Monday, April 7, 2014

စစ်တွေရုန်းရင်းဆန်ခတ်မူ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးမည်ဟုဆို

Malteser Internationa
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နေ့ ညနေမှ စတင်ပြီး ဖြစ်ပွားခဲ့သော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စစ်ဆေးသွားမည်ဟု သိရသည်။
ထိုသို့ စစ်ဆေးမည် ဖြစ်ကြောင်းကို မတ်လ ၂၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
(ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရပိုင် သတင်းစာများတွင် မတ်လ ၂၈ ရက်နေ့ကသတင်းရေးသာ ဖေါ်ပြချက်မှာ  အောက်ပါအတိုင်း ဖြစ်သည်။)
Malteser International အဖွဲ့က ငှားရမ်းထားသည့် စစ်တွေမြို့ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရှီလမ်း အိမ်အမှတ် (ဂ ရ/ ၁၄၅)ဦးအေးထွန်နးစိန်ပိုင် နေအိမ်အား ဒေသခံပြည်သူ ၅၀ ခန့်က မတ် ၂၆ ရက် ည ၈ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ခဲများဖြင့်ပစ်ပေါက်ခဲ့ကာ ထျက်ဆီးခဲ့ကြပြီး အခြားနိုင်ငံခြားသားများ တည်းခိုသည့်နေရာများကိုလည်း အလားတူ ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ခြင်းများပြုလုပ်ခဲ့သဖြင့် ပြည်နယ် ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေး နာယကဆရာတော်နှင့် သံဃာတော်များက ဝိုင်းဝန်းထိမ်းသိမ်းခဲ့ကြသဖြင့် ည ၁၁ နာရီခွဲတွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်၊ မင်းဘာကြီးလမ်း အိမ်အမှတ် မဘ/ ၁၉၉ အား အိမ်ပိုင်ရှင် ဖြစ်သူ ဦးထွန်းထွန်းဝင်းက Malteser International အဖွဲ့အား ဌားရမ်းထားခဲ့ပြီး ယင်းအဖွဲ့၏ စီမံကိန်း ညှိနိုင်းရေးမှူး အမေရိကန် နိုင်ငံသူ Mrs. Yvonne Dunton က ဂိုဒေါင်အဖြစ် အသုံးပြုလျှက် ရှိစဉ် အိမ်ရှင် ဦးထွန်းထွန်းဝင်းက အိမ်အပေါ်ထပ် ၀ရန်တာတွင် သာသနာ့အလံ လွှင့်ထူခဲ့ကြောင်း၊ မတ်လ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် Mrs. Yvonne Dunton ကအဆိုပါ ဂိုဒေါင်သို့ လာရောက်ပြီး သာသနာ့အလံအား ဖြုတ်သိမ်းသွားသည်ကို လမ်းသွားလမ်းလာများက တွေ့မြင်သွား၍ ည၈ နာရီအချိန်ခန့်တွင် ယင်းဂိုဒေါင်သို့ ဒေသခံပြည်သူများ ရောက်ရှိလာခဲ့ပြီး Mrs. Yvonne Dunton အား ထုတ်ပေးရန် ၀ိုင်းဝန်းပြောဆိုကြသဖြင့် ၎င်းသည် ဂိုဒေါင်မှ ၎င်းနေထိုင်သည့် ဂေါက်ရှီလမ်း အိမ်အမှတ် ဂရ/ ၁၄၅ ဦးအေးထွန်းစိန်၏ နေအိမ်သို့ တိမ်းရှောင်သွားခဲ့ရာ လူ ၅၀ခန့် နောက်မှလိုက်ပါသွားကြောင်း၊ အဆိုပါ ဒေသခံများက ၎င်း၏ အိမ်သို့ ရောက်ရှိလာကာ ၎င်းနှင့် ၎င်း၏ ခင်ပွန်းအား ထုတ်ပေးရန် ပြောဆိုရာ နေအိမ်ခြံစည်းရိုး သော့ခတ်ထားသဖြင့် ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များ ရောက်ရှိလာပြီး လူအုပ်စုများအား လူစုခွဲကာ အမေရိကန်နိုင်ငံသူနှင့် ခင်ပွန်းတို့အား မော်တော်ယာဉ်ဖြင့် ပြည်နယ်ရဲအထူတပ်ဖွဲ့ဝင်းရဲရိပ်သာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒေသခံများသည် ည ၁၀ နာရီခန့်တွင် လူ ၃၀၀ ခန့်အထိ စုစည်းမိပြီး အခြားနိုင်ငံခြားသားများ တည်းခိုနေထိုင်လျက်ရှိသည့် ကျောင်းတန်းလမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ဦးပန်းသာနေအိမ်၊ ဂေါက်ရှီလမ်းရှိ ဦးကျော်သန်းနေအိမ် Malteser ရုံး၊ ဦးဥတ္တမလမ်းရှိ ဦးသန်းအောင်နေအိမ် MSF အဖွဲ့နေရာ၊ ဂေါက်ရှီလမ်းရှိ ဦးတင်လိုင်နေအိမ် MSF ရုံး၊ ဦးဥတ္တမလမ်းရှိ ဒေါ်သန်းသန်းမြင့် နေအိမ် Malteser အဖွဲ့တို့အား လိုက်လံဖျက်ဆီးခဲ့ကြောင်း၊ ည ၁၁ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်သည် စစ်ကဲလမ်းရှိ နိုင်ငံခြားသားများ နေထိုင်သည့် မောင်သိန်ထွန်းနေအိမ် Solidarities အဖွဲ့နေအိမ်နှင့် OXFAM အဖွဲ့ နေအိမ်တို့အား ခဲများဖြင့် ပစ်ပေါက် ဖျက်ဆီးနေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အချက် ၁၀၀ ခန့် သတိပေး ပစ်ခတ်ခဲ့ရာ ည ၁၂ နာရီတွင် လူစု ကွဲသွားခဲ့သည်။
အလားတူ မတ်၂၇ရက် နံနက် ၇နာရီ၄၅မိနစ်ခန့်တွင် ဒေသခံပြည်သူ၂၀၀ခန့်သည် တုတ်များ ခဲများ ကိုင်ဆောင်ပြီး ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းရှိ ICRC အဖွဲ ငှားရမ်းနေထိုင်သော နေအိမ်အား ဝိုင်းဝန်းပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ်တံခါးများပျက်စီးပြီး တိုယိုတာယာဉ်တစ်စီး မှန်ကွဲခဲ့သဖြင့် လုံခြုံးရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ငါးချက်ခန့် သတိပေးပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် လူစုကွဲသားကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် ဒေသခံ ၂၀ ခန့်က ပြည်တော်သာရပ်ကွက်တွင် ဖွင့်လှစ်ထားသော OCHA ရုံးအားလည်းကောင်း ၊ မွန်းလွဲ ၂ နာရီခန့်တွင် ဒေသခံ ၁၀၀ ခန့်က ပြည်တော်သာရပ်ကွက် ခိုင်သဇင်ပန်းခြံထဲရှိ WFP ဂိုဒေါင်အားလည်းကောင်း တုတ်များ ၊ ခဲများကိုင်ဆောင် ပစ်ပေါက်ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေတန်ဖြင့် ၁၅ ချက် ခန့် သတိပေး ပစ်ခတ် လူစုခွဲခဲ့ရသည်။
ထိုသို့ဖြစ်ပွားးခဲ့မှုများကြောင့် စစ်တွေမြို့ရှိရဲရိပ်သာတွင် နိုင်ငံခြားသား ၃၂ ဦး ၊ မြန်မာနိုင်ငံသားဝန်ထမ်း ၃၉ ဦး စုစုပေါင်း ၇၁ ဦးတို့အား ရွှေ့ပြောင်းနေရာချထားပြီး လုံခြုံရေးဆောင်ရွက်ပေးထားကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများအတွက် လုံခြုံရေးအား ရဲတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ် ၊ ခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ စစ်တွေခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စစ်တွေမြို့စည်းကမ်းထိန်းသိမ်းရေး နာယက ဆရာတော် သံဃာတော်များက လူအုပ်စုများအား အကြမ်းမဖက်ရန် ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ပေးချက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပါတ်သတ်ပြီး နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ည်းစစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီးလိုအပ်သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ဖေါ်ပြထားပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: