Monday, January 20, 2014

အေပီနှင့် ဧရာဝတီသတင်းဌာန သတင်းမှားများ ထုတ်လွှင့်ဖော်ပြ

ဇန်န၀ါရီ ၁၃ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အေပီနှင့် ဧရာဝတီ သတင်းဌာနတို့မှ သတင်းမှားများ ထုတ်လွှင့်ဖေါ်ပြသည်ဟု အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ယနေ့ ဖေါ်ပြသည်။
ကြေမုံ သတင်းစာပါ အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ကြောင်း အေပီနှင့် ဧရာဝတီသတင်းဌာနတို့က သတင်းမှားများ ထုတ်လွှင့်ဖော်ပြ
ဇန်န၀ါရီ ၁၃ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု သတင်းနှင့် ပတ်သက်၍ သတင်းဆက်အဖြစ် အေပီသတင်းဌာနက မောင်တောဒေသတွင် ရိုဟင်ဂျာ မိန်းမနှင့် ကလေးများမှာ ဓားဖြင့်အခုတ်ခံရကြောင်း၊ သို့သော် အရေအတွက်များစွာ ကွဲလွဲလျက် ရှိကြောင်း၊ အချို့သတင်းရပ်ကွက်များက သေဆုံးသူငါးဦးမှ ၁၀ ဦးအတွင်းသာ သတ်မှတ်ကြသော်လည်း မောင်တောမြို့နယ်ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄၀ ခန့်ရှိကြောင်း၊ သေဆုံးသူအချို့၏ ဒဏ်ရာများမှာ ဓါးဒဏ်ရာများသာဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ ရိုက်သတ်ခံရခြင်း မတွေ့ရကြောင်း၊ သို့ဖြစ်ရာ ရခိုင်ဗုဒ္စဘာသာတို့၏ လက်ချက်သာဖြစ်နိုင်ပြီး တပ် သို့မဟုတ် ရဲတို့၏ လက်ချက်မဖြစ်နိုင်ကြောင်း စသည်ဖြင့် သတင်းရရှိကြောင်း ဖော်ပြသည်။
အလားတူ ဧရာဝတီသတင်းဌာနက ဖော်ပြရာတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ရခိုင်ရွာသားများက အဆိုပါရွာအတွင်း အိမ်များစွာကို လုယက်ခဲ့ကြောင်း ၊ယောက်ျားများမှာ ထွက်ပြေးကြသဖြင့် မိန်းမနှင့်ကလေးများအသတ်ခံခဲ့ရကြောင်း၊ အချို့အမျိုးသမီးမျးမှာ မတရားပြုကျင့်ခံခဲ့ရကြောင်း၊ သေဆုံးသူ တိတိကျကျမသိနိုင်သော်လည်း ရရှိသောသတင်းများအရ သေဆုံးသူ ၁၀ ဦးမှ ၆၀ အတွင်းဖြစ်ကြောင်း၊ သေနပ်ဒဏ်ရာဖြင့် သေဆုံးခြင်းမျိုးမဟုတ်ဘဲ ဓါးဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ သတင်းနှင့်ပတ်သက်၍ မောင်တောဒေသတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲမှူးချပ်တင်ကိုကိုအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယင်းသတင်းဌာနများ၏ဖော်ပြချက်သည် လုံးဝမှန်ကန်မှုမရှိကြောင်း၊ ဤဒေသတစ်ဝိုက်တွင် တည်ငြိမ်မှုရှိနေကြောင်း၊ ယင်းသို့ ဖော်ပြချက်များမှာ ဆူပူမှုဖြစ်ပွားရန်အတွက် သွေးထိုးလှုံ့ဆော်သော သတင်းအမှားများသာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အေပီသတင်းဌာနနှင့် ဧရာဝတီသတင်းဌာနတို့၏ ဖော်ပြချက်တွင်ပါရှိသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် သတ်ဖြတ်ခြင်းခံရသည်ဟု ဆိုလိုရာရောက်သော ရေးသားချက်များမှာ သွေးထိုး လှုံ့ဆော်မှုပြုသော သတင်းအရေးအသားများဖြစ်ကြောင်း တွေ့ရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: