Wednesday, October 23, 2013

စစ်တွေသို့ ခိုးဝင်လာသည့် ဘင်္ဂါလီများကို ဖမ်းဆီးရမိ

 
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကျောက်တော်မြို့မှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၀ ဦးကို အောက်တိုဘာ ၂၂ ရက်နေ့က စစ်တွေမြို့ စစ်ကဲပြင်ရွာတွင် ဖမ်းဆီး ရမိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျောက်တော်မြို့နယ်၊ ပိုက်သည်၊ ဝါးကုန်း၊ ပေါက်တောပြင်စသည့် ရွာများမှ ဘင်္ဂါလီ ၁၅ ဦးသည် စစ်တွေမြို့တွင် ငါးဖမ်း
လုပ်ငန်းလုပ်ကိုင်ရန်ဟု ဆိုကာ အောက်တိုဘာ ၂၁ ရက်နေ့လယ်က ပေါက်တောမြို့မှ လောင်းလှေနှင့် ထွက်ခွာလာပြီး၊ စစ်တွေ ကမ်းခြေအရောက်တွင်ရခိုင်တိုင်းရင်းသားများနေထိုင်သည့်ကျိုင်းတောင်ရွာကိုဘင်္ဂါလီရွာဟုထင်မှတ်ကာကမ်းကပ်ရာတွင် မြင်တွေ့လိုက်သည့် ရခိုင်တိုင်းရင်းသားများက လုံခြုံရေးယူနေသည့် တပ်မတော်စစ်ကြောင်းကို သတင်းပေးခြင်းကြောင့် ဖမ်းမိခြင်း ဖြစ်သည်ဟု သိရ သည်။

“ကျိုင်းတောင်မှာ ကမ်းကပ်ချိန်မှာ ရခိုင်တွေကမြင်တော့ တပ်ကို
သတင်းပေးတယ်။ တပ်ကလိုက်ဖမ်း တော့ စစ်ကဲပြင်ကို ထွက်ပြေးတယ် အဲဒီမှာမိတာ”ဟုဘင်္ဂါလီလူမျိုး များနေထိုင်သည့် စစ်ကဲပြင်ရွာမှ ဦးကျော်နိုင်က ပြောသည်။

စစ်ကဲပြင်သို့ ဆိုက်ကပ်သည့်အခါ လောင်းလှေပေါ်တွင်ပါဝင်လာသည့် ဘင်္ဂါလီ ၁၅ ဦးထဲမှ ၁၁ ဦးမှာ ရွာထဲသို့
ပြေးဝင်သွားသည့်အတွက် ကျေးရွာတာဝန်ရှိသူများကလိုက်လံရှာဖွေ ဖမ်းဆီးရာတွင် ၁၀ ဦးကို နေ့တွင်းချင်း ဖမ်းဆီး ရမိကြောင်း ဦးကျော်နိုင်က ဆက်လက် ပြောကြားသည်။

“သူတို့က ကျောက်တော် ပိုက်သည်က ပွဲစားနဲ့စစ်ကဲပြင်ဗလီက ချိတ်ဆက်ပြီးတော့ ဒီလူတွေကို ခေါ်လာ တာ၊တစ်ယောက်ကို တစ်သိန်းလောက် ပေးရတယ် ကြားတယ်”ဟုဦးကျော်ဟိုးက ဆက်လက် ပြောကြားသည်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်က ပဋိပက္ခ မဖြစ်ပွားမီအချိန်ကပင်ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ မိမိနေထိုင်ရာ
ဒေသမှ အခြားဒေသများသို့ ထွက်ခွာပါက လူဝင်မှုကြီးကြပ်ရေးနှင့် မြို့နယ်အုပ်ချူပ်ရေး ဌာနများ၏ထောက်ခံချက်ဖြင့်သာ သွားလာ
ခွင့်ရှိကြောင်း သိရသည်။

“အခုလို ပဋိပက္ခဖြစ်ပွားပြီးချိန်မှာ ဒီလို နယ်ကျော်လာတဲ့သူတွေကိုတော့ သူတို့ရဲ့ မူရင်းဒေသကို ပြန်ပို့မယ်။တစ်ခြားနည်းနဲ့တော့ အရေးမယူပါဘူး”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥိးဝင်းကြိုင်ကဆိုသည်။
(ဤသတင်းကို Share Arakan News Facebook မှ ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ-အင်တာနက်)

No comments: