Monday, October 21, 2013

သံတွဲ ဖမ်းဆီးခံ (၇၈)ဦးထဲမှ ရခိုင်အမျိုးသား (၅) ဦး ပြန်လည်လွတ်မြောက်လာ

Photo: ကျောက်ဖြူထောင်က အာမခံနဲ့ လွှတ်လာတဲ့ သံတွဲ ဒေသခံ ကို မိုးမြင့်အောင် ခေါ် ကိုငယ်


ဓါတ်ပုံ - Arakan Civil Society Network
ကိုမိုးမြင့်အောင် (ခ) ကိုငယ်
Photo: ကျောက်ဖြူ အကျည်းထောင်က ကွင်းလုံးကျွတ်လွှတ်သူ သံတွဲမြို့နယ်  နာရေးကူညီမှု အသင်းက ဥက္ကဋ္ဌ ဦးဝင်းကိုလေး။

ဓါတ်ပုံ - Arakan Civil Society Network
ကိုဝင်းကိုလေး (နာရေးကူညီမှုအသင်း-သံတွဲ)
Photo: သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အဖွဲ့က အဖွဲ့ဝင် ဦးဌေးအောင် ကျောက်ဖြူထောင်က ၁၀ သိန်း အာမခံနဲ့ လွှတ်လာ တာပါ။ 

သတင်းဖော်ပြပြီးဖြစ်သည်။

ဓါတ်ပုံ - Arakan Civil Society Network
ကိုဌေးအောင်
 
သံတွဲ ပဋိပက္ခနှင့် ဆက်စပ် ဖမ်းဆီခံထားရသူ ၇၈ ဦးထဲမှ ရခိုင်အမျိုးသား ၅ ဦး ယမန်နေ့က လွှတ်မြောက် လာသည်ဟု သိရသည်။

လွှတ်မြောက်လာသူ ၅ ဦးထဲတွင် သံတွဲထောင်မှ ၂ ဦးနှင့် ကျောက်ဖြူထောင်မှ ၃ ဦးတို့ ဖြစ်ကြသည်။

“ သံတွဲထောင်က မနေ့က ၂ ဦးလွှတ်လာပါတယ်။ ငပလီက ကိုတိုးတိုးနဲ့ နောက် တစ်ဦး ဖြစ်ပါတယ်” သံတွဲ ဒေသခံက ကိုထွန်းဖေက ပြောသည်။

ကျောက်ဖြူ ထောင်မှ လွှတ်လာသူ (၃) ဦးရှိရာ သူတို့မှာ တရားသေ ကွင်းလုံးကျွတ် လွတ်မြောက်လာသူမှာ နာရေး ကူညီမှုအသင်းဥက္ကဌ ဦးဝင်းကိုလေးနှင့် အာမခံ (ခံဝန်) ဖြင့် လွှတ်မြောက်လာသူမှာ မိုးမြင့်အောင်(ခ) ကိုယ်ငယ် နှင့် ဦးဌေးအောင် (အမျိုးဘာသာ သာသနာ ကူညီ စောင့်ရှောက်ရေး အသင်း) တို့ ဖြစ်ကြသည်။

နောက်ထပ်လည်း ဆက်လွှတ်လာရန် သတင်းများ ထွက်ပေါ်နေသည်ဟု သူက ဆက်ပြောသည်။

“ အခု ဖမ်းထားတဲ့ အထဲမှာ ဘာမှ မဆိုင်ဘဲနဲ့ အဖမ်းခံထားရတဲ့ သူတွေပါနေပါတယ်။ နောက်ထပ်လည်း ပဋိပက္ခမှာ မပါဝင်ဘဲ သံသယနဲ့ ဖမ်းထားသူတွေ ဆက်လွှတ်လာမယ်လို့ သတင်းတွေရပါတယ်” ဟု ဆိုသည်။

ယနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် လင်းသီကျေးရွာတွင် နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ၄ ဦး၊ သဗြုချိုင်ကျေးရွာတွင် လူ ၅ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဖြောင့်ချက် ပေးသူ နှစ်ဦးနှင့် မီးရှို့မူကြောင့် စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့အား တရား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက် စီစဉ်နေကြောင်း ဖေါ်ပြသည်။

ကျောက်ဖြူထောင်တွင် ထိန်းသိမ်းထားသူ လက်ကျန် ၁၄ ဦးကိုလည်း များမကြာမီ လွှတ်မြောက် သွားမည်ဟု ထောင်ဝန်ထမ်း တစ်ဦးက ပြောကြောင်း ဒေသခံက တစ်ဦးက ပြောသည်။

သို့သော်လည်း သူတို့နှင့် ထောင်ဝင်စာတွေ့ဆုံခွင့်ကို တစ်ပတ်တွင် တစ်ကြိမ်နုန်းဖြင့်သာ ခွင့်ပြုပြီး တွေ့ဆုံလိုသူများ အနေဖြင့် ထောင်တာဝန်ရှိသူများထံ ကြိုတင် လျှောက်လွှာတင်ရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၅) ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးစောလှိုင်နှင့်အခြားအမျိုးသမီး(၅)ဦးတို့သည် ကျောက်ဖြူထောင်တွင် ထောင်ဝင်စာ လာတွေ့သွားခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ဓာတ်ပုံ- Rakhine Citizen Journalists Facebook)

No comments: