Monday, February 3, 2014

မလေး တရားမ၀င်သွားမယ့် ဘင်္ဂလီ ၅၅ ဦး ဖမ်းဆီးခံရ

55-Bangladeshi-boat-people--arrested-Tenkaf
ဘင်္ဂလားဒေ့ခ်ျနိုင်ငံကနေ မလေးရှားနိုင်ငံကို ရေလမ်းကနေ တရားမ၀င်သွားမလို့ ပြင်ဆင်နေတဲ့ ဘင်္ဂလီ ၅၅ ဦးကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ခုက ဖမ်းဆီးလိုက်ပါတယ်။
Rapid Action Battalion (RAB) လို့ ခေါ်တဲ့ အထူး မူခင်းနှိမ်နှင်းရေး အမှတ် (၇) တပ်ဖွဲ့ တစ်ခုကနေ သူတို့ကို လူမှောင်ခို ပွဲစားနှစ်ဦးနဲ့ အတူ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်းက အိုကီးယားမြို့နယ် အတွင်းမှာ မနေ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ Bangla News မှာ ဖေါ်ပြပါတယ်။
သူတို့ကို မလေးရှားကို သွားမလို့ လုပ်နေတုန်း စက်လှေ တစ်စီးပေါ်က ယမန်နေ့ ည ၁၀ နာရီမှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို အခုအခါ အိုခီးယားမြို့ရဲစခန်းသို့ လွဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို ခြောက်သွေ့ရာသီမှာ ဘင်္ဂလီလူမျိုးတွေဟာ အလုပ်အကိုင် ရှာဖွေဖို့ အတွက် ရေလမ်းကြောင်းမှ တဆင့် မလေးရှားကို တရားမ၀င် စက်လှေတွေနဲ့ ခိုးသွားလေ့ရှိပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: