Saturday, March 15, 2014

ပုဏ္ဍားကျွန်းတွင် အိမ်တစ်လုံး မီးလောင်

Ponna-Kyunt-Arakanရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့တွင် ယနေ့ နေ့လယ် ၃ နာရီက မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း သတင်း ရရှိသည်။
“ မီးလောင်တာက ပုဏ္ဍားကျွန်း စံပြရပ်ကွက်မှာ ဖြစ်ပါတယ်။ လူတွေက ၀ိုင်းပြီး အနီးအနားမှာရှိတဲ့ ကင်းချောင်း ရေနဲ့ ၀ိုင်းငြိမ်းသတ်တဲ့ အတွက် တစ်အိမ်ဘဲ ပါသွားပါတယ်။” ဟု ဒေသခံ ကိုမျိုးနိုင်က ပြောသည်။
မီးလောင်သွားသော အိမ်မှာ ပုဏ္ဍားကျွန်းမြို့ စံပြရပ်ကွက်မှ  ဦးကျော်ချေနှင့် ဒေါ်ချိုချို ပိုင်အိမ်ဖြစ်ကြောင်း သိရသည်။
“ မိဘတွေက အပြင်မှာ အလုပ်သွားလုပ်နေချိန်မှာ ကလေး ၄ ဦးကျန်နေခဲ့တယ်။ အဲဒီကလေးတွေက မီးနဲ့ ချော့ကစားရာကနေ စလောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အနီးအနားက လူတွေ ၀ိုင်းဝန်းငြိမ်းသတ်တော့ နောက်မီးငြိမ်းသွားပါတယ်” ဟု ဆက်ဆိုသည်။
အနီးအနားမှ လူများ ကယ်တင်မူကြောင့် ကလေး (၄) ဦးစလုံးမှာ ထိခိုက်မူ တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: