Monday, February 3, 2014

ဒုသမ္မတ ခရီးစဉ်ကြောင့် မောင်တော ဆန္ဒပြမည့် အစီအစဉ် ရွှေ့ဆိုင်း

ယူအန်နှင့် အိုင်အန်ဂျီအိုများကို မောင်တောတွင် ဆန္ဒပြမည့် အစီအစဉ်အား ဒုသမ္မတ စိုင်းမောက်ခမ်း ရောက်မည်ဆို၍ ရွှေ့ဆိုင်းလိုက်သည်ဟု သတင်း ရရှိသည်။
ရခိုင်လူမူကွန်ယက် (မောင်တော) အား အစပိုင်းတွင် ဆန္ဒပြရန် အာဏာပိုင်များက ခွင့်ပြုထားသော်လည်း ဒုသမ္မတ ခရီးစဉ်ကြောင့် အခြားနေ့သို့ ရွှေ့ဆိုင်း လုပ်ဆောင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ ပြောဆိုခဲ့သည်ဟု သိရသည်။
ဆက်လက်ပြီး မည်သည့်နေ့တွင် ဆန္ဒ ပြမည်ကိုမူ မဆုံးဖြတ်ရသေးဟု မောင်တော လူမူ အသိုင်းအ၀ိုင်းက ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: