Saturday, March 15, 2014

မတ်လ ၁၆ ရက် စစ်တွေ ဆန္ဒပြပွဲ ပြည်နယ်ရဲမှူးကြီးခွင့်ပြု

စစ်တွေ လူထုသည် ယခုလို အမြဲညီညွှတ်သည်။
စစ်တွေ လူထုသည် ယခုလို အမြဲညီညွှတ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲကို ပြည်နယ် ရဲတပ်ဖွဲ့မှူးက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
သို့အတွက် ဆန္ဒပြပွဲကို မတ်လ ၁၆ ရက်နေ့ နေ့လယ် တစ်နာရီမှ ၃ နာရီထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၂ ရက်နေ့က စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဆယ်တန်း စာမေးပွဲကို အကြောင်းပြပြီး ဆန္ဒပြခွင့်ကို ပယ်ချလိုက်ပြီးနောက် ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ အယူခံတင်သွင်းရာ ၎င်းက ခွင့်ပြုချက်ပေးလိုက်ခြင်း ဖြစ်သည်။
၎င်းအယူခံလွှာအား ဒေါ်ကျော့စိန် (ဘ) ဦးစံထွန်းကျော်မှ ပြည်နယ်ရဲမှူးကြီးထံ တင်ပြ တောင်းခံခဲ့သည်ဟု သိရသည်။
၎င်းဆန္ဒပြပွဲတွင် လာမည့် သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးများအား အမည်မှန်ကို ရေးသွင်းရန်နှင့် နာမည်လိမ် ရိုဟင်ဂျာအမည်အား ရေးသွင်းခွင့် မပြုရန် တောင်းဆိုဆန္ဒပြသွားမည်ဟု စစ်တွေ ဒေသခံ ဦးလှမောင်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: