Wednesday, January 8, 2014

စစ်တွေမြို့ လုံခြုံရေးအခြေအနေဆိုးရွား၊ ပြည်နယ်အရာရှိအိမ်များမှ သူခိုး အခိုးခံရ


စစ်တွေမြို့စံပြရပ်ကွက် ဘင်္ဂလီကုလားနေရာများနှင့် ထိစပ်လျှက်ရှိသော ပြည်နယ် ရဲမှုးကြီး အိမ်၊ ပြည်နယ် လ၀က ဦးစီးမှုးအိမ်နှင့် ပြည်နယ်မြေစာရင်းဦးစီးတို့၏ အိမ်များမှ ဆိုက်ကယ်၊ အိမ်ထောင်ပရိဘောဂများ အခိုးခံရကြောင်းသိရသည်။

ဘင်္ဂလီကုလားနေများနှင့် ဆက်စပ်လျှက်ရှိသော နေရာများရှိအိမ်များမှ ပစ္စည်းများကိုခိုးကာ ကုလားများနေထိုင်ရာသို့ရောက်သွားပါက မည်သည့် လုံခြုံရေးမှ မလိုက်ရဲသဖြင့် သီခြားလွတ်မြောက်နေမြေတစ်ခုဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

ယခင်ကလည်း ယင်းကုလားနေရာများနှင့် ထိစပ်နေသော စံပြရပ်ကွက်၊ ကျောင်ကြီးလမ်းရပ်ကွက်၊ ဓည၀တီရပ်ကွက်များမှ အိမ်များဖောက်ထွင်းခံရ၊ ဆိုက်ကယ်များပျောက်ဆုံးကာ ရဲကိုတိုင်သော်လည်း မည်သို့မျှ အမှုမဖေါ်နိုင်ဘဲရှိနေသည်။

ယခုကဲ့သို့ ရဲမှုးကြီးအိမ်မှ ခိုးယူဖောက်ထွင်းခြင်းခံရသောကြောင့် စစ်တွေမြို့၏ လုံခြုံရေးမှာ မေးခွန်းထုတ်စရာဖြစ်နေလေသည်။
လွန်ခဲ့သော အပတ်က စစ်တွေ၊ မှန်ဇီသချိုင်းတွင် တာဝန်ကျရဲများကို ဘင်္ဂလီကုလားများက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ရဲတစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့သည်အထိ ကုလားများအပေါ် ဥပဒေစိုးမိုးမှုမရှိသည်ကိုတွေ့ရသည်။

ဘင်္ဂလီကုလားများ၏ နယ်မြေများအတွင် အစိုးရ၏ တရားဥပဒေမစိုးမိုးရုံမက ကုလားဥပဒေဖြစ်သော ရှရီယာဥပဒေဖြင့် ဗလီဆရာများက တရားစီရင်နေကြောင်းသိရသည်။

(သတင်းအရင်းအမြစ်- Rakhine News Group)

No comments: