးခုတွေအပေါ်မှာ
ကျွန်တော်တို့ ကြုံနေရတယ် လို့ မြင်ပါတယ်။
ပထမဦးဆုံး ကွဲလွဲမှုဖြစ်တဲ့ အရပ်ဘက်၊ စစ်ဘက်
ဆက်ဆံးရေးနဲ့ ပတ်သတ်လို့ရှိရင် (၁၉၆၂)ခုနှစ် ကျွန်တော်
အသက်နဲ့ပြောရလိုရှိရင် ကျွန်တော်မွေးတဲ့ အချိန်ကနေပြီးတော့
စစ်အုပ်ချုပ်ရေးတွေနဲ့ တောက်လျှောက် ကျွန်တော်တို့ တစ်ပါတီ အာဏာရှင်စနစ်နဲ့
နောက်ဆုံး ၈၈ နဲ့ ဖြတ်လာတဲ့အချိန်မှာ စစ်တပ်သာအဓိက စစ်တပ်ဟာ တိုင်းပြည်ရဲ့
ကျော့ရိုးမန်တိုင် ဖြစ်တယ်ဆိုတဲ့ အယူအဆကို အခိုင်အမာထူထောင်လာတာကို
တွေ့ရပါတယ်။ အဲ့ဒီအခါမှာ စစ်တပ်က နိုင်ငံတော်လူခြုံရေးဟာ အရေးကြီးတယ်။
ဒါကြောင့် နိုင်ငံတော် လုံခြံးရေးအတွက် စစ်တပ်ဟာ တိုင်းပြည်မှာ အရေးပါဆုံး
ဖြစ်နေရတယ်ဆိုတဲ့ အယူဆတစ်ခု ထူထောင်လာပါတယ်။ အဲဒီအယူဆမှာလည်း
နိုင်ငံတော်ဆိုတဲ့ စကားရပ်မှာ အုပ်ချုပ်သူတွေရဲ့ လုံခြုံရေး၊
ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးတွေကိုပါ နိုင်ငံတော်လုံခြုံရေးဆိုတဲ့
အယူအဆကို သွတ်သွင်းလာတာ တွေ့ရပါတယ်။ အဲ့သလိုနဲ့ စစ်ဘက်ဟာ အဓိကဆိုတဲ့
အယူအဆကို ထူထောင်လာရင်းနဲ့ စစ်ဘက်ဆိုတဲ့အခါမှာ သာမန်စစ်သားတွေဟာ
အင်မတန်ဆင်းရဲချို့တဲ့တာကို ကျွန်တော်တို့ အများကြီးတွေရပါတယ်။
ဆိုလိုချင်တာက စစ်တပ်နဲ့နီးစပ်တဲ့ စီးပွားရေးအင်အားစုတွေ ကြားထဲမှာ
လက်ဝါးကြီးအုပ်မှုတွေ ခြစားမှုတွေ အချိန်အဝါသုံးမူတွေနဲ့
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး အဆောက်အအုံ လူမှုရေးအဆောက်အအုံထဲမှာ
စစ်တပ်အင်အားစုဟာ အားကောင်းလာပါတယ်။ တဖြည်းဖြည်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ
အကျိုးစီပွားတွေ အဆောက်အုံတစ်ခုလုံးနဲ့ဆိုင်တဲ့ အကျိုးစီးပွားတွေပါ
ကြီးထွားလာပြီးတော့ အဲ့ဒီအကျိုးစီးပွားတွေကို တရားဝင်ဖြစ်အောင် ၁၉၇၄ ခုနှစ်
ဖွဲ့စည်းပုံးအခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့
စစ်ဘက်ဆိုင်ရာအရေးပါမှုကို တရားဝင်ဖြစ်အောင် ကြိုးစားကြပါတယ်။ နောက်
ရွေးကောက်ပွဲဆိုတဲ့အခါမှာလည်း ရေးကောက်ပွဲ သတ်သတ်ဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။
ရွေးကောက်ပွဲမှာ မျှတတဲ့ ရေပြင်ညီဖြစ်တဲ့ ကစားကွင်းမျိုးမရဘူးဆိုရင်
တစ်ဖက်စောင်းနှင်း ရွေးကောက်ပွဲ ရလဒ်တွေပဲ ထွက်လာမှာပါ။ အဲ့ဒါကြောင့်
အုပ်ချုပ်ရးနဲ့ ဓနဥစ္စာ ခွဲဝေမှုဆိုင်ရာ အသာစီးယူထားတဲ့ အခြေနေတွေနဲ့
ရေးကောက်ပွဲ မျက်နှာစာသစ်ကို ၂၀၁၀ မှာ စပြီးဖွင့်လှစ်ဖြစ်တယ်လို့ ကျွန်တော်
အဲလိုပဲရှုမြင်ပါတယ်။ အဲ့ဒီခါမှာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးနဲ့
ပတ်သတ်ပြီးတော့ ကျွန်တော်တို့ အရပ်သားအင်အားစုတွေ နိုင်ငံရေးအင်အားစုတွေရဲ့
နိုင်ငံရေးအယူအဆတွေ ကတော့ နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကို
အခြေခံတစ်ခုအဖြစ် အရေးပါတဲ့အခြေခံအဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်။ အဲ့ဒီ
အခါမှာ ကျွန်တော်တို့ ဘက်ကနေပြီးတော့ ကျွန်တော်တို့ ခံစားရတာဟာ
စစ်ဘက်အင်အားစုတွေကနေ လူ့အခွင့်ရေးကို ဒူးနဲ့ဒေနဲ့ ချိုးဖောက်တာ
ခံနေရတယ်လို့ ကျွန်တော်တို့ မြင်ရပါမယ်။
အဲသလိုနဲ့ အရပ်ဘက်က စစ်ဘက်ပေါ်မှာ ယုံကြည်မှု
ပျက်ပြားလာပါတယ်။ နောက်တစ်ခါ နိုင်ငံရေးကိုစားပြုမှုကို ကျွန်တော်တို့
ဒီမိုကရေစီနည်းကျနဲ့ မရယူနိုင်တဲ့အခါမှာ ကျွန်တော်တို့ အရပ်ဘက်နိုင်ငံရေး
အင်းအားစုတွေက လူထူအုံကြွမှုနည်း၊ လက်နက်ကိုင် ခုခံတဲ့နည်းတွေနဲ့
နိုင်ငံရေးကိုယ်စားပြုမှုကို ရယူဖိုကြိုးစားခဲ့ကြပါတယ်။ အဲဒီအကျိုးဆက်ကတော့
နိုင်ငံရေး အချုပ်ချာအာဏာစက်ဟာ တဖြည်းဖြည်းနဲ့ နိမ့်ကျလာတာကို အထူးသဖြင့်
နယ်စပ်ဒေသတွေမှာ တွေ့ရပါတယ်။ တဖက်နိုင်ငံက ငွေကြေးစနစ်ကိုသုံးတယ်။
တဖက်နိုင်ငံက တယ်လီဖုန်းသုံးတယ်။ တဖက်နိုင်ငံက လမ်းပန်းဆက်သွယ်ရေး အပေါ်မှာ
ခိုလှုံနေရတယ်။ မှီခိုနေရတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ အချုပ်ချာအာဏာစက်
နည်းပါးတဲ့ လျှော့ကျတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲ
အကျိုးဆက်အဖြစ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ကျွန်တော်တို့ တိုင်းရင်းသား
လက်နက်ကိုင် ပဋိပက္ခတွေအပေါ်မှာ အကြောင်းပြုပြီးတော့ သံတမန်ဆက်ဆံရေး၊
စစ်ရေးဆက်ဆံရေး၊ စီးပွားရေးအရ အကျိုးမြတ်ရယူမှုတွေအပေါ်မှာ
ပထ၀ီနိုင်ငံရေးဆိုင်ရာ ဆိုးကျိုးတွေ ကျွန်တော်တို့ ရင်ဆိုင်လာရပါတယ်။
နောက်အရေးကြီးတဲ့ နယ်ပယ်တစ်ခုကတော့
တိုင်းရင်သားတွေကြားမှာရှိတဲ့ ပဋိပက္ခပါ။ တိုင်းရင်းသားတွေလို့ပြောရင် ဗမာဟာ
တိုင်းရင်သားတစ်ခုဖြစ်ကြောင်း အလေးအနက် ကျွန်တော်ပြောကြားလိုပါတယ်။
အဲဒီတို့ ဒီနေ့ဖြစ်နေတဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ
မယုံမကြည်မှုတွေဟာ အရင်ဆုံး လွတ်လပ်ရေး မတိုင်ခင်က အခြေအနေကို ပြန်ကောက်ရရင်
ကိုလိုနီတို့ရဲ့ဆိုးမွေးအဖြစ်နဲ့ ပြည်မနဲ့ တောင်းတန်းဒေသတွေရဲ့
ခွဲခြားအုပ်ချုပ်တာမျိုး၊ သွေးခွဲအုပ်ချုပ်မှုမျိုးတွေနဲ့ လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်မှု မညီမျှမှုတွေဟာ ကိုလိုနီအမွေးဆိုးအဖြစ်နဲ့ ကျွန်တော်တို့
ရရှိခဲ့ပါတယ်။ အဲဒီကနေပြီးတော့ လွတ်လတ်ရေး ရရှိဖို့ ကြီုးစားတဲ့အခါမှာလည်း
တိုင်းရင်းသားတန်းတူ ညီမျှရေးတွက် ပထမဦးဆုံးနဲ့ တစ်ခုတည်းသော
နိုင်ငံရေးသဘောတူချက်ဖြစ်တဲ့ ပင်လုံကတိကဝက်ကို
မဖော်ဆောင်နိုင်ခဲ့တာဟာလည်းပဲ တိုင်းရင်းသားတွေကြား ပဋိပက္ခကို
ရေရှည်ကြီးထွားစေခဲ့ပါတယ်။
နောက်တစ်ခုကတော့ ဒီအိမ်နီးချင်း
နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုလည်း ကျွန်တော်တို့ ဒီပဋိပက္ခကို ကြာရှည်စေတဲ့
အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
နောက် အဲဒီတိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ
ပြည်တွင်းစစ်နဲ့ဆက်စပ်တဲ့ စီးပွားရေး ကိစ္စတွေကိုလည်း အဓိကထား အလေးအနက်
လေ့လာဖို့လိုပါတယ်။ ပြည်တွင်းစစ်ကြောင့်မို့လို နှစ်ဖက် ပစ်ခတ်နေရတဲ့
စရိတ်တွေဟာ မှုးယစ်ဆေးဝါးထုတ်လုပ်မှု တိုင်းပြည်ရဲ့ သံယံဇာတတွေကို
ထုတ်ယူရောင်းချမှု ဆပ်ကြေးကောက်မှု ဆိုတာတွေကို စစ်ဖြစ်နေတဲ့ နယ်အသီးသီးကနေ
ကျုးလွန်းနေတာကို တွေ့ရှိရပါတယ်။ အဲ့ဒီတော့ တိုင်းရင်းသားတွေကြား ပဋိပက္ခမှာ
တိုင်းရင်းသားတွေဖက်က ရည်ရှည်နှစ်ပေါင်းများစွာ ခံစားခဲ့ရတာတွေကို
ကျွန်တော်တို့ အလေးအနက်ထားဖို့ သတိမူဖို့လိုပါတယ်။ အဲဒါကတော့
တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးတန်းတူ ညီမျှမှုအခွင့်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ
စာပေယဉ်ကျေးမှုဖော်ထုတ်ခွင့် သင်ကြားခွင့်ဆိုတဲ့ အခွင်းရေတွေကို
လူအခွင်းရေးတွေမှာ ချိုးဖောက်ခံနေရတာတွေဟာ အခုချိန်ထိ ဆက်ပြီးတော့
ရှိနေဆဲ့ပါပဲ။ အဲတိုင်းရင်းသား ပဋိပက္ခဖြစ်တဲ့ အကျိုးဆက်တွေနဲ့
အစုလိုက်အပြုံလိုက် ရွေ့ပြောင်းမူတွေ ကျွန်တော်တို့ တိုင်းရင်းသား
ပြည်သူတွေအနေနဲ့ ဒုက္ခသည်စခန်းတွေထဲမှာ နှစ်ပေါင်းများစွာ နေနေရတာ၊
ပြည်တွင်းမှာလည်း ရွေ့ပြောင်းဒုက္ခသည်အဖြစ်နဲ့ နှစ်ပေါင်းများစွာ နေနေရတာ၊
နောက် တစ်ဖက်နိုင်ငံကို ကျနော်တို့ ဟုတ်လား သူများမလုပ်ချင်တဲ့အလုပ်တွေ
အင်မတန် နိမ့်ကျတဲ့ အလုပ်တွေကို သွားပြီးတော့ ရွေပြောင်းလုပ်သားတွေအဖြစ်နဲ့
လုပ်နေရတာတွေ အာလုံးဟာ တိုင်းရင်းသား ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့်
ဖြစ်ပါတယ်။ နောက်ဆုံး လက်နက်ကိုင် ပဋိပက္ခဟာ နောင်မျိုးဆက်တွေအထိ
ဒုက္ခသည်စခန်းမှာကြီးတယ်။ သူအတွက် သေနတ်ကိုင်ပြီး ခုခံရတာဟာ
သူရဲ့ဘဝပေးရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသော ရွေးလမ်းအအဖြစ်နဲ့
ဖြစ်လာခဲ့တာဟာ ကျွန်တော်တို့ အင်မတန် စိတ်ထိခိုက်ဖို့ ကောင်းပါတယ်။
နောက်ထပ် အရေးကြီးတဲ့ နယ်ပယ်တစ်ခုကတော့ ကွဲလွဲမှုများအပေါ်မှာ သည်းမခံနိုင်မှုပါ။
အဲ့ဒါက ကျွန်တော်တို့ အခုနိုင်ငံက
အထိုက်အလျှောက် ပွင့်လင်းလာတဲ့အခါမှာ အရင်က ကျနော်တို့ အောက်လုံးတွေပေါ့။
ကျွန်တော်တို့ မကျေနပ်ချက်တွေ ကျွန်တော်တို့ ကြားထဲမှာ အမြင်မကြည်တာတွေဟာ
ပုံသဏ္ဍန်မျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။ ဘာသာရေး၊ လူမျိုးရေးကွဲလွဲမှုတွေ။ ဒါဟာ
ကျွန်တော်တို့ အကူးအပြောင်မှာ အင်မတန် သတိထားရမယ့် ကိစ္စပါ။ နောက်တစ်ခုကတော့
အယူအဆရေးရာ ကွဲလွဲမှုတွေပါ။ အဲ့ဒါ ကျွန်တော်တို့ လက်ဝဲ အယူဆ၊ လက်ယာ အယူဆ
စတဲ့အယူဆရေးရာ ကွဲလွဲမှုတွေ နောက်တစ်ခုကတော့ ဒီနေ့ liberal ဆိုတာ အင်မတန်
အားကောင်းလာတဲ့ အချိန်ပါ။ အမျိုးသားရေး ဝါဒီတွေနဲ့ liberal ဝါဒီတွေနဲ့
ကြားထဲမှာရှိတဲ့ အယူဆကွဲလွဲမှုတွေ ဒါတွေကိုလည်း ကွဲလွဲမှုနယ်ပယ်တွေမှာ
ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ နောက်တစ်ခုကတော့
ကျွန်တော်တို့ မျိုးဆက်ကွာဟမှုတွေပါ။ ကျွန်တော်တို့ ဟိုတုန်းကတော့ pre war
တို့ post war တို့ဆိုပြီးတော့ စစ်ပွဲ ဒုတိယကမ္ဘာစစ် မတိုင်းခင်တုန်းက
မျိုးဆက်က သူတို့ ခံယူထားတဲ့ တန်းဖိုတွေ၊ နှုန်းစံတွေရှိပါတယ်။ နောက်
သူတို့ရဲ့ ဘဝနေထိုင်မှုဆိုင်ရာ သူတို့ရဲ့ စံချိန်စံနှုန်းတွေရှိပါတယ်။ အဲဒီ
စစ်ပြီးမျိုးဆက်မှာကျတော့ ကျွန်တော်တို့ စစ်မတိုင်းခင်က
မျိုးဆက်နဲ့ကွာလာသလို ဒီနေ့ ကျွန်တော်တို့ မျိုးဆက်တွေကြားထဲမှာ ဆိုရင်လည်း
အဲဒီ ကျွန်တော်တိုရဲ့ နှုန်းစံတွေ၊ တန်းဖိုထားမှုတွေဟာ ကွာဟလာတာကိုလည်း
ကျွန်တော်တို့ သတိထားဖို့ လိုမယ်လို့ မြင်ပါတယ်။ နောက် အရေးကြီးတဲ့
နယ်ပယ်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံဟာ ဒီ political Activism
လို့ခေါ်တဲ့ နိုင်ငံရေး တက်ကြွက်လှုပ်ရှားတဲ့ သမိုင်းကြောင်းနဲ့
ဖြတ်သန်းလာတဲ့အခါမှာ ဒီနေ့အပြောင်းအလဲမှာ လှုပ်ရှားတက်ကြွတဲ့သူတွေဟာ
အခုကျနော်တို့ နယ်ပယ်အသီးသီးမှာ ဦးဆောင်သူအဖြစ်နဲ့ ဖြစ်လာပါတယ်။
လက်ပတောင်းကိစ္စလိုမျိုး ဟုတ်လား မြစ်ဆုံကိစ္စလိုမျိုး၊ အဲသလိုမျိုး
လှုပ်ရှားတက်ကြွသူတွေနဲ့ နိုင်ငံရေး ခေါင်ဆောင်တွေကြားထဲမှာ
ရှုမြင်တဲ့မြင်ကွင်းပါ။ နိုင်ငံရေးခေါင်းဆောင်တွေက တစ်နိုင်ငံလုံး
နိုင်ငံရေးအခြေအနေ၊ အိမ်နီးချင်းနိုင်ငံ ဆက်ဆံရေးအခြေအနေတွေကို
ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်တဲ့အခြေအနေကို ကျွန်တော်တို့ issue
အလိုက် လှုပ်ရှားတတ်ကြွသူတွေနဲ့ ကြားမှာ သဟာဇာတဖြစ်အောင်
မထိန်းညှိနိုင်ဘူးဆိုရင် ဒါဟာလည်း သတိပြုရမယ့် ကွာဟာမှုတစ်ခုဖြစ်လာနေတယ်လို့
ကျွန်တော် သုံးသပ်မိပါတယ်။
အဲဒီတော့ ကျွန်တော်တို့
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြေရှင်းချက်တွေကို ရှာတဲ့အခါမှာ
ကျွန်တော်တို့ဟာ အတိတ်သမိုင်းတွေကို ပြောကြတယ်။ ဆွေးနွေးကြတယ်။
လက်ရှိအခြေအနေအပေါ်မှာ ကျွန်တော်တို့ပြောကြတယ်။ ပြီးရင် ဘာလုပ်မလဲဆိုတဲ့
ဖြေရှင်းချက်က ကျွန်တော်တို့ အင်မတန်ဝေးပါတယ်။ အရင်ဆုံးကတော့ ကောက်ချက်တွေ၊
တန်ဖိုးဖြတ်ချက်တွေ တူဖို့လိုပါတယ်။ ပြီးရင် ရွေးချယ်တဲ့နည်းလမ်းတွေနဲ့
အတတ်နိုင်ဆုံး ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သဟာဇာတဖြစ်ဖို့
လိုက်ပါတယ်။ အဲဒီမှာ ကျွန်တော်တင်ပြချင်တဲ့အချက်ကတော့ လွှတ်တော်ကို
အခြေပြုပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြေရှင်းဖို့ဆိုတဲ့
အယူအဆကိုတင်ပြချင်ပါတယ်။ ကျွန်တော်တင်ပြချင်တဲ့ လွှတ်တော်ဆိုတာဟာ
လက်ရှိလွှတ်တော်ကို ဆိုလိုတာမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ
တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ လွှတ်တော်ပေါ်ပေါက်လာရေးကို
အားလုံးဝိုင်းပြီးတော့ ကြိုးပမ်းသင့်တယ်လို့ မြင်ပါတယ်။ ဒါဟာ ကျွန်တော်တို့
ဖြေရှင်းချက်တစ်ခုအဖြစ်နဲ့ စဉ်းစားသင့်တဲ့ ကိစ္စပါ။ ဒါဟာ
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်စနစ်နဲ့ တည်ဆောက်မလဲဆိုတဲ့အပေါ်မှာ
အဓိကကျပါတယ်။
နောက်တစ်ခုကတော့ တည်ဆဲဖွဲ့စည်းပုံ
အခြေခံဥပဒေတွေဟာ ကျွန်တော်တို့ အငြင်းပွာစရာတွေ မြောက်များစွာနဲ့
ကျွန်တော်တို့ အတည်ပြုခဲ့တာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း
လက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရင်းနဲ့ ထောင်ကျခဲ့တာပါ။
အဲဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး
တည်ဆောက်နိုင်ဖို့ အခက်အခဲအတားအဆီးတွေ မြောက်များစွာ ရှိတယ်လို့မြင်ပါတယ်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလွန်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
နောက်တစ်ခုကတော့ တိုင်းရင်းသား တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်မယ့်
ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
မဖြစ်မနေပြုလုပ်ရမယ့် ဖြေရှင်းချက်အဖြစ်နဲ့ ရှုမြင်ပါတယ်။
အဒီတော့ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ကြမလဲ။
ဆိုတော့ ကျွန်တော်တို့
သာမန်ပြောကြတာရှိပါတယ်။ political dialogue လို့ပြောပါတယ်။ အဲဒီတော့
နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ဒီပြဿနာကို တကယ်ဖော်ဆောင်နိုင်မလား။
ဖြေရှင်းနိုင်မလား။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲတွေက ရလဒ်ဟာ
ဘယ်လိုအာမခံနိုင်မလဲ။ ဆွေးနွေးပွဲတွေဟာ နိုင်ငံတကာ ဖြစ်စဉ်မှာ၊
မြန်မာနိုင်ငံဖြစ်စဉ်မှာရော၊ ဆွေးနွေးပွဲပေါင်း
မြောက်များစွာတွေလုပ်ကြပါတယ်။ ပြီးရင် အဲဒီဆွေးနွေးပွဲတွေကို အာမခံမယ့်၊
အကောင်အထည်ဖော်မယ့် ယန္တယားစနစ်တကျ မရှိတဲ့အတွက်ကြောင့် ဆွေးနွေးပွဲတွေဟာ
ဆွေးနွေးပွဲအဖြစ်နဲ့ပဲ ရပ်တန့်သွားတာတွေများပါတယ်။ ဒါကြောင့်မို့လို့
ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံသားအားလုံးရဲ့ အချုပ်အခြာအာဏာ တည်ရှိတဲ့
နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ ပြည်ထောင်စု လွှတ်တော်ဖြစ်ရပါမယ်။
တည်ဆဲပြည်ထောင်စု လွှတ်တော်ဟာ ချွတ်ယွင်းချက်တွေ၊
အကန့်အသတ်တွေရှိနေတယ်ဆိုတာကို လေးလေးနက်နက် လက်ခံဖို့လိုပါတယ်။ အဲဒီတော့
ကျွန်တော်တို့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနေရာမှာ အရပ်ဘက်နဲ့
စစ်ဘက်ဆက်ဆံရေးနဲ့ တိုင်းရင်းသား ပဋိပက္ခတွေကို ဖြေရှင်းတဲ့ကဏ္ဍနဲ့ပတ်သက်ရင်
နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးက လွှတ်တော် Institution ကို
ဦးတည်သင့်တယ်လို့ ကျွန်တော် အကြံပြုလိုပါတယ်။ နောက်တစ်ခုကတော့
လူ့အဖွဲ့အစည်းကြားမှာရှိတဲ့ လူမှုရေး၊ ဒီနိုင်ငံရေး ဘာသာရေး၊ လူမျိုးရေး၊
အယူဝါဒရေးရာ ကွဲလွဲမှုတွေနဲ့ပတ်သက်ရင်တော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့
ကျင့်ဝတ်၊ တန်ဖိုးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေဆိုင်ရာ
အခန်းကဏ္ဍက ပိုပြီးတော့ အရေးပါတယ်လို့ မြင်ပါတယ်။ လက်ရှိအခြေအနေ အပေါ်မှာ
ကျွန်တော်တို့ အားသာချက်နဲ့ စိန်ခေါ်ချက်တွေကို ပြန်ပြီးသုံးသပ်မယ်ဆိုရင်
ကျွန်တော်တို့ အဲဒီ အားနည်းချက်တွေ၊ အကန့်အသတ်တွေရှိနေသော် ဆိုပေမယ့်လည်း
လွှတ်တော် Institution ရှိနေခြင်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
အသုံးချနိုင်တဲ့ အခွင့်အလမ်းတစ်ခုလို့ မြင်ပါတယ်။ အားနည်းချက်တွေအနေနဲ့
စိန်ခေါ်ချက်တွေ အနေနဲ့ပြောရမယ်ဆိုရင်တော့ လက်ရှိ ရှိနေတဲ့ လွှတ်တော်နဲ့
နိုင်ငံရေးအခြေအနေဟာ နိုင်ငံရေးကိုယ်စားပြုမှုအရ တရားဝင်မှုဆိုင်ရာ
စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီလွှတ်တော် ကိုယ်နှိုပ်က နိုင်ငံရေး အင်အားစုတွေ၊
တိုင်းရင်းသားအင်အားစုတွေကို နိုင်ငံရေးအရ ကိုယ်စားပြုသလား ဆိုတာဟာ
အဓိကကျတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လုံခြုံရေးဆိုင်ရာ
အာမခံမှုပါ။ လက်ရှိအခြေအနေဟာ ကျွန်တော်တို့ နယ်စပ်ဒေသတွေ၊
လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေဆဲ အခြေအနေတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့
အချုပ်အခြာ နယ်မြေပိုင်နက် စုစည်းမှု၊ လုံခြုံမှုကိုပါ စိန်ခေါ်နေတယ်လို့
မြင်ပါတယ်။ နောက်တစ်ခုကတော့ ဒီနေ့ စီးပွားရေးအပြောင်းအလဲတွေမှာ
လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မညီမျှမှုတွေဟာ တချိန်ချိန်မှာ
ကျွန်တော်တို့ ဟုတ်လား မကြေနပ်မှုတွေ၊ ပေါက်ကွဲမှုတွေ၊ လူမှုရေးမညီမသင့်မှုတွေ၊
ဖြစ်သွားစေနိုင်တဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ သုံးသပ်ပါတယ်။
နောက်တစ်ခုကတော့ လွှတ်တော်နဲ့ ကျွန်တော်တို့
နယ်ပယ်အသီးသီးမှာရှိတဲ့ ပုဂ္ဂိုလ်များအားလုံးရဲ့ စွမ်းဆောင်ရေးဆိုင်ရာ
အားနည်းမှုပါ။ ကျွန်တော်တို့ဟာ တစ်ဖက်က ကျွန်တော်တို့က အစိုးရမတရားတာတွေကို
ဆန့်ကျင်တယ်၊ တွန်းလှန်တယ်။ အဲဒီသမိုင်းနဲ့ပဲ ဖြန့်သန်းခဲ့တယ်။ တစ်ဖက်ကလည်း
ကျွန်တော်တို့ကို ဖိနှိပ်မယ်။ ချေမုန်းမယ်ဆိုတဲ့ အတွေအကြုံတွေနဲ့
ဖြတ်သန်းခဲ့ပါတယ်။ ဒီအသွင်းကူးပြောင်းရေးကာလနဲ့ ပတ်သက်ပြီးတော့ လိုအပ်တ့
စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ စိန်ခေါ်မှုအဖြစ်နဲ့
ရှိနေတယ်လို့ သုံးသပ်ပါတယ်။
အဲဒီတော့
ကျွန်တော်တို့အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြေရှင်းတဲ့အခါမှာ
လက်ရှိလွှတ်တော်ရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းရဲ့ အားနည်းချက်တွေ
ရှိနေတဲ့အတွက်ကြောင့် နည်းလမ်းသုံးသွယ်နဲ့ ချဉ်းကပ်ရမယ်လို့ မြင်ပါတယ်။
တစ်ခုကတော့ တည်ဆဲလွှတ်တော်ထဲမှာ
ပွင့်ပွင့်လင်းလင်းနဲ့ နိုင်ငံသားတွေကို အကျိုးပြုမယ့် ဥပဒေတွေကို
ပြဌာန်းနိုင်ဖို့၊ ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့
တည်ဆဲလွှတ်တော် ဘောင်အတွင်းမှာ ကြိုးစားတဲ့ နည်းလမ်းတစ်ခုပါ။
နောက်ထပ်နည်းလမ်းကတော့ လွှတ်တော်က နိုင်ငံရေးအရ ကိုယ်စားပြုမှု
အားနည်းနေတဲ့အချိန်မှာ လွှတ်တော်ပြင်ပက ဆွေးနွေး ဆောင်ရွက်မှုတွေ၊
လှုပ်ရှားမှုတွေဟာလည်း ချဉ်းကပ်ပုံနည်းလမ်းတစ်ခုအဖြစ်နဲ့
ဆက်ပြီးတည်ရှိနေမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လက်ရှိ ရှိနေတဲ့အခြေအနေကနေ
ရပ်တန့်မနေအောင်၊ ပြန်လျှော့ကျမသွားအောင်၊ ဆက်ပြီးတော့ ထိထိရောက်ရောက်နဲ့
ထက်ထက်မြတ်မြတ် တွန်းအားပေးနိုင်ဖို့အတွက်၊ နိုင်ငံမိသားစုရဲ့
ဝိုင်းဝန်းကူညီပံ့ပို့မှု အထောက်အပံ့တွေ၊ လိုတယ်လို့ ချဉ်းကပ်ပုံ
သုံးခုအဖြစ်နဲ့ ဆွေးနွေးတင်ပြလိုပါတယ်။
ဒါကြောင့် အားလုံးကို
ကျွန်တော်ပြန်ချုပ်ရရင် ကျွန်တော်တို့ နိုင်ငံမှာ
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးအရ
နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့
လွှတ်တော်ပေါ်ထွန်းလာရေးဟာ အရေးတကြီးလုပ်ရမယ့် နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါတယ်။
နောက်တစ်ခုကတော့ တည်ဆဲဖွဲ့အစည်းပုံ အခြေခံဥပဒေတွေကို
ပြင်ဆင်ဖို့ဖြစ်ပြီးတော့ တိုင်းရင်းသားတန်းတူညီမျှမှုကို အာမခံနိုင်တဲ့
ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေးဟာ ကျွန်တော်တို့
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မဖြစ်မနေလုပ်ရမယ့်
ဖြေရှင်းချက်တွေဖြစ်ကြောင်း ကျွန်တော်တင်ပြလိုပါတယ်။ အားလုံးကို
ကျေးဇူးတင်ပါတယ်။
(သတင်းအရင်းအမြစ်- Arakntimes)
No comments:
Post a Comment