Tuesday, December 31, 2013

မှန်စီသင်္ချိုင်းဘင်္ဂလီများ အုတ်ဂူများကိုဖျက်ဆီးခြင်းနှင့် တားမြစ်သည့်ရဲဝန်ထမ်းများအား တိုက်ခိုက်မှုသတင်း(ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်)

၃၀.၁၂.၂၀၁၃ ခုနှစ် (ညနေ)အချိန်တွင် စစ်တွေမြို့နယ်၊ မှန်စီရဲကင်းတွင် တာဝန်ထမ်းဆောင် နေသော ရဲတပ်သား သန့်ဇော်ဝင်းနှင့်ကျော်ကျော်မိုးတို့ (၂)ဦးသည် ၃၀.၁၂.၂၀၁၃ ညနေ(၅း၀၀) အချိန် ရဲကင်းအနီးပတ်ဝန်းကျင်နယ်မြေသတင်းစုံစမ်းဆောင်ရွက်စဉ် ရဲကင်းအနောက်ဘက်(၃)ဖာလုံ ခန့်အကွာ တရုတ်သင်္ချုံင်းအရောက်တွင် သင်္ချုံင်းအတွင်းရှိ အုတ်ဂူများအားဖျက်ဆီးလျှက်ရှိသော အမည်မသိဘင်္ဂလီ(၈)ဦးခန့်အား တွေ့ရှိရသဖြင့် အုတ်ဂူများကို မဖျက်ဆီးရန်တားမြစ်စဉ် ၎င်းအမည်မသိ ဘင်္ဂလီ(၈)ဦးခန့်မှ အသင့်ပါလာသော သံတူရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်သော ကြောင့် ရဲတပ်သားသန့်ဇော်ဝင်းတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁)လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ(၂) ချက်(စိုးရိမ်ရ)၊ ရဲတပ်သား ကျော်ကျော်မိုးတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁)လက်မခွဲခန့် ပေါက်ပြဲ ဒဏ်ရာ(၂)ချက်၊ နဖူးယာဘက်တွင်(၁)လက်ခန့်ရှိ ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ပါသည်။
ညနေ(၅း၄၀)နာရီအချိန်တွင် စစ်တွေမြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဒုရဲမှူးကြီး သစ်ဆန်း၊ စစ်တွေမြို့နယ် မြို့မစခန်းမှ ဒုရဲမှူးသန်းလှိုင်နှင့်အဖွဲ့တို့သည် မှန်စီရဲကင်းသို့ရောက်ရှိ၍ တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဒါဏ်ရာရတပ်ဖွဲ့ဝင်(၂)ဦးအား မှန်စီ စီမံ ခန့်ခွဲရေးရုံးမှ ဒုရဲအုပ် လှမျိုးသူနှင့်အဖွဲ့မှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ညနေ(၆း၄၀) နာရီအချိန်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ ခွဲစိတ်ဆောင်(၂)တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူစေခဲ့ပါသည်။
သင်္ချုံင်းအတွင်း ကျူးကျော်၍ အုပ်ဂူများကိုဖျက်ဆီးခြင်း၊ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခြင်းပြုခဲ့ကြသော ဘင်္ဂလီများကို စစ်တွေမြို့မှရဲစခန်းတွင်(ပ)၃၁၃/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၇/၃၃၃ အရ အမှုဖွင့်ထားရှိပါသည်။ ရဲတပ်သား သန့်ဇင်ဝင်းသည် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာကြောင့် ယနေ့ နံနက်(၁)နာရီကျော်ခန့်တွင် ကွယ်လွန်ခဲ့ကြောင်းသိရှိရပါသည်။ အမှုနှင့် ဆက်စပ်သောဘင်္ဂလီ(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့သည့်ဟုသတင်းရရှိသော်လည်း အမည်ကိုအတိအကျ မရရှိသေးကြောင်း မကြာမီအမည်များကို ပြောကြားနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ထံမှ သိရှိရကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ရှင်းလင်းပြောကြားချက်ကို တင်ပြအပ်ပါသည်။

သာစွဌာနေရခိုင်ပြေ

No comments: