မြန်မာနိုင်ငံ နေပြည်တော်တွင် မတ်လ ၄ ရက်နေ့ ကျင်းပမည့် BIMSTEC ဆွေးနွေးပွဲသို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ ၀န်ကြီးချုပ် အပါအ၀င် အိမ်နီးချင်း ၆ နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ ယနေ့တွင် ရန်ကုန်မြို့လေဆိပ်သို့ ဆိုက်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်က ရွှေတိဂုံနှင့်တူသော စေတီ။ နေပြည်တော်က ရွှေတိဂုံနှင့်တူသော စေတီ။
ဘင်္ဂလာ ၀န်ကြီးချုပ် ဆိုက်ခ်ျ ဟာဆီန်းနာ အပါအ၀င် အဖွဲ့ငင် ၃၂ ဦး ဒက္ကားလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာမည်ဖြစ်ကြောင်း၊ အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ ဘူတန်နှင့် သိလင်္ကာ နိုင်ငံတို့မှာ The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) ၏ အဖွဲ့ဝင်များဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ ဦးစွာဆိုက်ရောက်ကာ နေပြည်တော် အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်း BIMSTEC တွင် မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလာဒေ့ခ်ျ၊ ထိုင်း၊ ဘူတန်နှင့် သိရိလင်္ကာ (၇)နိုင်ငံဖြင့် ဖွဲ့စည်းထားသော နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မြန်မာအစိုးရ အနေဖြင့် ဘင်္ဂလာ၊ ဘူတန်၊ အိန္ဒိယနှင့် နီပေါနိုင်ငံများမှ တက်ရောက်လာသော ခေါင်းဆောင်များနှင့် အကျိုးတူ ကိစ္စရပ်များအား ယင်းအစည်းအဝေးပြင်ပတွင် သီးသန့်ဆွေးနွေးနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။
ယင်းဆွေးနွေးပွဲသို့ ဘင်္ဂလာမှ နိုင်ငံတော် ၀န်ကြီးချုပ် ဆိုက်ခ်ျ ဟာဆိန်းနာ ဦးဆောင်ပြီး သွားရောက်မည့်ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စနေနေ့က သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)