
ရခိုင်ပြည်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၏ ဒုတိယအကြိမ် အစည်းအဝေးကို စစ်တွေ မြို့မ ပရိယတ္တိစာသင်တိုက်တွင် ယနေ့ စတင်ကျင်းပကြောင်း သတင်းရရှိသည်။
အစည်းအဝေးကို ဇွန်လ(၃)ရက်နှင့် (၄)ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသော အစည်းအဝေးဖွင့်ပွဲသို့ စစ်တွေမြို့မှ ဆရာတော်ကြီးများ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားပြုသံဃာတော်များအပါအဝင် သံဃာတော် စုစုပေါင်း (၆၇)ပါး တက်ရောက်ကြောင်း သိရသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီးနောက် “မိသားစု” ရခိုင်စည်တော်အဖွဲ့မှ မင်္ဂလာ စည်တော်တီး၍ ရတုသီဆိုကာ ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် စစ်တွေမြို့ မကျည်းမြိုင်ဆရာတော် ဦးညဏဝံသအား တက်ရောက်လာသော သံဃာတော်များမှ သဘာပတိ ဆရာတော်အဖြစ် တင်မြှောက်ခဲ့ကြသည်။
အခမ်းအနားတွင် အစည်းအဝေးခေါ်ယူရခြင်းအကြောင်းကိ
“ဒုတိယအကြိမ် ရခိုင်ပြည်လုံးဆိုင်ရာ စည်းထိမ်းအစည်းအဝေးကို သံတွဲမြို့မှာ ပြုလုပ်ကျင်းပမယ်လို့စီစဉ်ခဲ့ေ
ရခိုင်ပြည်နယ်ရှိ စည်းထိန်းသံဃာတော်များအဖွဲ့များ ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ဆရာတော်သံဃာတော်များ၏ သဘောထားများကို ရယူနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ဆရာတော် ဦးစန္ဒောဘာသမှ မိန့်ကြား သည်။
၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂလီ ပဋိပက္ခဖြစ်ပွားခဲ့သည့် အချိန်အတွင်း ရခိုင်ပြည်နယ်စည်းကမ်းထိန်းသိမ်
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment