Monday, April 7, 2014

ဒက္ကားထရီဗြွန်းသတင်းစာပါ ဆောင်းပါးကို လူပေါင်း ၁၀၀၀ခန့်က ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့တွင်သွားရောက်ကန့်ကွက်

b33
ဒက္ကား ထရီဗြွန်း (Dhaka Tribune) သတင်းစာတွင် စစ်တွေနှင့် မောင်တောခရိုင်အား ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတိုင်းတွင် ထည့်သွင်းရန် ဆန္ဒခံယူပွဲ ပြုလုပ်သင့်သလားဆိုသည့် တာဝန်မဲ့ရေးသားသည့် ဆောင်းပါး တစ်ပုဒ်နှင့် ပတ်သက်ပြီး မတ်လ ၂၆ ရက် ယနေ့တွင် မြန်မာနိုင်ငံသား တစ်ထောင်ခန့်က ရန်ကုန်မြို့ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည်  ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ နေ့လယ် (၁) နာရီခန့်တွင် ရန်ကုန်မြို့ အင်လျားလမ်းရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့တွင် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။


B
“ဒက္ကား ထရီဗြွန်း (Dhaka Tribune) သတင်းစာမှာ ဆောင်းပါးရှင် ဇီဟန်ခမ်က ရခိုင်ပြည်နယ်ထဲက စစ်တွေခရိုင်နဲ့ မောင်တောခရိုင်ကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတိုင်းထဲမှာ ထည့်သွင်းဖို့ လူထု ဆန္ဒခံယူပွဲလုပ်မလားဆိုတဲ့ ဆောင်းပါးကို ကျွန်တော်တို့က လုံးဝ ဆန့်ကျင်ကန့်ကွက်တယ်။ ဒါကြောင့် ဒီကနေ့ ဆန္ဒပြပွဲကို ဘင်္ဂလာဒေခ်ျ့ သံရုံးရှေ့မှာ ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သည့်  ကိုရဲမင်းဦးက ပြောသည်။
ဆန္ဒပြသူများသည် ဘင်္ဂလာဒေခ်ျ့ သံအမတ်ကြီးထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး ယင်းစာထဲတွင် ၎င်းဆောင်းပါးအား ကန့်ကွက်ပါကြောင်း၊ ယင်းဆောင်းပါးသည် ကျွန်ုပ်တို့နိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးသည့် စကားရပ်၊ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်အောင် လှုံ့ဆော် သွေးထိုးသည့် စကားရပ် ဖြစ်သဖြင့် များစွာ စိတ်မချမ်းမြေ့ ဖြစ်ရပါကြောင်း၊ သို့အတွက် ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူ တစ်ဦးဖြစ်သော လူကြီးမင်း အနေဖြင့်  မြန်မာနိုင်ငံသူ နိုင်ငံသားများအား လူသိရှင်ကြား တောင်ပန်ရန် ယနေ့ ဆန္ဒဖေါ်ထုတ်သူများက အလေးအနက် တိုက်တွန်းကြောင်း ဖေါ်ပြသည်။
b44
ဆန္ဒပြသူများသည် လာမည့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာနာမည်ကို ထည့်သွင်းခွင့်မပြရန်လည်း တေင်းဆိုဆန္ဒပြခဲ့ကြသည်။
“ လာမယ့် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ရိုဟင်ဂျာ နာမည်နဲ့ ပတ်သက်ပြီး အစိုးရက ပွင့်လင်းမြင်သာမူ မရှိတဲ့ အတွက် ရှုတ်ထွေးမူ ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုလည်း သန်းခေါင်စာရင်းကောက်ယူရာမှာ လုံးဝ မထည့်သွင်းဖို့ တောင်းဆိုပါတယ်” ဟု သူက ဆက်ဆိုသည်။
ဆန္ဒပြသူများသည် ဘင်္ဂလာဒေခ်ျ့ သံရုံးမှ ပြည်သူ့ရင်ပြင်ထိ လမ်းလျှောက် ချီတက်ကာ ဆန္ဒပြပွဲကို နေ့လည် ၂ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြသည်။
ဘင်္ဂလာဒေခ်ျ့မှ ဆောင်းပါးရှင် Zeeshan Khan သည် ယခုနှစ်မှ လူအနည်းငယ်သာ သိလာသော နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ဖြစ်သည့် Dhaka Tribune သတင်းစာတွင် မတ်လ ၂၀ ရက်နေ့က A Referendum in Rakhine state?  ခေါင်းစည်းဖြင့် ဆောင်းပါး တပုဒ်ကို တာဝန်မဲ့ရေးသားခဲ့သည်။
အဆိုပါ ဆောင်းပါးပါ အချက်အလက်များသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမူနှင့် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးသော ဆောင်းပါးဖြစ်သဖြင့် မြန်မာအစိုးရကလည်း သတိထောက်လွှာရေးသားပေးပို့ပြီး ဘင်္ဂလာဒေခ်ျ့ကို ကန့်ကွက်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: