Monday, September 30, 2013

မြန်မာမှ ကြက်သွန်တန်ချိန် ၅၀၀၀ ဘင်္ဂလားဒေ့ခ်ျတင်သွင်းမည်

onion
ကြက်သွန် ရှားပါး ပြတ်လပ်မူနှင့် ရင်ဆိုင်နေရသော ဘင်္ဂလာဒေခ်ျ့သည် မြန်မာနိုင်ငံမှ ကြက်သွန် တန်ချိန် (၅၀၀၀) တင်သွင်းသွားမည်ဟု သိရှိရသည်။

စက်တင်္ဘာလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ဝေသော The New Age သတင်းစာတွင် ဘင်္ဂလာ ကုန်သွယ်ရေး ၀န်ကြီးဌာနကထိုသို့ဝယ်ယူမည့်အကြောင်းကိုလွန်ခဲ့သောတနင်္ဂင်္နွေနေ့ကထုတ်ဖေါ် ပြောကြားခဲ့သည်ဟု ဖေါ်ပြသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ ဒေသအတွင်းမှ ကုန်သည်များ အနေဖြင့် မြန်မာနှင့် ကြက်သွန်နီ တန်ချိန် (၅၀၀၀) တင်သွင်းရန်ကို သဘောတူ လက်မှတ်ရေးထိုးထားပြီ ဖြစ်ကြောင်း၊ မြန်မာမှ ပထမဆုံး တင်သွင်းလာသော ကြက်သွန်နီများ ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနမှ ပြောသည်။

ဘင်္ဂလာဒေခ်ျ့တွင် ယခင်က ကြက်သွန်ကို အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှ အကြီးအကျယ် တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင် ရာသီ ဥတု ဆိုးရွားမူကြောင့် အိန္ဒိယ စိုက်ပျိုးရေးကို အထူး ထိခိုက်ခဲ့ရာ အိန္ဒိယမှ ဘင်္ဂလာဒေခ်ျ့သို့ ကြက်သွန် တင်ပို့ခွင့်ကို ပိတ်ပင်လိုက်သည်။

ယင်းနောက်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့တွင် ကြက်သွန် ဈေးနုန်းမှာ မိုးပေါ် ခုန်တက်သွားခဲ့သည်။

ယခင်က ကြက်သွန်နီ တစ်ကီလိုကို တာကာ ၄၀နှင့် ၄၅ သာရှိခဲ့သော်လည်း ယခုအခါ တာကာ ၈၅ မှ ၉၅ထိ ခုန်တက်သွားခဲ့သည်။

မြန်ကျပ်ငွေနှင့်ဆိုလျှင် တစ်ကီလိုကို ကျပ် ၄၀၀၊ ၄၅၀ မှ ကျပ် ၈၅၀ နှင့် ၉၅၀ ထိ ခုန်တက်သွားခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ ဘဏ်သည် ယခုအခါ ကြက်သွန်များကို မြန်မာ အပါအ၀င် ပါကိစ္စတန်မှ တင်သွင်းနိုင်ရန် အတွက် အတိုးနုန်း အနည်းငယ်ဖြင့် ကုန်သည်များကို ငွေထုတ်ချေးရန် စီစဉ်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: