Wednesday, January 22, 2014

ရခိုင်ပြည်နယ်အတွင်းဆားလုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် အခက်အခဲများရှိ

ရခိုင်ပြည်နယ်အတွင်း ဆား တောင်သူများမှာ လာမည့်ဆား ရာသီတွင် ဆားလုပ်ငန်းဆက်လက် လုပ်ကိုင်ရန် အခက်အခဲများရှိနေ ကြောင်း ကျောက်ဖြူမြို့မှ ဆား တောင်သူတစ်ဦးက ပြောသည်။

ဆားတောင်သူများ၏ လက်တွင် ဆားပိဿာချိန်မြောက်မြားစွာ သို လှောင်ထားကြောင်း၊ လက်ရှိဆား များရောင်းမထွက်နိုင်သေး၍ လာ မည့်ဆားရာသီတွင် အရင်းအနှီး ပြုလုပ်ရန် အခက်အခဲများရှိနေ ကြောင်း၎င်းက ပြောသည်။ ဆား လုပ်ငန်းမှာ ရခိုင်ပြည်နယ်၏ ထုတ် ကုန်ပစ္စည်းများအနက် အဓိကကျ ပြီး တတိယနေရာတွင်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇မြို့ နယ်ရှိရာ ဘူးသီးတောင်၊ ကျောက် တော်နှင့် မြောက်ဦးမြို့နယ်များမှ အပ ကျန်မြို့နယ်များတွင် ထုတ် လုပ်လျက်ရှိနေပြီး နှစ်စဉ်တန်ချိန် ၄ဝဝဝဝ ခန့် ထုတ်လုပ်လျက်ရှိ သော်လည်း ဒေသတွင်းဆားသုံးမှု မှာတန်ချိန် ၁ဝဝဝ ခန့်သာရှိ၍ဆား ပိုလျှံမှုများရှိနေကြောင်း သိရသည်။ ရခိုင်ဒေသထွက် ဆားများ၏အဓိက ဈေးကွက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ခဲ့ဖူးသော်လည်း ၂ဝဝ၅ ခုနှစ်မှ စတင်ကာ ဆားဈေးကွက်ပျက်ခဲ့ ပြီး ရိုးမအရှေ့ ဆားဈေးကွက်ကို အားထားရောင်းချနေကြကြောင်း၊ သို့ရာတွင်ရိုးမအရှေ့သို့ ဝင်ရောက် လာနေသည့် ထိုင်းဆားများ၏ဈေး နှုန်းကို မယှဉ်ပြိုင်နိုင်ခြင်းကြောင့် ဈေးကွက်ပျက်နေရကြောင်း ရခိုင် ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းဝင်းကပြော သည်။

ရခိုင်ပြည်နယ်တွင် ဆားကြိတ် စက် ၃ဝ ကျော် ရှိသော်လည်း လက်ရှိတွင် ၁၉စက်ခန့်သာ လည် ပတ်နေရကြောင်း၊ သို့ရာတွင်ဆက် တိုက်လည်ပတ်နိုင်ခြင်းမရှိကြောင်း ၄င်းကပြောသည်။ ရခိုင်ဆားတောင် သူများ၏အခက်အခဲကိုဖြေရှင်းနိုင် ရန်အတွက် ရခိုင်ပြည်နယ်အစိုးရမှ ချေးငွေများထုတ်ပေးခဲ့သော်လည်း ဆားဈေးကွက်အနေအထားကြောင့် ပြန်လည်ပေးဆပ်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်း၊ လက်ရှိဆားများကို အစိုးရအဖွဲ့မှဈေးတစ်ခု သတ်မှတ် ၍ဝယ်ယူနိုင်ပါက ဆားတောင်သူ များ၏ အခက်အခဲပြေလည်နိုင်မည် ဖြစ်ပြီး ရခိုင်ဆားလုပ်ငန်းဆက်လက် ရှင်သန်နိုင်မည်ဖြစ်ကြောင်း ကျောက် ဖြူမြို့မှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂ဝ၁၂-၂ဝ၁၃ ခုနှစ်ကဘင်္ဂ လားဒေ့ရှ်နိုင်ငံမှဆား တန်ချိန် ၁ဝဝဝဝ ဝယ်ယူရန် ကမ်းလှမ်းခဲ့ သော်လည်း ရခိုင်ဆားများ၏ အရည်အသွေးညံ့ဖျင်းခြင်းကြောင့် ဆားတန်ချိန် ၃ဝဝဝ ကျော်ခန့်သာ ရောင်းချခဲ့ရကြောင်း သိရသည်။

ရခိုင်နေလှန်းဆားများတွင် ရွှံ့သဲ များရောနှောပါဝင်နေမှုကြောင့် ဆားချောကြိတ်ခွဲရာတွင် ၃ဝ ရာခိုင် နှုန်းခန့် အလေအလွင့်များရှိနေရာ ဆားအရည်အသွေးတိုးမြှင့်ထုတ်လုပ် ရန်လိုအပ်နေကြောင်း ရခိုင်ပြည်နယ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်း
ရေးမှူးကပြောကြားခဲ့သည်။

(သတင်းအရင်းအမြစ်- The Union Daily၊ ရေးသားသူ- နုနုနွေ(ဓည၀တီ))
(ဤသတင်းကို Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: