Monday, January 20, 2014

စက်ရုံတည်ပြီး နေပူတောင် အလှဆင်ကျောက်ပြားထုတ်လုပ်မည်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နေပူတောင်ဒေသ၌မာဘယ်လ်အလှဆင်ကျောက်ပြားနှင့် ကျောက်တုံးများ ထုတ်လုပ်ရန် စက်ရုံတည်ဆောက်မည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ယမန်နေ့က ပြောကြားခဲ့သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။
ဇန်န၀ါရီလ ၁၆ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် န၀မ ပုံမှန် အစည်း ဒုတိယနေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင်လတ်မှ တောက်ကုတ်မြို့၌ မာဘယ်လ်ကျောက်ပြား ကုန်ချောထုတ် စက်ရုံ တည်ဆောက်ရန် အစီအစဉ် ရှိ/မရှိ ကို မေးမြန်းရာ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က တည်ဆောက်ပြီး ထုတ်လုပ်သွားရန် အစီအစဉ် ရှိကြောင်း ဖြေကြားသွားသည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: