Friday, November 8, 2013

ရန်ပုံငွေဂီတဖျော်ဖြေပွဲမှ ရရှိငွေကို ဒုက္ခသည်ကလေးများအတွက် လှူဒါန်းမည်

စည်သူလွင်၊ ဆောင်းဦးလှိုင်၊ Lလွန်းဝါ၊ ရှင်ဖုန်း၊ Lဆိုင်းဇီ စသည့် အဆိုတော်များပါဝင်သော ရန်ပုံငွေဂီတပွဲတော်မှ ရရှိသည့်အမြတ်ငွေများကို ကချင်၊ ရခိုင်၊ မိတ်္ထီလာဒေသများရှိ ဒုက္ခသည်သားသမီးများ၏ ပညာရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ အထွေထွေအတွင်းရေးမှူး ဦးအေးကျော်မောင်က ပြောကြားလိုက်သည်။
ယင်းရန်ပုံငွေပွဲကို ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ရရှိသော အမြတ်ငွေများထဲမှကလေးငယ်များ၏ပညာရေးသင်ကြားရေးတွင်လိုအပ်သောအဆောက်အအုံများနှင့် ထောက်ကူပြုပစ္စည်းများကို ခွဲဝေလှူဒါန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်က အလိုတော်ပြည့်ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည့်စာနယ်ဇင်းရှင်းလင်းပွဲတွင် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)က ပဋိပက်္ခဖြစ်တဲ့ဒေသတွေကို သွားပြီးလှူဒါန်းတဲ့ အခါမှာ အဲဒီဒေသတွေမှာရှိတဲ့ ကလေးတွေရဲ့ ပညာသင်ကြားရေးဟာ အင်မတန်ခက်ခဲနေတာကို တွေ့ရတယ်။ အဓိက ကျောင်း၊ အဆောက်အအုံ၊ စာရေးကိရိယာတွေ ပြည့်စုံမှုမရှိတာကို မြင်ရတော့ အင်မတန်မှ စိတ်မကောင်းဖြစ်မိတယ်။ သူတို့ကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးချင်တာရယ်၊ တိုင်းရင်းသားစည်လုံးညီညွတ်မှုကို အားပေးလိုတဲ့ရည်ရွယ်ချက်ကြောင့် အခုလို ပညာရေးရန်ပုံငွေပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးအေးကျော်မောင်က ပြောသည်။
ယင်းရန်ပုံငွေဂီတပွဲတော်တွင်ပါဝင်မည့်အနုပညာရှင်များမှာအနုပညာကြေးမယူဘဲ ဖျော်ဖြေကြမည်ဖြစ်ကာ အခြားအထွေထွေကုန်ကျစရိတ်နှုတ်ပြီး ကျန်ရှိသော အမြတ်ငွေများအပေါ် မူတည်ကာ ခွဲဝေလှူဒါန်း မှုများကို ဆုံးဖြတ်ကြမည် ဖြစ်သည်။
အဆိုတော်ရတနာမိုင်က“အနုပညာနဲ့တစ်ဖက်တစ်လမ်းကနေပါဝင်ခွင့်ရတာဝမ်းသာမိပါတယ်။ရခိုင်နဲ့ပတ်သက်တဲ့ ရန်ပုံငွေပွဲတွေအပြင် တခြားရန်ပုံငွေပွဲ တော်တော်များများ ဖျော်ဖြေပေးဖြစ်တယ်။လူကိုယ် တိုင်သွားရောက် ကူညီဖြစ်ရင်တောင် တတ်နိုင်တဲ့ဘက်က ကူညီဖို့ အမြဲတမ်း စိတ်ထဲမှာရှိပါတယ်” ဟုဆို သည်။
Melody World အဆိုတော် ကျော်သီဟက “ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့က ဖိတ်ကြားတာ လည်း ပါပါတယ်။ ကျွန်တော်ကလည်း ပရဟိတပွဲတွေဆိုရင် ပါဝင်ချင်တဲ့ဆန္ဒရှိတာကြောင့် ပါဝင်ကူညီ ဖြစ်တာပါ။ အကြောင်းကြောင်းကြောင့် ဒုက္ခရောက်ရတဲ့သူတွေကို ကိုယ်တတ်နိုင်တဲ့ငွေကြေးပဲဖြစ်ဖြစ် ကူညီချင်တယ်။ အနုပညာရှင်တစ် ယောက်လည်းဖြစ်လို့ အသံနဲ့ ရန်ပုံငွေပွဲမှာ အလှူငွေများများရအောင် နဲ့ ကုသိုလ်ယူဖြစ်နေပါတယ်” ဟု ဆိုသည်။
ယင်းရန်ပုံငွေဖျော်ဖြေပွဲကို နိုဝင်ဘာ၂၄ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ည၇ နာရီမှ ၁၂ နာရီအထိ ကျင်း ပမည်ြဖစ်ပြီး ၀င်ကြေးလက်မှတ် တစ်စောင်လျှင် ကျပ် ၁၅,၀၀၀၊ ၁၀,၀၀၀၊ ၅,၀၀၀ ဖြင့် ရောင်းချမည်ဖြစ်သည်။
အဆိုပါဂီတပွဲတော်တွင် တူးတူး၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ထူးအယ်လ်လင်း၊Rလွန်းဝါ၊ နေထက်လင်း၊ သူထူးစံ၊ နေမျိုးအောင်၊ စိုးရန်အောင်၊ သားစစ်၊ ဂျက်ဆန်ထွန်း၊ လင်းယ၊ံ မြတ်ခိုင်ကျော၊် Lကိုလင်း၊ ကိုသန်းဆွေ၊ ဒေါင်းဝေ၊ ကျော်သီဟ၊ Kဂျာနူး၊ Lခွန်းရီ၊ မေခလာ၊ ချောစုခင်၊ ခွန်းဆင့်နေခြည်၊ ချစ်စနိုးဦး၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ ရှင်ဖုန်း၊Lဆိုင်းဇီ၊ ရတနာမိုင်၊ ရတနာ၊ အိမ့်ချစ်၊ ဂျေညီမလေး၊ ရှုတိုင်းယဉ်သာ၊Blue Berry၊ မားဂရက်၊ Mဆိုင်းလာ၊ Mဆိုင်းနော်၊ ဆူးဆူးဇော်ဝင်း၊ ဆုမြတ်ထက်တို့က Plus Three Band နှင့်Gitanjali Band တို့ဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး မမများအဖွဲ့မှလည်း ပါဝင်တင်ဆက်မည် ဖြစ်သည်။
(သတင်းအရင်းအမြစ်-  Mizzima)

No comments: