Wednesday, August 7, 2013

ဆေးကုပေးနေသော ဆရာဝန်အမျိုးသမီးအား ဘင်္ဂလီကယ်ဆယ်ရေးစခန်းမှ ကုလားတစ်ဦးက ရန်ရှာခဲ့သ ဖြင့် ရုတ်ရင်းဆန်ခတ်ဖြစ်ပွားခဲ့

ကယ်ဆယ်ရေးစခန်းများတွင် ဆေးကုပေးနေသော ဆရာဝန်အမျိုးသမီးတစ်ဦးအား အုန်းတောကြီးကယ်ဆယ်ရေးစခန်းမှ ကုလားတစ်ဦးက ရန်ရှာဆဲဆိုပြီး ဒါးဖြင့်ခုတ်သတ်မည်ဟုပင် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းကြောင့် ရုတ်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၆ ရက်နေ့က Malteser မာတီဇာ(NGO) တွင်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ချမ်းမြေ့ငြိမ်း၊ မေမြို့ဇာတိ၊ ဖြစ်သူသည် တာဝန်အရ အုန်းတောကြီးကယ်ဆယ်ရေးစခန်း၊ သို့ သွားရောက်ကာ ဘင်္ဂလီကလေးငယ်များအား ဆေးကုသမှုပေးနေစဉ် သွားကိုက်သည်ဟုဆိုကာ ဘင်္ဂလီတစ်ဦးရောက်ရှိလာခဲ့ပြီး ဆေးကုပေးရန်ပြောဆိုခဲ့ကြောင်းသိရသည်။ ယင်းမှ တဆင့် ဆရာဝန်က ပေးသော ဆေးနှင့် မတင်းတိန်ဘဲ အခုချက်ချင်းပျောက်အောင် ကုပေးရန် ပြောဆိုရာမှ ဆရာဝန်အား ဆဲဆိုခြင်း၊ ဓါးဖြင့် ခုတ်သတ်မည်ဟု ပြောဆိုခြင်းများကို ပြုလုပ်ခဲ့သဖြင့် အခြားသောသူများက ၀င်ရောက်ဟန့် တားခဲ့ရကြောင်း မျက်မြင်သက်သေ ဘင်္ဂလီများထံမှ သိရသည်။ ယင်းအတွက် ဒေါက်တာ ချမ်းမြေ့ငြိမ်းအား RSV မှ ဆက် သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပါ။
ထိုကိစ္စနှင့်ပတ်သက်ပြီး Malteser အဖွဲ့မှ သတင်းထုတ်ပြန်ခြင်းမရှိသေးသကဲ့သို့ ထိုဘင်္ဂလီ ကိုလည်း တစ်စုံတစ်ရာ အရေးယူရန် တိုင်တန်းခြင်းမရှိသေးကြောင်းနှင့် ဖုံးဖိရန် ကြိုးစားနေကြောင်းလည်း သိရသည်။
ဘင်္ဂလီများသည် ထိုသို့ ကူညီပေးနေသူများကိုပင် သတ်မည်ဖြတ်မည်လုပ်သဖြင့် တိုင်းရင်းသားဝန်ထမ်း များ စိုးရိမ်နေကြကြောင်းလည်း သိရှိရပါသည်။ ထိုအုန်းတောကြီးစခန်းသို့ Malteser အဖွဲ့သွားရောက်ခြင်းကို ယာယီရပ်စဲထားကြောင်းလည်းသိရသည်။

သတင်းအပြည့်အစုံကိုဆက်လက်တင်ပြပါမည်။
(ဤသတင်းအား RSV ၏ ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: