အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် (၂၀) ကြိမ်မြောက်
ရခိုင်သင်္ကြန်ပွဲတော်ကို ဇူလိုင်လ ၂၇ ရက် နေ့က စည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့ကြသည်ဟု သိရသည်။
ရခိုင်သင်္ကြန်ကို ၁၉၉၄ ခုနှစ်မှ စတင်ပြီး နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် သင်္ကြန်မှာ အကြိမ်(၂၀)မြောက်ဖြစ်ကြောင်း သိရသည်။
နယူးယောက် ရခိုင်သင်္ကြန် ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့်  ဦးကျော်သာလှက ယခုလို ပြောသည်။

” လွန်ခဲ့တဲ ၂၅ နှစ်လောက်က အဖွဲ့အစည်းတခု ဖွဲ့ဖြစ်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံမှာ မြန်မာပြည်နဲ့ပတ်သက်လို့ယဉ်ကျေးမှုတစ်ခုခုကို
ဖေါ်ထုတ်ဖို့ စဉ်းစားဖြစ်ကြတဲ့ အခါ ရခိုင်ရိုးရာသင်္ကြန်ကို ကျင်းပဖို့
စဉ်းစားဖြစ်ကြတယ်။ ရခိုင်ရိုးရာ သင်္ကြန်က ယဉ်ကျေးတဲ့ သဘောကိုဆောင်တယ်။
လောင်းလှေ ထဲမှာ ရေထည့်ပြီး အပျို လူပျို ရေပက်ကစားကြတာဟာ
ထူးခြားတဲ့အတွက်ကြောင့် ၁၉၉၄ခုနှစ်ကစလို့ ရခိုင် သင်္ကြန်ကို ကျင်းပ
လာတာဖြစ်တယ်။ အခုဆိုရင် အမေရိကမှာ ရှိတဲ့လူတွေလည်း စိတ်ဝင်စားလာတာကို
တွေ့ရတယ်။ ပြီးတော့ ရခိုင်ယဉ်ကျေးမှုကို ကမ္ဘာက သိလာတယ်“ ဟု သူက ဆိုသည်။
ယခုကဲ့သို့ နယူးယောက် ရခိုင်သင်္ကြန်ကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခြင်းမှာ အမေရိကန်ရောက် ရခိုင်အမျိုးသားများ၏ စည်းလုံးညီညွှတ်မူနှင့် ရိုးရာယဉ်ကျေးမူ အမွေကောင်းများကို ထိန်းသိမ်းလို၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ ရခိုင်လူမျိုးအချင်းချင်း အခုလို စည်းစည်း လုံးလုံးနဲ့ လာရောက် အားပေးကြတဲ့အတွက် ခုလိုအောင်မြင်တာ ဖြစ်တယ်။ ဒီအတွက်လည်း အထူး ကျေးဇူးအထူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း အခုလိုပဲ လာရောက် အားပေးကြစေလိုပါတယ်” ဟု သူက ဆိုသည်။

အာရှနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံများတွင် သင်္ကြန်ကို ကိုယ့်ရိုးရာ ယဉ်ကျေးမူ ဓလေ့ ထုံးတန်းစဉ်လာများနှင့် အညီကျင်းပကြကြောင်း ၊ သင်္ကြန်ကို များသောအားဖြင့် အာရှနိုင်ငံများ၌ နွေရာသီဖြစ်သည့် ဧပြီလတွင် ကျင်းပလေ့ရှိကြကြောင်း၊ အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် ထိုလများတွင် ဆောင်းရာသီ မကုန်သေးသည့်အတွက်ကြောင့် အလွန်ချမ်းအေးပြီး ရေကစားရန်မဖြစ်နိုင်ကြောင်း၊ သို့အတွက် နွေရာသီ ကာလဖြစ်သည့် ဇွန်နှင့် ဇူလိုင်လများတွင် ပြုကျင်းပကြရခြင်း ဖြစ်ကြောင်း ဦးကျော်သာလှက ဇူလိုင်လရောက်မှ နှစ်သစ်ကူး ရခိုင်သင်္ကြန်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။
ယခုလို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ကို ရေလောင်း မဏ္ဍပ်များဖြင့် ကျင်းပပြုလုပ်ရ၍ ၀မ်းသာဂုဏ်ယူကြောင်း မဏ္ဍပ်ရှင်မ အဖြစ် တာဝန်ယူရသူ ဒေါ်ခင်ခင်စောက ပြောသည်။
“ သင်္ကြန်ဆိုတာ ရခိုင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု သင်္ကေတတခုဖြစ်တယ်။ သင်္ကြန်ဆိုတာနဲ့ ရေလောင်းမဏ္ဍပ် ပါရမယ်။ ရေလောင်းမဏ္ဍပ်မပါရင် မပြည့်စုံဘူး။ အဲဒါကြောင့် မဏ္ဍပ်တွေ ဆောက်ပြီး ရေကစားရတဲ့ အပြင် မဏ္ဍပ်ရှင်မအဖြစ် တာဝန်ယူရတာကို အရမ်း ဂုဏ်ယူမိပါတယ်” ဟု သူမက ပြောသည်။
အမေရိကန်နိုင်ငံသို့ ခေတ္တ လာရောက် လည်ပတ်နေသည့် ရခိုင်လူမျိုးတစ်ဦးဖြစ်သူ ဦးသိန်းရွှေ မှလည်း ယခုလို ပြောသည်။
“ ပြည်ပရောက်နေကြတဲ့ ရခိုင်လူမျိုးတွေ အထူးသဖြင့် အမေရိကသို့ရောက် နေကြတဲ့ ရခိုင်လူမျိုးအချင်းချင်း အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့တွေ့ရတာကို ၀မ်းသာအားရမိတယ်။ ရခိုင်ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖေါ်ထုတ်ပေးကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အထူးပဲ လေးစားဂုဏ်ယူမိပါတယ်။ နောက်နောင်ကိုလည်း အခုလိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင် သွားကြစေလိုပါတယ်“ ဟု ပြောသည်။

နယူးယောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွ င် မြန်မာတိုင်းရင်းသား
ရိုးရာအစားအစာများကိုလည်း အဖွဲ့လိုက် ရောင်းချခဲ့ကြသည်။ ရခိုင်မုန့်တီ
ရောင်းချနေသည့် ရခိုင်အမျိုးသမီးတဦးဖြစ်သူ မနီလာခိုင်မှလည်း မုန့်တီ
ရောင်းချဖြစ်ခြင်းနဲ့ ပတ်သက်၍ သူမက ယခုလို ပြောသည်
“ နယူးယောက် ရခိုင်သင်္ကြန်ဆိုရင် အမေရိကန်နိုင်ငံအတွင်းရှိ အနယ်နယ် အရပ်ရပ်က ရခိုင်လူမျိုးတွေအပြင် အခြားတိုင်းသား လူမျိုးတွေလည်း လာကြတယ်။ မြန်မာပြည်နဲ့ ဝေးနေကြရတာဆိုတော့ တချို့က သီးသန့် မြန်မာရိုးရာ အစားအစာတွေ စားချင်လို့ လာကြတာတွေရှိတယ်။ မြန်မာ တိုင်းရင်းသားမှန်ရင် ရခိုင်မုန့်တီကို ကြိုက်ကြတယ်။ ပြီးတော့ ရခိုင်သင်္ကြန်ဆိုရင် ရခိုင်မုန့်တီပါမှ တင့်တယ်တယ်လို့ ခံယူပါတယ်” ဟု ဆိုသည်။
ရခိုင်မုန့်တီကို လာရောက် ရောင်းချခြင်းမှာ အမြတ်အစွန်းထက် အမိမြေနှင့် ဝေးနေကြသူ တိုင်းရင်းသား လူမျိုးများကို ရခိုင်မုန့်တီကို စားစေလိုသည့် စေတနာဖြင့် ရောင်းချခြင်း ဖြစ်သည်ဟု သူမက ဆက်ဆိုသည်။
“ တချို့ကလည်း ရခိုင်မုန့်ကိုသီးသန့်လာစား ကြတယ်။ ကျမ
ကိုယ်တိုင်က ရခိုင်မုန့်တီးကို ကြိုက်တော့ ကျမနည်းတူ အခြား
ရခိုင်တွေ၊ တိုင်းရင်းသားတွေလည်း စားချင်ကြမှာပဲဆိုပြီး မအားလပ်တဲ့
ကြားထဲက အခုလို လုပ်ဖြစ်တာပါ၊ အမြတ်အစွန်းကို အဓိက
ထားပြီးရောင်းတာမဟုတ်ဘူး“ ဟု သူမက ရှင်းပြသည်။
နယူးယောက် ရခိုင်သင်္ကြန်ကို ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ကြပြီး လူပေါင်း ၈၀၀ ခန့် လာရောက် ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
ရခိုင်သင်္ကြန်ကို ၁၉၉၄ ခုနှစ်မှ စတင်ပြီး နယူးယောက်မြို့တွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် သင်္ကြန်မှာ အကြိမ်(၂၀)မြောက်ဖြစ်ကြောင်း သိရသည်။
နယူးယောက် ရခိုင်သင်္ကြန် ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည်

” လွန်ခဲ့တဲ ၂၅ နှစ်လောက်က အဖွဲ့အစည်းတခု ဖွဲ့ဖြစ်ခဲ့ကြတယ်။ အမေရိကန်နိုင်ငံမှာ မြန်မာပြည်နဲ့ပတ်သက်လို့ယဉ်ကျေ
ယခုကဲ့သို့ နယူးယောက် ရခိုင်သင်္ကြန်ကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်ခြင်းမှာ အမေရိကန်ရောက် ရခိုင်အမျိုးသားများ၏ စည်းလုံးညီညွှတ်မူနှင့် ရိုးရာယဉ်ကျေးမူ အမွေကောင်းများကို ထိန်းသိမ်းလို၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ ရခိုင်လူမျိုးအချင်းချင်း အခုလို စည်းစည်း လုံးလုံးနဲ့ လာရောက် အားပေးကြတဲ့အတွက် ခုလိုအောင်မြင်တာ ဖြစ်တယ်။ ဒီအတွက်လည်း အထူး ကျေးဇူးအထူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း အခုလိုပဲ လာရောက် အားပေးကြစေလိုပါတယ်” ဟု သူက ဆိုသည်။

အာရှနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံများတွင် သင်္ကြန်ကို ကိုယ့်ရိုးရာ ယဉ်ကျေးမူ ဓလေ့ ထုံးတန်းစဉ်လာများနှင့် အညီကျင်းပကြကြောင်း ၊ သင်္ကြန်ကို များသောအားဖြင့် အာရှနိုင်ငံများ၌ နွေရာသီဖြစ်သည့် ဧပြီလတွင် ကျင်းပလေ့ရှိကြကြောင်း၊ အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် ထိုလများတွင် ဆောင်းရာသီ မကုန်သေးသည့်အတွက်ကြောင့် အလွန်ချမ်းအေးပြီး ရေကစားရန်မဖြစ်နိုင်ကြောင်း၊ သို့အတွက် နွေရာသီ ကာလဖြစ်သည့် ဇွန်နှင့် ဇူလိုင်လများတွင် ပြုကျင်းပကြရခြင်း ဖြစ်ကြောင်း ဦးကျော်သာလှက ဇူလိုင်လရောက်မှ နှစ်သစ်ကူး ရခိုင်သင်္ကြန်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။
ယခုလို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရခိုင်ရိုးရာ သင်္ကြန်ကို ရေလောင်း မဏ္ဍပ်များဖြင့် ကျင်းပပြုလုပ်ရ၍ ၀မ်းသာဂုဏ်ယူကြောင်း မဏ္ဍပ်ရှင်မ အဖြစ် တာဝန်ယူရသူ ဒေါ်ခင်ခင်စောက ပြောသည်။
“ သင်္ကြန်ဆိုတာ ရခိုင်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု သင်္ကေတတခုဖြစ်တယ်။ သင်္ကြန်ဆိုတာနဲ့ ရေလောင်းမဏ္ဍပ် ပါရမယ်။ ရေလောင်းမဏ္ဍပ်မပါရင် မပြည့်စုံဘူး။ အဲဒါကြောင့် မဏ္ဍပ်တွေ ဆောက်ပြီး ရေကစားရတဲ့ အပြင် မဏ္ဍပ်ရှင်မအဖြစ် တာဝန်ယူရတာကို အရမ်း ဂုဏ်ယူမိပါတယ်” ဟု သူမက ပြောသည်။
အမေရိကန်နိုင်ငံသို့ ခေတ္တ လာရောက် လည်ပတ်နေသည့် ရခိုင်လူမျိုးတစ်ဦးဖြစ်သူ ဦးသိန်းရွှေ မှလည်း ယခုလို ပြောသည်။
“ ပြည်ပရောက်နေကြတဲ့ ရခိုင်လူမျိုးတွေ အထူးသဖြင့် အမေရိကသို့ရောက် နေကြတဲ့ ရခိုင်လူမျိုးအချင်းချင်း အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့တွေ့ရတာကို ၀မ်းသာအားရမိတယ်။ ရခိုင်ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖေါ်ထုတ်ပေးကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အထူးပဲ လေးစားဂုဏ်ယူမိပါတယ်။ နောက်နောင်ကိုလည်း အခုလိုပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင် သွားကြစေလိုပါတယ်“ ဟု ပြောသည်။

နယူးယောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွ
“ နယူးယောက် ရခိုင်သင်္ကြန်ဆိုရင် အမေရိကန်နိုင်ငံအတွင်းရှိ အနယ်နယ် အရပ်ရပ်က ရခိုင်လူမျိုးတွေအပြင် အခြားတိုင်းသား လူမျိုးတွေလည်း လာကြတယ်။ မြန်မာပြည်နဲ့ ဝေးနေကြရတာဆိုတော့ တချို့က သီးသန့် မြန်မာရိုးရာ အစားအစာတွေ စားချင်လို့ လာကြတာတွေရှိတယ်။ မြန်မာ တိုင်းရင်းသားမှန်ရင် ရခိုင်မုန့်တီကို ကြိုက်ကြတယ်။ ပြီးတော့ ရခိုင်သင်္ကြန်ဆိုရင် ရခိုင်မုန့်တီပါမှ တင့်တယ်တယ်လို့ ခံယူပါတယ်” ဟု ဆိုသည်။
ရခိုင်မုန့်တီကို လာရောက် ရောင်းချခြင်းမှာ အမြတ်အစွန်းထက် အမိမြေနှင့် ဝေးနေကြသူ တိုင်းရင်းသား လူမျိုးများကို ရခိုင်မုန့်တီကို စားစေလိုသည့် စေတနာဖြင့် ရောင်းချခြင်း ဖြစ်သည်ဟု သူမက ဆက်ဆိုသည်။
“ တချို့ကလည်း ရခိုင်မုန့်ကိုသီးသန့်လာစား
နယူးယောက် ရခိုင်သင်္ကြန်ကို ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ကြပြီး လူပေါင်း ၈၀၀ ခန့် လာရောက် ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment