ဘင်္ဂလာဒေခ်ျ့သို့ အလည်ပတ်သွားရောက်သူများကို ထုတ်ပေးသည့်
မြန်မာနိုင်ငံကူး လက်မှတ်အတုဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုး တစ်ဦးကို
ရွှေချောင်း (၆) ချောင်းနဲ့အတူ စစ်တကောင်းမြို့တွင် ဘင်္ဂလာရဲက
ဖမ်းဆီးလိုက်သည်။
ဖမ်းဆီး ခံရသူမှာ မိုဟာမတ် ဆာလာမ် (၄၅) နှစ်ဆိုသူဖြစ်ပြီး၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဖြစ်ကြောင်း စစ်တကောင်းရဲတာဝန်ရှိသူက သတင်းထောက်များသို့ ပြောကြားသည်။
စစ်တကောင်းမြို့ ရှောဟောလ်အာမင် တံတားအနီးတွင် မသင်္ကာမကင်းရာမှ ရဲကစစ်ဆေးစဉ် သူစီးလာသော ဖိနပ်အထဲမှ အလေးချိန် ၁၀ ဂရမ်စီရှိသော ရွှေချောင်း ၆ ချောင်းကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
သူသည် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ကို တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် ၀င်ရောက်လာသူ ဖြစ်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments:
Post a Comment