Tuesday, March 4, 2014

မီးရှို့မှုဖြစ်ပွားခဲ့သော အမ်းမြို့နယ် တောင်စောက်ဓာတ်ငွေ့တွန်းပို့စက်ရုံ လုပ်ငန်းခွင်၌ ရဲတပ်ဖွဲ့က လုံခြုံရေးယူထား

အမ်းမြို့နယ် တောင်စောက်ဓာတ်ငွေ့တွန်းပို့စက်ရုံ လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားတစ်ဦး - See more at: http://www.news-eleven.com/madalay-others/%E1%80%99%E1%80%AE%E1%80%B8%E1%82%90%E1%82%88%E1%80%AD%E1%82%95%E1%80%99%E1%82%88%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%99%E1%80%B9%E1%80%B8%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%85%E1%80%AC%E1%80%80%E1%80%B9%E1%80%93%E1%80%AC%E1%80%90%E1%80%B9%E1%80%B1%E1%80%84%E1%80%BC%E1%82%95%E1%80%90%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%82%94%E1%80%85%E1%80%80%E1%80%B9%E1%82%90%E1%80%B6%E1%80%AF-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%84%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%81%8C#sthash.7oTOhydR.dpuf
 
မီးရှို့မှုဖြစ်ပွားခဲ့သော အမ်းမြို့နယ် တောင်စောက်ဓာတ်ငွေ့တွန်းပို့စက်ရုံ လုပ်ငန်းခွင်တွင် ရဲလုံခြုံရေးယူထားပြီး မီးရှို့မှု ဖြစ်ပွားပြီးနောက် အလုပ်သမား အခွင့်အရေးများ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးများအတွက် ဂရုစိုက်လာကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာမှ သိရသည်။

“အခု တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်တွေ ပုံမှန်လုပ်နေပါပြီ။ အခင်းဖြစ်ပြီး ချက်ချင်းလုံခြုံရေးက ထိန်းသိမ်းခဲ့ပြီး အခုဆိုရင် ပြဿနာ ထပ်မဖြစ်အောင်လို့ ဒုမြို့နယ်မှူး ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ ဦးက စီမံကိန်းမြေနေရာမှာ လုံခြုံရေးယူထားတယ်။ နောက်ပြီး အလုပ်သမားတွေကိုလည်း အလုပ်သမားကတ်တွေ အလုပ်သမားရုံးမှာ လုပ်ခိုင်းပြီး အလုပ်သမားကတ်တွေနဲ့ လုပ်ငန်းခွင် ၀င်နေကြပြီ။ အချိန်ပိုကြေးတွေကိုလည်း ပုံမှန်ပေးနေပြီ။ အရင်က
အလုပ်သမားတွေကို ဦးထုပ်မပေးတာတို့၊ ဖိနပ်မပေးတာတို့ ရှိခဲ့တယ်။ အခုတော့ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းဖို့အတွက် အလုပ်သမား ခေါင်းဆောင်တွေနဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖိနပ်တို့၊ ဦးထုပ်တို့ ထုတ်ပေးထားပြီ” ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးက ပြောကြားသည်။

အဆိုပါ လုပ်ငန်းခွင်တွင် မြန်မာလုပ်သားများအား လုပ်အားခများ မမှန်မကန်ပေးခြင်းများ၊ လုပ်အားခများ မပေးခြင်းများနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းအောင် ဆောင်ရွက်ခြင်း မရှိခဲ့ခြင်းများနှင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်းနှင့် အလုပ်ထုတ်ခြင်းများ ရှိခဲ့ခြင်းကြောင့် တရုတ်အလုပ်သမားများနှင့် မြန်မာအလုပ်သမားများကြား မကျေနပ်မှုများ ရှိနေခဲ့ကြောင်းလည်း အဆိုပါလုပ်ငန်းခွင်မှ အလုပ်သမားများနှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ ၁၇ ဦးအား အမ်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၂/၄၃၆/၁၁၄ တို့ဖြင့် ဖေဖော်ဝါရီ ၂၄ ရက်က ရုံးတင်တရားစွဲဆိုခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေဦးအေးကျော်သန်းက ပြောကြားသည်။

တောင်စောက်လုပ်ငန်းခွင်အား ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ခဲ့ခြင်းဖြစ်ပြီး အမ်းမြို့မှ အရှေ့မြောက်ဘက် ၂၂ မိုင် ၃ ဖာလုံခန့် အကွာအဝေးရှိ ရခိုင်ရိုးမတောင်ပေါ် ပေ ၃၀၀၀ ကျော်အမြင့်တွင် တည်ရှိခြင်းဖြစ်ကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: