ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီတို့ အုပ်စုဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားမောင်နှ နှစ်ဦးတို့၏ အမှုကို ဘူးသီးတောင် မြို့နယ်တရားရုံးတွင် ယမန်နေ့က ဆက်လက် စစ်ဆေးရာ တက်ရောက်လေ့လာသူ အများအပြား ရှိခဲ့သည်ဟု သိရသည်။
တိုက်ခိုက်ခံရသူ တစ်ဦးဖြစ်ပြီး အဓိက သက်သေဖြစ်သည့် မညွန့်ညွန့်သိန်းကို အဓိကထား စစ်ဆေးခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ရုံးချိန်းတွင် တရားလို ဖြစ်သူများကိုအမှုကိုကျေအေးစေရန် ခြိမ်းခြောက် စည်းရုံးမှုများရှိကြောင်းနှင့် ပုဒ်မပြောင်းစွဲဆိုကြောင်း သတင်းများထွက်ပေါ်လာသဖြင့် အမှုကိုပိုမိုစိတ်ဝင်စားသူမျာြး
တက်ရောက်လေ့လာသူများတွင် စစ်တွေမြို့၊ ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေးလည်းပါဝင်ပြီး အင်တာနက် သတင်းများတွင် ယခုအမှုကိုတွေ့မြင်သိရှိရသဖြင့် စိတ်ဝင်စားမိကာ စစ်တွေမြို့မှ လာရောက်၍ လေ့လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ယနေ့တွင် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့ပြီး တက်ရောက်လေ့လာသူများက တရားလိုဖြစ်သူများကို အားငယ်ကြောက်ရွံ့မှုမရှိစေရန် အားပေးခဲ့ကြပြီး တရားခွင်စစ်ဆေးပြီးဆုံးသည်အထိ နားထောင်သူ များပြား ခဲ့သည်။
“ ကျွန်တော့်မှာအမှုကိစ္စကြုံလာလို့ စားဝတ်နေရေး အခက်အခဲဖြစ်လာတယ်။ ဆိုင်ကယ်လဲအမှုနဲ့ပတ်သက်လို့ သက်သေခံအဖြစ် ရုံးတင်ထားရလို့ ဆိုင်ကယ်လည်းမဆွဲရဘူး။ တခြား အလုပ်လုပ်ဖို့လဲအဆင်သင့်မရှိတော
တရားလို၏ ညီမဖြစ်သူ မညွန့်ညွန့်သိန်းကလည်း “ အကျွန်တို့မှာ တစ်နေ့လုပ် တစ်နေ့စားပါ။ အခုပြဿနာတက်လို့ ခရုရှာဖားရှာလဲ မသွားဝံ့ပါ။ စားဝတ်နေရေးအခက်အခဲဖြစ်လာလို့ အမှုကို မြန်မြန်ပြီးရင် မြန်မြန်အေးတယ်ဆိုပြီး ရုတ်သိမ်းလည်း ရုတ်သိမ်းပါစေလို့ စဉ်းစားခဲ့မိပါတယ်။ အခုလိုအမျိုးသမီးတွေ လာပြီးအားပေးတဲ့အတွက် အားရကျေနပ်ပါတယ်။ အမှန်အတိုင်းထွက်ဆိုခဲ့ပါတယ်´ ဟု ရှင်းပြသည်။
မညွန့်ညွန့်သိန်းနှင့်စစ်တွေမှရခိုင်အမျိုးသမီးခေါင်းဆောင် ဒေါ်ညိုအေး (ဓါတ်ပုံ- ဗေဒါပျံ) |
ယင်းရိုက်နှက်မူတွင် နောက်ကွယ်က ပယောဂများ ပါဝင်နေသည်ဟု သုံးသပ်မှုများရှိနေသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပါတ်သက်၍ ကင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးကလည်း ဖြစ်ပေါ်ခဲ့ခြင်း မှန်ကန်ကြောင်း အတည်ပြုပေးသည်။
ယခုအခါ သဘော့ချောင်းကျေးရွာထိပ်တွင် အမှုဖြစ်သည့်နေ့ကစ၍ ရဲကင်းစခန်းတစ်ခုကို ချထားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူဆောင်ရွက်ထား
အမှုစစ်ဆေးမှုပြီးဆုံးသည့်အခါ သက်သေခံအဖြစ် သိမ်းဆည်းထားသောတရားလို၏ ဆိုင်ကယ်ကို ပြန်လည် ထုတ်ပေးခဲ့ပြီးကျန်သက်သေများကို
ယနေ့တက်ရောက်လေ့လာသူများက စားဝတ်နေရေး အခက်အခဲဖြစ်နေသော တရားလို မောင်နှမများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment